သံုးရလြယ္ကူေစသည့္ Link မ်ား

ယူကရိန္းစစ္ပဲြ အရွိန္ေလွ်ာ႔ခ်ဖို႔ ကုလအႀကီးအကဲ တိုက္တြန္း


႐ုရွားတပ္ေတြရဲ႕ မစ္စိုင္းဒံုးနဲ႔ ပစ္ခတ္မႈေၾကာင့္ ေသဆံုးဒဏ္ရာရမႈေတြ ရွိေနေၾကာင္းနဲ႔ ဒီလို တိုက္ခိုက္ေနမႈေတြကို ေလွ်ာ့ခ်ဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကေတာင္းဆိုလိုက္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ေျပာခြင့္ရ Stephane Dujarric က ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။  

ယူကရိန္းစစ္ပဲြ အရွိန္ေလွ်ာ႔ခ်ဖို႔ ကုလအႀကီးအကဲ တိုက္တြန္း

{{Zawgyi/Unicode}}
႐ုရွားထိန္းခ်ဳပ္ထားတဲ့ Ziporizhzhia ေဒသမွာ ေသာၾကာေန႔ မနက္ပိုင္းက ႐ုရွားတပ္ေတြရဲ႕ မစ္စိုင္းဒံုးနဲ႔ ပစ္ခတ္မႈေၾကာင့္ ေသဆံုးဒဏ္ရာရမႈေတြ ရွိေနေၾကာင္းနဲ႔ ဒီလို တိုက္ခိုက္ေနမႈေတြကို ေလွ်ာ့ခ်ဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကေတာင္းဆိုလိုက္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ေျပာခြင့္ရ Stephane Dujarric က ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ထိခိုက္ေသဆံုးရသူ အမ်ားစုဟာ သူတို႔မိသားစု ေဆြမ်ိဳး အသိုင္းဝိုင္းအတြက္ ရိကၡာသယ္ဖို႔ ဒါမွမဟုတ္ ျပန္ဆံုစည္းႏိုင္ဖို႔ ႀကိဳးစားေနတဲ့ပံုေတြ႕ရပါတယ္။ ဒါဟာ Zaporizhzhia ကို ႐ုရွားအစိုးရက သူ႔ႏိုင္ငံထဲထည့္သြင္းဖို႔ မေၾကညာခင္ကေလးမွာ ပဲ ျဖစ္ပြါးခဲ့တာပါ လို႔ ေျပာသြားတာပါ။

႐ုရွားက ယူကရိန္းၿမိဳ႕ေတြကို မစ္စိုင္းဒံုးေတြ အေသခံ ဒရုန္းေတြနဲ႔ သီတင္းပတ္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တာ ျဖစ္ၿပီး Ziporizhzhia ေဒသ ၿမိဳ႕ေတာ္မွာ ပစ္ခတ္မႈကေန လူေပါင္း ၃၀ ေသဆံုးၿပီး ၈၈ ေယာက္ ဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။

ေသာၾကာေန႔မွာ ယူကရိန္းရဲ႕ နယ္ေျမ ၄ ခု ျဖစ္တဲ့ Luhansk, Donetsk, Kherson နဲ႔ Zaporizhzhia ေဒသေတြကို ႐ုရွားက သူ႔ႏိုင္ငံထဲ ထည့္သြင္းတဲ့ အခန္းအနားကို ေမာ္စကိုမွာ ႐ုရွားသမၼတ Vladimir Putin က ဦးေဆာင္က်င္းပခဲ့တာ ျဖစ္ပါတယ္။ ဒီ ေဒသ ၄ ခုဟာ အခုဆို ႐ုရွားနဲ႔ တသားထည္း ျဖစ္လာၿပီျဖစ္ေၾကာင္း အခန္းအနားမွာ ေၾကညာခဲ့တာပါ။

အခုလို ႐ုရွားရဲ႕ လုပ္ေဆာင္မႈကို တုန္႔ျပန္တဲ့ အေနနဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ယူကရိန္းကို NATO မဟာမိတ္အဖြဲ႔မွာ ပါဝင္ႏိုင္ေအာင္ အျမန္ ခ်ထားေပးဖို႔ ေလွ်ာက္လႊာတင္သြင္းခဲ့ေၾကာင္း ေျပာပါတယ္။

အေမရိကန္သမၼတ အိမ္ျဖဴကေတာ့ အခုလို ႐ုရွားရဲ႕ ယူကရိန္းေျမကို သိမ္းပိုက္မႈအတြက္ ရႈတ္ခ်လိုက္ၿပီး ႐ုရွားဦးေဆာင္ က်င္းပတဲ့ လူထုဆႏၵခံယူပြဲဟာ အတုအေယာင္ ျဖစ္ေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ ႐ုရွားဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ိဳးေဖါက္ၿပီး ကုလသမဂၢ ပဋိဉာဥ္စာတမ္းကို ေခ်ဖ်က္တာ ျဖစ္ေၾကာင္းလည္းေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................................

ယူကရိန်းစစ်ပွဲ အရှိန်လျှော့ချဖို့ ကုလအကြီးအကဲ တိုက်တွန်း

{{Zawgyi/Unicode}}
ရုရှားထိန်းချုပ်ထားတဲ့ Ziporizhzhia ဒေသမှာ သောကြာနေ့ မနက်ပိုင်းက ရုရှားတပ်တွေရဲ့ မစ်စိုင်းဒုံးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိနေကြောင်းနဲ့ ဒီလို တိုက်ခိုက်နေမှုတွေကို လျှော့ချဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကတောင်းဆိုလိုက်ကြောင်း အတွင်းရေးမှုးချုပ်ပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိခိုက်သေဆုံးရသူ အများစုဟာ သူတို့မိသားစု ဆွေမျိုး အသိုင်းဝိုင်းအတွက် ရိက္ခာသယ်ဖို့ ဒါမှမဟုတ် ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားနေတဲ့ပုံတွေ့ရပါတယ်။ ဒါဟာ Zaporizhzhia ကို ရုရှားအစိုးရက သူ့နိုင်ငံထဲထည့်သွင်းဖို့ မကြေညာခင်ကလေးမှာ ပဲ ဖြစ်ပွါးခဲ့တာပါ လို့ ပြောသွားတာပါ။

ရုရှားက ယူကရိန်းမြို့တွေကို မစ်စိုင်းဒုံးတွေ အသေခံ ဒရုန်းတွေနဲ့ သီတင်းပတ်ပေါင်းများစွာ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး Ziporizhzhia ဒေသ မြို့တော်မှာ ပစ်ခတ်မှုကနေ လူပေါင်း ၃၀ သေဆုံးပြီး ၈၈ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ယူကရိန်းရဲ့ နယ်မြေ ၄ ခု ဖြစ်တဲ့ Luhansk, Donetsk, Kherson နဲ့ Zaporizhzhia ဒေသတွေကို ရုရှားက သူ့နိုင်ငံထဲ ထည့်သွင်းတဲ့ အခန်းအနားကို မော်စကိုမှာ ရုရှားသမ္မတ Vladimir Putin က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီ ဒေသ ၄ ခုဟာ အခုဆို ရုရှားနဲ့ တသားထည်း ဖြစ်လာပြီဖြစ်ကြောင်း အခန်းအနားမှာ ကြေညာခဲ့တာပါ။

အခုလို ရုရှားရဲ့ လုပ်ဆောင်မှုကို တုန့်ပြန်တဲ့ အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ယူကရိန်းကို NATO မဟာမိတ်အဖွဲ့မှာ ပါဝင်နိုင်အောင် အမြန် ချထားပေးဖို့ လျှောက်လွှာတင်သွင်းခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူကတော့ အခုလို ရုရှားရဲ့ ယူကရိန်းမြေကို သိမ်းပိုက်မှုအတွက် ရှုတ်ချလိုက်ပြီး ရုရှားဦးဆောင် ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲဟာ အတုအယောင် ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ရုရှားဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ပြီး ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို ချေဖျက်တာ ဖြစ်ကြောင်းလည်းပြောပါတယ်။

XS
SM
MD
LG