သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပ်က္က်တဲ့ တ႐ုတ္ေလယာဥ္ေပၚ ေသဆုံးသူေတြအတြက္ ေအာက္ေမ့ဖြယ္ အခမ္းအနား က်င္းပ


ကခ်င္တိုင္းရင္းသား ၇ ဦးအပါအဝင္ ခရီးသည္နဲ႔ေလယာဥ္ဝန္ထမ္း ၁၃၂ ဦးလံုး အသက္ဆံုး႐ံႈးခဲ့တဲ့ တ႐ုတ္ေလေၾကာင္းလိုင္း China Eastern ေလယာဥ္အမ်ဳိးအစား။

[[Zawgyi/Unicode]]

ကခ်င္လူမ်ဳိး ၇ ဦးအပါအဝင္ ခရီးသည္ေတြနဲ႔ ေလယာဥ္ဝန္ထမ္း စုစုေပါင္း ၁၃၂ ေယာက္ ေသဆုံးခဲ့တဲ့ တ႐ုတ္ Eastern ေလေၾကာင္းလိုင္း MU5735 ေလယာဥ္နဲ႔ လိုက္ပါသြားသူေတြအတြက္ ေအာက္ေမ့ဘြယ္ အခမ္းအနား မေန႔က က်င္းပပါတယ္။

တ႐ုတ္ႏိုင္ငံေတာ္ ေကာင္စီဝင္ Wang Yong နဲ႔ တျခား တာဝန္ရွိသူေတြ၊ ကယ္ဆယ္ေရး အဖြဲ႔ဝင္ေတြက ေသဆုံးခဲ့သူေတြအတြက္ ေအာက္ေမ့ဘြယ္ ၿငိမ္သက္ ဆုေတာင္းခဲ့ၾကပါတယ္။

Guangxi Zhuang ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေဒသ ေတာင္တန္းထူထပ္တဲ့ ေနရာမွာ မတ္လ ၂၁ ရက္ေန႔က ကူမင္းၿမိဳ႕ကေန ဂြမ္ဇိုးၿမိဳ႕ကို ပ်ံသန္းတဲ့ ခရီးသည္တင္ ေလယာဥ္ပ်က္က်ခဲ့တာပါ။ မီးသတ္သမားေတြ၊ ကယ္ဆယ္ေရးလုပ္သားေတြ၊ က်န္းမာေရးဝန္ထမ္း ၂,၀၀၀ ေက်ာ္နဲ႔ ေလယာဥ္ပ်က္ကတဲ့ေနရာကို ခ်က္ျခင္းသြားၿပီး ကယ္ဆယ္ခဲ့ၾကေပမယ့္ အသက္ရွင္က်န္ရစ္သူ တဦးမွ မေတြ႕ခဲ့ပါဘူး။

ခရီးသည္ေတြထဲမွာ တ႐ုတ္ႏိုင္ငံသားေတြနဲ႔အတူ ကခ်င္တိုင္းရင္းသား ၇ ေယာက္ ပါ၀င္ခဲ့တဲ့အေၾကာင္း KIO ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ စာေပနဲ႔ ႐ိုးရာ ယဥ္ေက်းမႈ ဌာနက ဝမ္းနည္းေၾကာင္း ထုတ္ျပန္ထားပါတယ္။ ေလယာဥ္ပ်က္က်တဲ့ေနရာတဝိုက္ ဧရိယာ ေျခာက္သိန္းရွစ္ေသာင္း ကုဗမီတာကို ရွာေဖြဖို႔ ေမာင္းသူမဲ့ ဒ႐ုံးယာဥ္ေတြကိုလည္း တ႐ုတ္အာဏာပိုင္ေတြ အသုံးျပဳခဲ့ၾကပါတယ္။

ေလယာဥ္ပ်ံသန္းမႈ မွတ္တမ္းကို သိမ္းဆည္းတဲ့ Black box တလုံးကို ဗုဒၶဟူးေန႔က ေတြ႕ခဲ့ၿပီး မေန႔က ဒုတိယတလုံးကို ထပ္မံ ေတြ႕ရွိခဲ့ပါတယ္။ ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းအရင္းကို မၾကာခင္ ေဖၚထုတ္ႏိုင္မယ္လို႔ တ႐ုတ္တာဝန္ရွိသူေတြ ေမွ်ာ္လင့္ထားၾကပါတယ္။

#ChinaAirplaneCrash #KachinChinaAir #VOABurmese #ChinaEastern #MU5735 #ေလယာဥ္ပ်က္က် #ကခ်င္၇ဦး#ဗီြအိုေအ

================

[[Unicode]]

ပျက်ကျတဲ့ တရုတ်လေယာဉ်ပေါ် သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ကချင်လူမျိုး ၇ ဦးအပါအဝင် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၃၂ ယောက် သေဆုံးခဲ့တဲ့ တရုတ် Eastern လေကြောင်းလိုင်း MU5735 လေယာဉ်နဲ့ လိုက်ပါသွားသူတွေအတွက် အောက်မေ့ဘွယ် အခမ်းအနား မနေ့က ကျင်းပပါတယ်။

တရုတ်နိုင်ငံတော် ကောင်စီဝင် Wang Yong နဲ့ တခြား တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဘွယ် ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။

Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တောင်တန်းထူထပ်တဲ့ နေရာမှာ မတ်လ ၂၁ ရက်နေ့က ကူမင်းမြို့ကနေ ဂွမ်ဇိုးမြို့ကို ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ်ပျက်ကျခဲ့တာပါ။ မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်း ၂,၀၀၀ ကျော်နဲ့ လေယာဉ်ပျက်ကတဲ့နေရာကို ချက်ခြင်းသွားပြီး ကယ်ဆယ်ခဲ့ကြပေမယ့် အသက်ရှင်ကျန်ရစ်သူ တဦးမှ မတွေ့ခဲ့ပါဘူး။

ခရီးသည်တွေထဲမှာ တရုတ်နိုင်ငံသားတွေနဲ့အတူ ကချင်တိုင်းရင်းသား ၇ ယောက် ပါဝင်ခဲ့တဲ့အကြောင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ စာပေနဲ့ ရိုးရာ ယဉ်ကျေးမှု ဌာနက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာတဝိုက် ဧရိယာ ခြောက်သိန်းရှစ်သောင်း ကုဗမီတာကို ရှာဖွေဖို့ မောင်းသူမဲ့ ဒရုံးယာဉ်တွေကိုလည်း တရုတ်အာဏာပိုင်တွေ အသုံးပြုခဲ့ကြပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းကို သိမ်းဆည်းတဲ့ Black box တလုံးကို ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ပြီး မနေ့က ဒုတိယတလုံးကို ထပ်မံ တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို မကြာခင် ဖေါ်ထုတ်နိုင်မယ်လို့ တရုတ်တာဝန်ရှိသူတွေ မျှော်လင့်ထားကြပါတယ်။

#ChinaAirplaneCrash #KachinChinaAir #VOABurmese #ChinaEastern #MU5735 #လေယာဉ်ပျက်ကျ #ကချင်၇ဦး#ဗွီအိုအေ

================

XS
SM
MD
LG