သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေတဲ့အပေါ် ကုလသမဂ္ဂ သတိပေး


Stéphane Dujarric UN Spokesperson ကုလ ပြောခွင့်ရပုဂ္ဂိုလ် ( UN Web photo )
Stéphane Dujarric UN Spokesperson ကုလ ပြောခွင့်ရပုဂ္ဂိုလ် ( UN Web photo )

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုအန္တရယ်နဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် ကုလသမဂဂ္ဂက စိုးရိမ်မိကြောင်း တနင်္လာနေ့က ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။  

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေတဲ့အပေါ် ကုလသမဂ္ဂ သတိပေး

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုအန္တရယ်နဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် ကုလသမဂဂ္ဂက စိုးရိမ်မိကြောင်း တနင်္လာနေ့က ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့နေတာတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၁ သန်းကျော်ရှိသွားပါပြီ” လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြှုတ်မိုင်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုပြီး မဆင်မခြင်တိုက်ခိုက်မှုတွေ၊ ဒါ့အပြင်လုံခြုံရေး တင်းကြပ်ထားတဲ့အတွက် စားရေရိက္ခာ အကူအညီ မရရှိနိုင်တာတွေကြောင့် အရပ်သားတွေရဲ့အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ဒုက္ခသည် ၁ သန်း ၃ သိန်းကျော်ရှိနေပြီး၊ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၁ သန်းကျော်တိုးလာခဲ့ကြောင်းနဲ့ ၂၀၂၂ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၃ ဒဿမ ၁ သန်း အတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

ရခိုင် AA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်ပြေးဒုက္ခသည် ၁ ၇ဝဝဝ ကျော်တိုးလာခဲ့တယ်လို့ OCHA ကဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}





XS
SM
MD
LG