သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုဒဏ် မြန်မာလယ်ယာသမားတွေ ကြိုးပမ်းရင်ဆိုင်

ፕሬዚዳንት ባይደን እና ሌሎች የዓለም መሪዎች፣ የዩናይትድ ስቴትስ ዕውቅ የፖለቲካና የውጭ ፖሊሲ ሰዎች ትናንት ረቡዕ ለማድሊን ኦልብራይት የመጨረሻ ስንብት አደረጉላቸው።
ፕሬዚዳንት ባይደን እና ሌሎች የዓለም መሪዎች፣ የዩናይትድ ስቴትስ ዕውቅ የፖለቲካና የውጭ ፖሊሲ ሰዎች ትናንት ረቡዕ ለማድሊን ኦልብራይት የመጨረሻ ስንብት አደረጉላቸው።

ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာညီလာခံ COP24 ကို ပိုလန်နိုင်ငံမှာ ဒီဇင်ဘာလထဲ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ၊ ရာသီဥတုရဲ့ဆိုးကျိုးကို ခံစားနေရတဲ့ မြန်မာလယ်သမားတွေကတော့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ အခြေအနေတွေကို လက်တွေ့ကျကျ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာ မိုးခေါင်ရေရှားပြသနာ ကြုံနေရပေမယ့်၊ နာဂစ်ဆိုင်ကလုန်းလို မုန်တိုင်းမျိုး၊ ရေလွှမ်းမိုးတာမျိုး ကြုံလာခဲ့ရင် ဘယ်လိုကာကွယ်နိုင်မလဲဆိုပြီး ကြိုတင်ပြင်ဆင် နေကြတဲ့အကြောင်း AP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။


မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့မှာ မိုးခေါင်တဲ့အခြေနေကြောင့် သောက်သုံးရေ ရရှိဖို့ခက်ခဲပြီး၊ ကိုယ်ပိုင်နွားလှည်း ထော်လာဂျီလည်း မရှိတာကြောင့် ကုလသမဂ္ဂက တူးထားပေးတဲ့ ရေတွင်းမှာ ရေလာခတ်ရတယ်လို့ ဒေသခံ မဆုကြည်က ပြောပါတယ်။

" မိုးမရွာတာကြာတော့ ဒီနားရေတွင်းမှာ ရေလာခတ်ရတယ်။ မိုးရွာရင်တော့ ကန်ရေခတ်လို့ရတာပေါ့။"

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP အဖွဲ့က ညောင်ဦးရွာတချို့မှာ သောက်ရေတွင်း တူးထားပေးထားကြောင့် ရေရရှိရေးအတွက် တစိတ်တဒေသ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ UNDP က အဲဒီဒေသမှာ ရေတွင်းတူးပေးရုံသာမက အပင်တွေစိုက်ပျိုးဖို့၊ လယ်ယာထဲ ရေတင်သွင်းဖို့၊ မိုးခေါင်ရေရှာဒဏ် ခံနိုင်မယ့်အပင်တွေ စိုက်ပျိုးဖို့အတွက်ပါ ကူညီနေသလို၊ အသားစား ကြက်ဘဲဆိတ် မွေးမြူရေးအတွက်လည်း အားပေးကူညီ နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNDP အဖွဲ့ နည်းပညာကျွမ်းကျင်ပုဂ္ဂိုလ် Karma Rapten ကပြောပါတယ်။

“ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ခြောက်သွေ့ဒေသက လယ်သမားတွေကို မိုးခေါင်ရေရှားပြသနာ ရင်ဆိုင်နိုင်အောင်လို့ ၊ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေနဲ့ လိုက်လျောညီထွေစွာ နေထိုင်နိုင်အောင် ဒေသခံတွေရဲ့ အရေသွေးတွေကို မြှင့်တင်ပေးနေတာပါ။ ”

၂၀၁၈ မှာထုတ်ပြန်တဲ့ ကမ္ဘာ့ရာသီဥတု အညွှန်းကိန်းအရ ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အခံစားရဆုံးကမ္ဘာ့နယ်မြေကြီး ၃ခုထဲမှာ အရှေ့တောင်အာရှ နိုင်ငံတွေလည်း ပါဝင်နေပြီး ဒီလိုဖြစ်ရတဲ့အခြေခံထဲမှာ ဆင်းရဲမှုကလည်း အကြောင်းတချက်အဖြစ်ပါဝင်နေတယ်လို့ UNDP အဖွဲ့ရဲ့ ရေရှည်တည်တန့်ရေးနဲ့ လူအများဖွံ့ဖြိုးရေးဌာန အကြီးအကဲ Dr. Biplove Choudhary ကပြောပါတယ်။

“ကမ္ဘာ့ ညွှန်းကိန်းတွေအရ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံရမယ့် ထိပ်ဆုံး ၃နိုင်ငံထဲမှာမြန်မာနိုင်ငံလည်း ပါဝင်နေတာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေ ရှိတဲ့ထဲမှာ ဆင်းရဲမှုကလည်း အကြောင်းတချက်ဖြစ်ပါတယ်။ လူဦးရေ ၅၂ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူများစုက ဆင်းရဲသားတွေဖြစ် ပါတယ်။”

ရှမ်းပြည်နယ်က တောင်ယာလုပ်သူ ဦးဝင်းကတော့ သစ်တောတွေပြုန်းတီးလာတဲ့အတွက် မိုးမမှန်သလို၊ သီးနှံထွက်နှုန်း လျော့ကျလာတာကို ခံစားနေရ တယ်လို့ ပြောပါတယ်။

"လွန်ခဲ့တဲ့ ၁၄- ၁၅နှစ်မှာ ကျနော်တို့ဒေသမှာ သစ်တော သစ်ပင်တွေ ကောင်းတဲ့အတွက်ကြောင့် မိုးတွေကမှန်တယ် ၊ ရေလည်းပေါတယ်ပေါ့လေ။ အခုနောက်ပိုင်း ဘယ်လိုပြောင်းလဲ လာသလဲဆိုရင် သစ်တောတွေ အပြုန်းတီး များတဲ့အတွက်ကြောင့် မိုးတွေလည်း သိပ်မမှန်ဘူး။ စိုက်ပျိုးရေးသီးနှံတွေလည်း အထွက်နှုန်း လေ ျာ့ကျတယ်ပေါ့။"

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး လူသိန်းနဲ့ချီသေဆုံးရသလို၊ လယ်မြေအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့က ကိုနိုင်လင်းထွန်းဟာ ရတနာဧရာ NGO အဖွဲ့ကဖြစ်ပြီး ရာသီဥတုဆိုးကျိုးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ရှင်းပြပါတယ်။

"တကယ်လို့ နောက်တကြိမ် နာဂစ်ဖြစ်ခဲ့ရင် ဘယ်လိုမျိုး ကြိုတင်ကာကွယ်မှုတွေ ရှိသလဲဆိုတာကတော့ တော်တော်လေးတော့ ပြောရခက်တယ်။ ဒီဒေသတွေမှာ နာဂစ်ဒဏ် ခံနိုင်တဲ့ အဆောက်အဦးတွေ ဆောက်ထားတာ ရှိလာတယ်။ ပြီးရင် မျိုးစပါးတွေ သိုလှောင်ဖို့ပေါ့၊ တကယ်လို့ နောက်ထပ် နာဂစ်ဖြစ်လာရင် ဒီမျိုးစပါးတွေ မပြတ်စီးရအောင် ကာကွယ်ထားဖို့အတွက် အဆောက်အဦတွေ ဆောက်ထားတာတွေ ရှိတယ်။ ပြီးလို့ရှိရင် ဆားငံရေ မဝင်အောင် တာတမံတွေ လုပ်ထားတာရှိတယ်။"

သစ်တောဦးစီးဌာန ဘိုကလေးမြို့နယ် အရာရှိ ဦးကျော်ကျော်မင်းကတော့ ရာသီဥတုပြောင်းမှုဒဏ်ခံနိုင်ဖို့ ဧရာဝတီတိုင်းမှာ သစ်တောထိန်းသိမ်းရေး အတွက် ဘာတွေ လုပ်ဆောင်နေသလဲဆိုတာ ရှင်းပြပါတယ်။

"ကျနော်တို့ သစ်တောဦးစီးဌာနအနေနဲ့က ဒီမှာ နာဂစ်တိုက်ခတ်အပြီးပေါ့နော် ၂၀၀၈ ၂၀၀၉ ကနေ ... ၂၀၁၈ ၊ ၂၀၁၉ အထိပေါ့နော် သစ်တော ထိန်းသိန်းရေးအနေနဲ့ဆိုရင် နှစ်စဉ် ဒီရေတော စိုက်ခင်းတွေ တည်ထောင်တယ်။ နောက်ပြီး ဒေသတွေမှာလိုအပ်တဲ့ ထင်းပေါ့နော် ကျေးရွာ ထင်းစိုက်ခင်းတွေ တည်ထောင်တယ်။"

သစ်တောပြုန်းတီးနေတာက မုန်တိုင်းဒဏ် ခံနိုင်ရည်ကို လျော့ကျစေတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ သစ်တောဦးစီးဌာနက ဒီ၂၀၁၈ထဲ လမုပင်ပေါင်း ၁၄၀၀ နီးပါး စိုက်ပျိုးခဲ့ပါတယ်။ နာဂစ်ကြောင့် ပျက်စီးသွားတဲ့ဒေသတွေမှာ နှစ်စဉ် လယ်ယာမြေဧက(၁သိန်း ၄သောင်း)ကို ပြန်လည်ပြုပြင် ပေးနေပြီး၊ အပင်တွေ ပြန်စိုက်ဖို့ သစ်တောဌာနက နှစ်စဉ် အပင်(၂)သိန်း ဖြန့်ဝေပေးနေပါတယ်။

ရာသီဥတုပြောင်းလဲမှုဒဏ် မြန်မာလယ်ယာသမားတွေ ကြိုးပမ်းရင်ဆိုင်
please wait

No media source currently available

0:00 0:04:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG