သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေပိုင်နက် အထိမခံလို့ သမ္မတရှီ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နှစ် ၉၀ ပြည့်မှာ ပြောကြား


တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ထူထောင်ခဲ့တာ အနှစ် ၉၀ ပြည့်တဲ့ အထိမ်းအမှတ် အခမ်းအနားကို မနေ့က မြို့တော်ဘေဂျင်းမှာ ကျင်းပခဲ့ပြီး ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုကို တပ်မတော်က သစ္စာစောင့်သိမှုဟာ အရေးကြီးတဲ့ အကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ပိုင်ဆိုင်တဲ့ နယ်မြေတွေကို ပြင်ပ အင်အားစုတွေ လက်ထဲ ဘယ်တော့မှ အကျရောက် မခံဘူးလို့လည်း တရုတ်သမ္မတ Xi Jinping ကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ တုန်းကတော့ နှစ်ပေါင်း ၉၀ မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို လူအင်အား အကြီးအကျယ် သုံးပြီး ကျင်းပခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်တဲ့ နယ်မြေ မှန်သမျှကို ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့ဘယ်လူမျိုးကိုမှ ဘယ်အချိန်၊ ဘယ်ပုံစံမျိုးနဲ့ခွဲထုတ်ခွင့် ပြုမှာ မဟုတ်ဘူးလို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် အဆင့်မြင့် အရာရှိတွေနဲ့ ကွန်မြူနစ်ပါတီ ထိပ်တန်းအဖွဲ့ဝင်တွေ ရှေ့ မှာ တရုတ်သမ္မတက အလေးအနက် ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အထူးသဖြင့် တောင်တရုတ်ပင်လယ် အပါအဝင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက် နေတာဖြစ်ပြီး အာရှပစိဖိတ် ဒေသအတွင်းက အိမ်နီးချင်း နိုင်ငံတွေရဲ့ ကန့် ကွက်မှုတွေ ကြားက တောင်တရုတ်ပင်လယ်မှာ ကျွန်း အတော်များများကို မြေဖို့ပြီး စစ်စခန်းတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ သမ္မ ရှီကျင်းပင် ရဲ့ ခေါင်းဆောင်မှု အောက်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့စစ်အင်အား ယှဉ်နိုင်ဖို့ ကြိုးပမ်းမှု အဖြစ် ခေတ်သစ် နည်းပညာတွေ သုံးပြီး လေယဉ်တင် သင်္ဘောတွေကို တည်ဆောက်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG