သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတရှီကျင့်ဖျင် ပြင်သစ်ချစ်ကြည်ရေးခရီးစဉ် ဆိုက်ရောက်


ပြင်သစ်ကို နိုင်ငံတော်ခရီးစဥ်နဲ့ရောက်ရှိလာတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်(ယာ) ကို Orly လေဆိပ်မှာ လာရောက်ကြိုဆိုတဲ့ ပြင်သစ်ဝန်ကြီးချုပ် Gabriel Attal (ယာ) (မေ ၅၊ ၂၀၂၄)
ပြင်သစ်ကို နိုင်ငံတော်ခရီးစဥ်နဲ့ရောက်ရှိလာတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်(ယာ) ကို Orly လေဆိပ်မှာ လာရောက်ကြိုဆိုတဲ့ ပြင်သစ်ဝန်ကြီးချုပ် Gabriel Attal (ယာ) (မေ ၅၊ ၂၀၂၄)

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံတော်ခရီးစဥ်နဲ့ ပြင်သစ်နိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ယူကရိန်းအရေးကနေ ကုန်သွယ်ရေးကိစ္စရပ်တွေထိ ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

တရုတ်နဲ့ပြင်သစ်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးအနှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်သမ္မတရှီဟာ ဆားဗီးယားနဲ့ ဟန်ဂေရီနိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း တရုတ်သမ္မတရဲ့ ပထမဆုံး ဥရောပခရီးစဥ်လည်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ဧပြီလက တရုတ်နိုင်ငံကို ပြင်သစ်သမ္မတသွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် တရုတ်သမ္မတရှီကလည်း ဥရောပရဲ့ အဓိကအင်အားကြီးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံရွေးချယ်လည်ပတ်တာဖြစ်ပါတယ်။ဒီခရီးစဥ်ဟာ ဥရောပသမဂ္ဂတွင်း ပြင်သစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တရုတ်က အသိအမှတ်ပြုလိုက်တဲ့လက္ခဏာလည်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနွေးထွေးမှု ရှိတဲ့သဘောလည်း ဆောင်ပါတယ်။ တရုတ်သမ္မတနဲ့အတူ ဇနီးဖြစ်သူ Peng Liyuan လည်းလိုက်ပါလာပါတယ်။

သမ္မတရှီဟာ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen အပါအဝင် အခြားတာဝန်ရှိသူတွေနဲ့လည်း ဒီကနေ့တနင်္လာနေ့မှာဆွေးနွေးမှာဖြစ်ပြီး ညပိုင်းကျရင်တော့ ပြင်သစ်သမ္မတ Macron က နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ မနက်ဖြန်အင်္ဂါနေ့ကျရင်တော့ သမ္မတရှီနဲ့ ရင်းနှီးစွာ စကားပြောနိုင်အောင် လူခြေတိတ်တဲ့ Pyrenes တောင်တန်းတွေဆီအလည်အပတ်ခေါ်သွားမှာပါ။ အဲဒီအချိန်ကျရင်တော့ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားကိုထောက်ခံခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်လို့ သမ္မတရှီကို မစ္စတာ Macron က သတိပေးပြောကြားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG