သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် မြန်မာခရီးစဉ်အဆုံးသတ်


Christine Schraner Burgener
Christine Schraner Burgener

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ တာဝန်ခံမှုတွေရှိဖို့ ယုံကြည်စိတ်ချနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဆုံးသတ်မှာ တိုက်တွန်းလိုက်ပါတယ်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ ပြောဆိုချက်တွေကို အဓိက နားထောင်ခဲ့ကြောင်းလည်း ခရီးစဉ်အဆုံးသတ်ချိန် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကပြောဆိုခဲ့တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ ရခိုင်ပြည်နယ် အပါအဝင် မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိဖို့၊ စစ်မှန်တဲ့ သင့်မြတ်ရေးတွေ လိုအပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

ယုံကြည်စိတ်ချရတဲ့ အချက်အလက် ရှာဖွေရေး လုပ်ငန်းတွေရှိဖို့နဲ့ ကုလသမဂ္ဂ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အထူးကိုယ်စားလှယ်ရဲ့ ရုံးခွဲတခုဖွင့်လှစ်ဖို့ မြန်မာအစိုးရဘက်က လက်ခံခဲ့တဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဒုတိယအကြိမ်အဖြစ် ထပ်မံတွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ ဆယ်စုနှစ်တွေနဲ့ချီ အမြစ်တွယ်နေတဲ့ ပြဿနာအဖြစ် ပြောဆိုခဲ့တာပါ။ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ပြဿနာတွေဟာ ပြည်ပကသွေးထိုး လှုံ့ဆော်မှုတွေကြောင့် ပိုဆိုးလာတာတွေ ရှိတဲ့အကြောင်းလည်း ဒီနေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် မြန်မာခရီးစဉ်အဆုံးသတ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG