သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေဈေးကွက် ဖွင့်မည်

လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေဈေးကွက် ဖွင့်မည်
လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေဈေးကွက် ဖွင့်မည်

တရုတ်ငွေကြေး ရောင်းဝယ်ရာမှာ နိုင်ငံတကာ ကုန်သွယ်ရေးဌာနတစ်ခုကို လန်ဒန်မြို့မှာ ဖွင့်လှစ်နိုင်ဖို့အတွက် ဟောင်ကောင်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဗြိတိန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ တရုတ်ယွမ်ငွေ ဈေးကွက်ကို လန်ဒန်မှာ အခြေစိုက်ဖို့အတွက် အာရှဘဏ္ဍာရေး တာဝန်ခံတွေနဲ့ ဟောင်ကောင်က အလုပ်အမှုဆောင် အရာရှိကြီးတွေ ဆွေးနွေးနေတဲ့အကြောင်း ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီး ဂျော့ဂျ် အော့စ်ဘွန်း (George Osborne) က ဒီကနေ့ ပြောဆိုလိုက်တာပါ။

ဥရောပ ငွေပြောင်းငွေလွှဲစနစ်မှာ ယွမ်ငွေလည်း ပါဝင်လာနိုင်အောင် အလုပ်ချိန် တိုးပေးလိုက်တဲ့ ဟောင်ကောင်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ဗြိတိန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ လန်ဒန်မြို့မှာ ယွမ်ဈေးကွက် ထူထောင်ဖို့ တရုတ်နဲ့ ဗြိတိန်နိုင်ငံ စက်တင်ဘာလက စပြီး သဘောတူခဲ့ကြတာပါ။

တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာလိုမျိုး ယွမ်ငွေကို နိုင်ငံတကာ ငွေကြေးအဖြစ် အသုံးပြုနိုင်ဖို့အတွက် ဆန္ဒရှိနေကြတာပါ။ ယွမ်ငွေ ဈေးကွက်ထူထောင်ရာမှာ Hong Kong & Shanghai Banking Corporation ၊ Standard Chartered ၊ Barclay's and Bank of China စတဲ့ နိုင်ငံတကာ ဘဏ်ကြီးတွေက ပါဝင်ကြမှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG