သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်ကာလ ၂ ရက်အတွင်း လေယာဉ်ခရီးစဉ် ၄,၅၀၀ ကျော် ဖျက်သိမ်းခဲ့ရ


နုယူးယောက်မြို့ John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ခရီးသည်များ။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)
နုယူးယောက်မြို့ John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ခရီးသည်များ။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာတဝန်း လေယာဉ်ခရီးစဉ်တွေကို ဖျက်လိုက်တာ စနေနေ့အထိ ၄,၅၀၀ ကျော် ရှိတယ်လို့ Flightaware အင်တာနက်စာမျက်နှာက ဆိုပါတယ်။

ခရစ္စမတ်နေ့မှာ ဖျက်လိုက်တာက ခရီးစဉ် အနည်းဆုံး ၂,၀၀၀ ရှိတဲ့အနက် အမေရိကန်က အထွက်နဲ့ အဝင် ခရီးစဉ် ၇၀၀ လောက် ရှိပါတယ်။ ခရီးစဉ် ၁,၅၀၀ ကျော်က နောက်ကျနေကြတယ်လို့ Flightaware က ပြောပါတယ်။ သောကြာနေ့မှာ ဖျက်လိုက်တာက ခရီးစဉ်ပေါင်း ၂,၄၀၀ ဝန်းကျင်ရှိပြီး ခရီးစဉ် ၁၁,၀၀၀ က နောက်ကျခဲ့ကြတယ်လို့ ဆိုပါတယ်။

ခုလိုဖြစ်ရတာကတော့ လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းတွေ နေထိုင်မကောင်းလို့ ဒါမှမဟုတ် COVID-19 ကူးစက်မှုနဲ့ ဆက်စပ်ပြီး ကွာရန်တင်း ဝင်ကြရတဲ့အတွက်ကြောင့် ဖြစ်ကြပါတယ်။

United လေကြောင်းလိုင်း တခုတည်းက သောကြာ၊ စနေ ခရီးစဉ် ၂၀၀ ဝန်းကျင်ကို ဖျက်ခဲ့ရတာပါ။ “ဒီအပတ်အတွင်း နိုင်ငံတဝန်း အိုမီခရွန် ကူးစက်မှု တက်သွားတာက လေယာဉ်ပျံသန်းမှု အဖွဲ့တွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်” လို့ လေကြောင်းလိုင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ Delta လေကြောင်းလိုင်းကလည်း ခရီးစဉ် ၂၆၀ ဝန်းကျင်ကို ဖျက်ခဲ့ကြရပါတယ်။

တရုတ်လေကြောင်းလိုင်းတွေ ဖြစ်ကြတဲ့ China Eastern က သူ့ခရီးစဉ်တွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ Air China က ၁၅ ရာခိုင်နှုန်းကို ဖျက်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG