သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လေပၚဆင္းတဲ့ တ႐ုတ္အာကာသ စူးစမ္းေရးယာဥ္ ကမ႓ာေျမျပန္လာ


လကမာၻေပၚက ေက်ာက္တံုးေလးေတြ ယူေဆာင္လာခဲ့တဲ့ Chang’e 5 လကမ႓ာစူးစမ္းေရးယာဥ္။ (ဒီဇင္ဘာ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ႏွစ္ေပါင္း ၄၀ ေက်ာ္ကာလအတြင္း လကမာၻေပၚက ေက်ာက္တံုးေလးေတြကို ပထမဆံုး ယူေဆာင္လာႏုိင္ခဲ့တဲ့ တ႐ုတ္ကေစလႊတ္လိုက္တဲ့ အာကာသယာဥ္ငယ္တစင္း ကမာၻေျမဆီ ျပန္ဆင္းသက္လာေနပါၿပီ။

Chang’e 5 လကမ႓ာစူးစမ္းေရးယာဥ္ဟာ ဒီကေန႔ တနဂၤေႏြေန႔မွာပဲ လကမ႓ာပတ္လမ္းကေန ခြာၿပီး ကမ႓ာေျမ ျပန္လာေနတယ္လို႔ တ႐ုတ္အမ်ိဳးသား အာကာသထိန္းခ်ဳပ္ေရးအဖဲြ႔က ထုတ္ျပန္ပါတယ္။

ဒီစူးစမ္းေရးယာဥ္ငယ္ဟာ ၿပီးခဲ့တဲ့လက လကမာၻေပၚ ဆိုက္ေရာက္ေျခခ်ႏုိင္ခဲ့ၿပီး ေရွးတုန္းက မီးေတာင္ေပါက္ကြဲမႈေတြ ျဖစ္ခဲ့တဲ့ေနရာ Mons Rumker ကေန ၄.၄ ေပါင္ (၂ ကီလို) အေလးခ်ိန္ရွိတဲ့ ေက်ာက္တံုးနမူနာေလးေတြကို ေကာက္ယူခဲ့ပါတယ္။ အခုျပန္ဆင္းသက္ေနတဲ့ ၿဂိဳဟ္တုဟာ တ႐ုတ္ႏုိင္ငံေျမာက္ပိုင္းမွာရွိတဲ့ မြန္ဂိုလီးယားေဒသကို ဆင္းသက္ႏုိင္ေျခ ရွိပါတယ္။

ဒီလို လေပၚကေန ေက်ာက္သတၱဳေလးေတြကို သယ္ေဆာင္လာႏိုင္ခဲ့တာဟာဆိုရင္ လြန္ခဲ့တဲ့ ၁၉၇၆ ခုႏွစ္ ဆိုဗီယက္ယူနီယံက လႊတ္တင္ခဲ့တဲ့ Luna 24 ၿဂိဳဟ္တုၿပီးရင္ ဒါ ပထမဆံုးျဖစ္ပါတယ္။

အခုေနာက္ယူခဲ့တဲ့ ေက်ာက္ခဲနဲ႔ အျခားအပိုင္းအစေတြဟာ လကမာၻရဲ႕ မ်က္ႏွာျပင္ေပၚက ေကာက္ယူလာတာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုနဲ႔ ဆိုဗီယက္အဖြဲ႔ေတြက သယ္ေဆာင္လာႏုိင္ခဲ့တဲ့ ေက်ာက္တံုးသတၱဳေလးေတြနဲ႔ ယွဥ္ရင္ေတာ့ သက္တမ္းဘီလီယံနဲ႔ခ်ီၿပီး သက္တမ္းႏုႏုိင္ေပမယ့္ လရဲ႕ ျဖစ္တည္မႈသမိုင္း ေနာက္ ေနစၾကဝဠာထဲက တျခားေသာအရာေတြကို ေလ့လာဆန္းစစ္နုိင္မွာ ျဖစ္ပါတယ္။

အခုသယ္ဆယ္လာတဲ့ လေပၚကေက်ာက္တံုးေလးေတြရဲ႕ သက္တမ္း ဖြဲ႔စည္းတည္ေဆာက္ပံုေတြကို တ႐ုတ္ ဓာတ္ခြဲစမ္းသပ္ခန္းေတြကေန ေလ့လာစူးစမ္းၿပီးရင္ေတာ့ အေမရိကန္နဲ႔ ဆိုဗီယက္ကေန သယ္လာတဲ့ ရာခ်ီတဲ့ ကီလိုအေလးခ်ိန္ရွိတဲ့ လေပၚကေက်ာက္တံုးေလးေတြ တျခားႏုိင္ငံေတြကို ခြဲျပခဲ့သလို ျပန္လည္မွ်ေဝေပးႏုိင္ေျခ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

လပေါ်ဆင်းတဲ့ တရုတ်အာကာသ စူးစမ်းရေးယာဉ် ကမ္ဘာမြေပြန်လာ

နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း လကမ္ဘာပေါ်က ကျောက်တုံးလေးတွေကို ပထမဆုံး ယူဆောင်လာနိုင်ခဲ့တဲ့ တရုတ်ကစေလွှတ်လိုက်တဲ့ အာကာသယာဉ်ငယ်တစင်း ကမ္ဘာမြေဆီ ပြန်ဆင်းသက်လာနေပါပြီ။

Chang’e 5 လကမ္ဘာစူးစမ်းရေးယာဉ်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ လကမ္ဘာပတ်လမ်းကနေ ခွာပြီး ကမ္ဘာမြေ ပြန်လာနေတယ်လို့ တရုတ်အမျိုးသား အာကာသထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစူးစမ်းရေးယာဉ်ငယ်ဟာ ပြီးခဲ့တဲ့လက လကမ္ဘာပေါ် ဆိုက်ရောက်ခြေချနိုင်ခဲ့ပြီး ရှေးတုန်းက မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နေရာ Mons Rumker ကနေ ၄.၄ ပေါင် (၂ ကီလို) အလေးချိန်ရှိတဲ့ ကျောက်တုံးနမူနာလေးတွေကို ကောက်ယူခဲ့ပါတယ်။ အခုပြန်ဆင်းသက်နေတဲ့ ဂြိုဟ်တုဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မွန်ဂိုလီးယားဒေသကို ဆင်းသက်နိုင်ခြေ ရှိပါတယ်။

ဒီလို လပေါ်ကနေ ကျောက်သတ္တုလေးတွေကို သယ်ဆောင်လာနိုင်ခဲ့တာဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ် ဆိုဗီယက်ယူနီယံက လွှတ်တင်ခဲ့တဲ့ Luna 24 ဂြိုဟ်တုပြီးရင် ဒါ ပထမဆုံးဖြစ်ပါတယ်။

အခုနောက်ယူခဲ့တဲ့ ကျောက်ခဲနဲ့ အခြားအပိုင်းအစတွေဟာ လကမ္ဘာရဲ့ မျက်နှာပြင်ပေါ်က ကောက်ယူလာတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်အဖွဲ့တွေက သယ်ဆောင်လာနိုင်ခဲ့တဲ့ ကျောက်တုံးသတ္တုလေးတွေနဲ့ ယှဉ်ရင်တော့ သက်တမ်းဘီလီယံနဲ့ချီပြီး သက်တမ်းနုနိုင်ပေမယ့် လရဲ့ ဖြစ်တည်မှုသမိုင်း နောက် နေစကြဝဠာထဲက တခြားသောအရာတွေကို လေ့လာဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

အခုသယ်ဆယ်လာတဲ့ လပေါ်ကကျောက်တုံးလေးတွေရဲ့ သက်တမ်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို တရုတ် ဓာတ်ခွဲစမ်းသပ်ခန်းတွေကနေ လေ့လာစူးစမ်းပြီးရင်တော့ အမေရိကန်နဲ့ ဆိုဗီယက်ကနေ သယ်လာတဲ့ ရာချီတဲ့ ကီလိုအလေးချိန်ရှိတဲ့ လပေါ်ကကျောက်တုံးလေးတွေ တခြားနိုင်ငံတွေကို ခွဲပြခဲ့သလို ပြန်လည်မျှဝေပေးနိုင်ခြေ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG