သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပါမောက္ခကို မေးမြန်းခဲ့တဲ့ ဗွီအိုအေသတင်းထောက် ၂ ဦး ထိန်းသိမ်းခံရ


ဗွီအိုအေသတင်းထောက် Feng Yibing
ဗွီအိုအေသတင်းထောက် Feng Yibing

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က VOA ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ခန်း အစီအစဉ်အတွင်း ရဲတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အငြိမ်းစား တရုတ်ပါမောက္ခကို လူတွေ့မေးမြန်းနေတဲ့ VOA မန်ဒရင်း -တရုတ်ဌာနက သတင်းထောက်နဲ့ VOA အတွက် သတင်းပို့ပေးနေတဲ့ အချိန်ပိုင်း သတင်းထောက် တို့ ၂ ဦးကို တနင်္လာနေ့က တရုတ်အာဏာပိုင်တွေက ၆ နာရီထက်မနည်း ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။

အငြိမ်းစား ပါမောက္ခ Sun Wenguang ကို သူ့နေအိမ်တိုက်ခန်းမှာ ပိတ်ထားတဲ့ တံခါးတဖက်ကနေန စကားပြောအပြီးမှာ VOA မန်ဒရင်း- ဌာနသတင်းထောက် Yibing Feng နဲ့ VOA အချိန်ပိုင်း ဌာနေ သတင်းထောက် Allen Ai တို့ ၂ ဦးကို ရှန်ဒုံးခရိုင် Jinan မှာ ထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

Sun က သူ့ကို ဖမ်းဆီးခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို Feng ကို ပြောပြခဲ့တာဖြစ်ပြီး သူပြောချင်တဲ့ စကားတွေကို လွတ်လပ်စွာ လေလှိုင်းကနေ တဆင့် ပြောခွင့်ပေးခဲ့တဲ့ VOA ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အဲဒီ တိုက်ခန်းအဆောက်အဦးမှာ ရှိနေတဲ့ ရဲက လူတွေ့မေးမြန်းချက်ကို ကြားဝင် နှောက်ယှက်ဖို့ ကြိုးစားခဲ့ပြီး သတင်းထောက် ၂ ယောက်လုံးကို တကွဲစီ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို သီးခြားယဉ်တွေနဲ့ တက္ကသိုလ်ဝင်းထဲက အမည်မသိတဲ့ နေရာတွေကို လုံခြုံရေးအစောင့်တွေလို့ သူတို့ကိုယ် သူတို့ ပြောတဲ့ အမျိုးသားတွေက ခေါ်ဆောင်သွားခဲ့ တာဖြစ်ကြောင်းလည်း ပြောပါတယ်။

သူတို့ကို အင်္ဂါနေ့ အာရုံမတက်ခင်မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လွှတ်ပေးခဲ့တာပါ။ ဒါပေမယ့် ဖမ်းသွားသူတွေက Feng ရဲ့ လက်ကိုင်ဖုံးကို ဖျက်ဆီးပစ်ခဲ့သလို Ai ကိုတော့ ပြန်မလွှတ်ခင်မှာပဲ သူ့ရဲ့ လျှပ်စစ် ပစ္စည်းအားလုံး ထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို သူတို့က ကူးယူထားခဲ့တာ ဖြစ်ပါတယ်။

အခုလို သတင်းထောက်တွေနဲ့ အငြိမ်းစား ပါမောက္ခကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောကြားဖို့ တရုတ်အာဏာပိုင်တွေ ဘက်က ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG