သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကတားတဲ့ကြားက ထိုင်ဝမ်ကို ပြင်သစ် စစ်လက်နက်ရောင်းချမည်


Zawgyi/Unicode

ထိုင်ဝမ်ကို စစ်လက်နက်မရောင်းချဖို့ တရုတ်ရဲ့ သတိပေးချက်ကို ပြင်သစ်နိုင်ငံက ဗုဒ္ဓဟူးနေ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အရင်ချုပ်ဆို ထားခဲ့တဲ့ စာချုပ်တွေအရ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချတာဖြစ်ပြီး တရုတ်အနေနဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကိစ္စကိုသာ အာရုံစိုက်သင့်တယ်လို့လည်း ပြင်သစ်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ထိုင်ဝမ်ကပြင်သစ်နိုင်ငံဆီကနေ ဝယ်ယူထားတဲ့ စစ်ရေယာဉ်အုပ်စုကို အဆင့်မြှင့်တင်ဖို့ အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို ထိုင်ဝမ်က ဝယ်ယူဖို့ စီစဉ်နေတာပါ။

ထိုင်ဝမ်ကို လက်နက်ပစ္စည်းရောင်းချမှုတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက လက်မခံသလို မဆိုင်းမတွ တုန့်ပြန်လေ့ရှိပါတယ်။ ထိုင်ဝမ် ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်လို့ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးရှိတဲ့နိုင်ငံအားလုံး ဒီအချက်ကို လက်ခံရမယ်လို့ လည်း တရုတ်ဘက်က ပြောပါတယ်။

ပြင်သစ်က တော့ ၁၉၉၄ ခုနှစ်တုန်းက တရုတ်နိုင်ငံနဲ့ သဘောတူထားတဲ့အတိုင်း တရုတ် တနိုင်ငံတည်းမူဝါဒကို လက်ခံထားပေမဲ့ တရုတ်နဲ့ ထိုင်ဝမ်တို့အကြား နှစ်ဘက်ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ပြင်သစ်အနေနဲ့ ထိုင်ဝမ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါကတိကဝတ်တွေကိုလည်း လိုက်နာသွားမှာ ဖြစ်ကြောင်းနဲ့ အခုလို ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေတဲ့ အချိန်မှာ ရောဂါ တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်ဖို့လိုကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာ ချက်မှာ ပါရှိပါတယ်။

[Unicode]






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG