သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရက်ပါတီ သမ္မတလောင်းကလင်တန် စည်းရုံးရေးပြန်စ


ဒီမိုကရက်ပါတီ သမ္မတလောင်းကလင်တန်
ဒီမိုကရက်ပါတီ သမ္မတလောင်းကလင်တန်

အမေရိကန် ပြည်ထောင်စုက အဓိက ပါတီကြီး တခုဖြစ်တဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဟီလာရီကလင်တန် အနေနဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ စည်းရုံးရေး လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။ မစ္စစ် ကလင်တန်ဟာ နျူမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် စည်းရုံးလှုပ်ရှားမှုတွေမှာ မပါဝင်နိုင် ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နယူးယောက်မြို့က 9/11 အောက်မေ့ဖွယ် အခမ်းအနားက ပြန်လာတဲ့ မစ္စစ် ကလင်တန် နေထိုင်မကောင်း ဖြစ်နေတာကို တွေ့ရှိခဲ့ကြရတာ ဖြစ်ပြီး မစ္စစ် ကလင်တန် ခြေမခိုင်ဘဲ ယိုင်လဲသွားလို့ ကားပေါ်ကို တွဲတင်ခဲ့ရတာကိုလည်း ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။

မနေ့က သူမရဲ့ စည်းရုံးရေး အဖွဲ့က ထုတ်ပြန်လိုက်တဲ့ စာထဲမှာတော့ မစ္စစ် ကလင်တန်ရဲ့ ဆရာဝန်က နိုင်ငံခြားရေး ဝန်ကြီးဟောင်းဟာ ပဋိဇီဝဆေးတွေသောက်၊ အနားယူပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ ပြောဆိုခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် မစ္စကလင်တန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ထပ်ဖြစ်လာခဲ့သလို သူမရဲ့ ပြိုင်ဘက် ရီပတ်ပလီကန် သမ္မတလောင်း Donald Trump အတွက်တော့ ထိုးနှက်စရာ အချက်တခု ထပ်ရသွားပါတယ်။

"ကျနော်တော့ မသိဘူးဗျ။ ဟီလာရီ အနေနဲ့ အခုလို တနာရီလောက် ရပ်ပြီး ဒီလို လုပ်နိုင်မယ်လို့ ခင်ဗျားတို့ ထင်လား။ ကျနော်တော့ မသိဘူး။ လုပ်နိုင်မယ်လို့ မထင်ဘူး" ဆိုပြီး ရီပတ်ပလီကန် သမ္မတလောင်း Trump က ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း မစ္စတာ Trump ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပြီး သူ့ရဲ့ ကျန်းမာရေါ် မှတ်တမ်း အပြည့်အစုံ ထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေလည်း တိုးလာခဲ့ပါတယ်။ မစ္စတာ Trump ထုတ်ပြန်လိုက်တဲ့ ပြီးခဲ့တဲ့ သတင်းပတ်က သူ့ရဲ့ ဆေးစစ်ချက် အကျဉ်းချုပ်ကိုတော့ Dr. Mehmet Oz တင်ဆက်တဲ့ လူကြိုက်များတဲ့ ရုပ်မြင်သံကြား Talk Show အစီအစဉ်ကိုမှာ တွေ့မြင်ခဲ့ရပါတယ်။ လူချမ်းသာ သူဌေးကြီး Trump ရဲ့ ကိုယ်အလေးချိန်က ၁၂၁ ကီလိုဂရမ်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာတယ်လို့ Dr. Oz က ကြေညာခဲ့ပါတယ်။ အသက် ၇၀ အရွယ် Donald Trump သာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင်တော့ အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတ ဖြစ်လာမှာပါ။

Hillary Clinton ကတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုမယ့် နေ့မှာ အသက် ၆၉ နှစ်ရှိမှာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ဒုတိယ အသက်အကြီးဆုံး သမ္မတ ဖြစ်လာမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG