သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ေျမာက္ပိုင္း တိုက္ပဲြေတြေၾကာင့္ ေဒသခံေတြ အခက္ၾကံဳ


မွတ္တမ္း႐ုပ္ပံု

(zawgyi/ Unicode)

ရခိုင္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲျဖစ္ပြားေနၿပီး စစ္ေကာင္စီဘက္က ရဟတ္ယာဥ္ေတြ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေန တာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရပါတယ္။ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျဖစ္လာ တာနဲ႔အမွ် ကုန္စည္စီးဆင္းမႈအတြက္ အဓိကက်တဲ့ လမ္းပန္းဆက္သြယ္ေရးေတြကို ပိတ္ပင္တာေတြလည္း စစ္ေကာင္စီဖက္က တိုးျမႇင့္လုပ္ေဆာင္လာေနပါတယ္။ စစ္ေဘးေရွာင္ေတြ ၾကားမွာေတာ့ ေနရာထိုင္းခင္း မလုံေလာက္တာေတြအျပင္ စားနပ္ရိကၡာ ျပတ္လပ္တာေတြပါ ၾကဳံေနရပါတယ္။ ရခိုင္ျပည္နယ္ အေျခအေန သတင္းေပးပို႔ခ်က္ကိုေတာ့ ကိုညဏ္၀င္းေအာင္က တင္ျပပါလိမ့္မယ္။

ရခိုင္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္း ဗ်ဴဟာကုန္းအနီးမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္အၾကား ဒီေန႔အထိ ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားေနၿပီး ျမန္မာစစ္တပ္ဖက္က ရဟတ္ယာဥ္ေတြ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ရေသ့ေတာင္ ေဒသခံတဦးက ေျပာပါတယ္။
“ မေန႔က ေနၿပီးေတာ့ ေရစိုးေခ်ာင္း ဗ်ဳဟာကေနၿပီးေတာ့ မညႇင္းေတာင္၊ ကုလားေခ်ာင္း၊ ရက္ခုံတိုင္၊ ကုန္တန္း႐ြာေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ ဒီေန႔ေတာ့ ရေသ့ေတာင္ ၅၃၆ ကေနၿပီးေတာ့ လက္နက္ႀကီးေတြ ပစ္တယ္။ ေနာက္ၿပီးေတာ့ ရစိုးေခ်ာင္းဗ်ဴဟာက လွမ္းပစ္တယ္။ ေနာက္ၿပီးေတာ့ ဂ်က္ဖိုက္တာ ၂စီးနဲ႔ ၁၀နာရီခြဲေလာက္ကေနၿပီး လာပစ္တာေတြ ရွိပါတယ္။”

အခုလို လက္နက္ႀကီးေတြ၊ ေလယာဥ္ေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ အဲဒီအနီး တဝိုက္ ေက်း႐ြာေတြက ေဒသခံေတြ ေဘးလြတ္ရာ ေက်း႐ြာေတြကို ထြက္ေျပးေနၾကရတယ္လို႔လည္း ထြက္ေျပးလာသူ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ တိုးလာေနတဲ့ အျပင္ စစ္တပ္ဘက္က ကုန္းလမ္းေရလမ္းေတြ ပိတ္ထားတာေၾကာင့္ ကုန္ပစၥည္း သယ္ယူေရးမွာ အခက္အခဲေတြ ရွိေနပါတယ္။ စစ္ေဘးေရွာင္ ဒုကၡသည္ေတြ တိုးလာတဲ့အတြက္ ေနရာထိုင္းခင္း မလုံေလာက္တာေတြအျပင္ တခ်ဳိ႕ေနရာေတြမွာ ရိကၡာ ျပတ္လပ္တာေတြပါ ႀကဳံေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီသူတဦးကေျပာပါတယ္။

“ လက္ရွိ စစ္ေရွာင္စခန္းေတြမွာ ႀကဳံေနရတာကေတာ့ စားနပ္ရိကၡာနဲ႔ ေနရာထိုင္ခင္းပါပဲ စစ္ေရွာင္ေတြ တိုးလာတာနဲ႔အမွ် က်ေနာ္တို႔ဆီမွာလည္း အေဆာက္အဦးေတြ မရွိေတာ့ ျဖစ္သလို ႁပြတ္သိပ္ၿပီးေတာ့ ေနေနၾကရတယ္။ ၿပီးေတာ့ စားနပ္ရိကၡာ သယ္ယူခြင့္ေတြကို တပ္မေတာ္က ပိတ္ထားေတာ့ ရိကၡာသယ္လို႔မရဘူး။ ကုန္ေစ်းေတြလည္း တအားတက္ေတာ့ ဝယ္ေပးလို႔ မတတ္ႏိုင္ဘူးေလ။ သူတို႔ကိုယ္တိုင္လည္း ဝယ္မစားႏိုင္ၾကဘူး။”

ရခိုင္ျပည္နယ္မွာ စစ္တပ္နဲ႔ AA ရခိုင္ လက္နက္ကိုင္အဖြဲ႕ အၾကား တေၾကာ့ျပန္တိုက္ပြဲေတြ ျပန္ျဖစ္ခဲ့တဲ့ ေနာက္ပိုင္းက စစ္တပ္ဘက္က လုံျခဳံေရးအေၾကာင္းျပခ်က္နဲ႔ လမ္းေတြပိတ္ဆို႕လာခဲ့တာပါ။ ရခိုင္အေရးကြၽမ္းက်င္သူ ဦးေဖသန္းကေတာ့ စစ္တပ္ဟာ ရခိုင္ျပည္သူေတြ ဒုကၡေရာက္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ေဆာင္ေနတယ္လို႔ ျမင္ပါတယ္။

“ တိုက္ပြဲျဖစ္တဲ့ေနရာမွာ အထိုက္အေလ်ာက္ သူတို႔အေနနဲ႔ ျဖတ္ေလးျဖတ္လုပ္တယ္ ဆိုတာေတာ့ လက္ခံႏို္င္တယ္။ ဒါေပမယ့္ တိုက္ပြဲမရွိတဲ့ ရခိုင္ျပည္နယ္အလယ္ပိုင္း အထိေပါ့ေနာ္။ ဟိုတေန႔ကဆိုရင္ ေတာင္ကုတ္က ဆရာဝန္ အဖမ္းခံရတာေတြ ရွိတယ္ဗ်ာ။ အဲေလာက္ထိ အေျခအေန ဆိုးေနတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာမွာဆိုရင္ ေျပာစရာမလိုေတာ့ဘူး။ ဒုကၡသည္ေတြလည္း ေသာင္းနဲ႔ခ်ီၿပီး ရွိေနၿပီ။ အဲဒီ ဒုကၡသည္ေတြကိုလည္း အဖြဲ႕အစည္းေတြက မကူညီ မေထာက္ပံ့ရဘူးဆိုေတာ့ ကန႔္သတ္ထားတယ္။ ရခိုင္တျပည္နယ္လုံးကို ရိကၡာျပတ္ေအာင္ ျပည္သူေတြ ဒုကၡေရာက္ေအာင္ အထူးသျဖင့္ ေဆးဝါးေတြ ျပတ္ေအာင္ လုပ္တယ္ဆိုတာကေတာ့ ရည္႐ြယ္ခ်က္ရွိရွိ လူ႔အသက္ကို သတ္တာပဲေလ။ အဲတာမ်ိဳးက သိပ္႐ုပ္ဆိုးတယ္။ ရက္စက္ရာလည္း ေရာက္ပါတယ္။”

ဒါ့အျပင္ ၿပီးခဲ့တဲ့လကစၿပီး ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္တိုင္းလိုလိုမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ဆက္စပ္တယ္တယ္ဆိုတဲ့ သံသယနဲ႔ စစ္တပ္ဘက္က ဖမ္းဆီးထားတဲ့သူေတြကလည္း ေတာ္ေတာ္မ်ားမ်ား ရွိေနပါတယ္။
ရခိုင္ေျမာက္ပိုင္းက ေမာင္ေတာ အပါအဝင္ ၿမိဳ႕နယ္ ေျခာက္ခုကို စစ္တပ္ဘက္က ခရီးသြားလာခြင့္ ကန္႕သတ္ထားၿပီး တျခားၿမိဳ႕နယ္ေတြမွာလည္း လုံျခဳံေရး အၾကာင္းျပခ်က္နဲ႔ ေဒသခံေတြရဲ႕ ခရီးသြားေရးေတြကို ပိတ္ပင္တားဆီးတာ တိုးလုပ္ေဆာင္ေနတယ္ဆိုၿပီး ရခိုင္ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ အခက်ကြုံ


ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်လာ တာနဲ့အမျှ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ပင်တာတွေလည်း စစ်ကောင်စီဖက်က တိုးမြှင့်လုပ်ဆောင်လာနေပါတယ်။ စစ်ဘေးရှောင်တွေ ကြားမှာတော့ နေရာထိုင်းခင်း မလုံလောက်တာတွေအပြင် စားနပ်ရိက္ခာ ပြတ်လပ်တာတွေပါ ကြုံနေရပါတယ်။ ရခိုင်ပြည်နယ် အခြေအနေ သတင်းပေးပို့ချက်ကိုတော့ ကိုညဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။

ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာကုန်းအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဒီနေ့အထိ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဖက်က ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရသေ့တောင် ဒေသခံတဦးက ပြောပါတယ်။
“ မနေ့က နေပြီးတော့ ရေစိုးချောင်း ဗျုဟာကနေပြီးတော့ မညှင်းတောင်၊ ကုလားချောင်း၊ ရက်ခုံတိုင်၊ ကုန်တန်းရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့တော့ ရသေ့တောင် ၅၃၆ ကနေပြီးတော့ လက်နက်ကြီးတွေ ပစ်တယ်။ နောက်ပြီးတော့ ရစိုးချောင်းဗျူဟာက လှမ်းပစ်တယ်။ နောက်ပြီးတော့ ဂျက်ဖိုက်တာ ၂စီးနဲ့ ၁၀နာရီခွဲလောက်ကနေပြီး လာပစ်တာတွေ ရှိပါတယ်။”

အခုလို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အဲဒီအနီး တဝိုက် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့လည်း ထွက်ပြေးလာသူ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနေတဲ့ အပြင် စစ်တပ်ဘက်က ကုန်းလမ်းရေလမ်းတွေ ပိတ်ထားတာကြောင့် ကုန်ပစ္စည်း သယ်ယူရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာတဲ့အတွက် နေရာထိုင်းခင်း မလုံလောက်တာတွေအပြင် တချို့နေရာတွေမှာ ရိက္ခာ ပြတ်လပ်တာတွေပါ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီသူတဦးကပြောပါတယ်။

“ လက်ရှိ စစ်ရှောင်စခန်းတွေမှာ ကြုံနေရတာကတော့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းပါပဲ စစ်ရှောင်တွေ တိုးလာတာနဲ့အမျှ ကျနော်တို့ဆီမှာလည်း အဆောက်အဦးတွေ မရှိတော့ ဖြစ်သလို ပြွတ်သိပ်ပြီးတော့ နေနေကြရတယ်။ ပြီးတော့ စားနပ်ရိက္ခာ သယ်ယူခွင့်တွေကို တပ်မတော်က ပိတ်ထားတော့ ရိက္ခာသယ်လို့မရဘူး။ ကုန်ဈေးတွေလည်း တအားတက်တော့ ဝယ်ပေးလို့ မတတ်နိုင်ဘူးလေ။ သူတို့ကိုယ်တိုင်လည်း ဝယ်မစားနိုင်ကြဘူး။”

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့ အကြား တကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ နောက်ပိုင်းက စစ်တပ်ဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းတွေပိတ်ဆို့လာခဲ့တာပါ။ ရခိုင်အရေးကျွမ်းကျင်သူ ဦးဖေသန်းကတော့ စစ်တပ်ဟာ ရခိုင်ပြည်သူတွေ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။

“ တိုက်ပွဲဖြစ်တဲ့နေရာမှာ အထိုက်အလျောက် သူတို့အနေနဲ့ ဖြတ်လေးဖြတ်လုပ်တယ် ဆိုတာတော့ လက်ခံနိုင်တယ်။ ဒါပေမယ့် တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်း အထိပေါ့နော်။ ဟိုတနေ့ကဆိုရင် တောင်ကုတ်က ဆရာဝန် အဖမ်းခံရတာတွေ ရှိတယ်ဗျာ။ အဲလောက်ထိ အခြေအနေ ဆိုးနေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာဆိုရင် ပြောစရာမလိုတော့ဘူး။ ဒုက္ခသည်တွေလည်း သောင်းနဲ့ချီပြီး ရှိနေပြီ။ အဲဒီ ဒုက္ခသည်တွေကိုလည်း အဖွဲ့အစည်းတွေက မကူညီ မထောက်ပံ့ရဘူးဆိုတော့ ကန့်သတ်ထားတယ်။ ရခိုင်တပြည်နယ်လုံးကို ရိက္ခာပြတ်အောင် ပြည်သူတွေ ဒုက္ခရောက်အောင် အထူးသဖြင့် ဆေးဝါးတွေ ပြတ်အောင် လုပ်တယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ လူ့အသက်ကို သတ်တာပဲလေ။ အဲတာမျိုးက သိပ်ရုပ်ဆိုးတယ်။ ရက်စက်ရာလည်း ရောက်ပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့လကစပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းလိုလိုမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်ဘက်က ဖမ်းဆီးထားတဲ့သူတွေကလည်း တော်တော်များများ ရှိနေပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တော အပါအဝင် မြို့နယ် ခြောက်ခုကို စစ်တပ်ဘက်က ခရီးသွားလာခွင့် ကန့်သတ်ထားပြီး တခြားမြို့နယ်တွေမှာလည်း လုံခြုံရေး အကြာင်းပြချက်နဲ့ ဒေသခံတွေရဲ့ ခရီးသွားရေးတွေကို ပိတ်ပင်တားဆီးတာ တိုးလုပ်ဆောင်နေတယ်ဆိုပြီး ရခိုင်ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG