သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည် အခမ်းအနားမှာ ကလင်တန် မူးလဲ


ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton ဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရပြီး ခုတော့ ပြန်လည်သက်သာလာပြီလို့ သူ့ဆရာဝန်ကပြောပါတယ်။ တနင်္ဂနွေနေ့က နယူးယောက်မှာကျင်းပတဲ့ ၁၅နှစ်မြောက် 9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု အထိမ်းမှတ်ပွဲကို တက်ခဲ့တဲ့ Mrs. Clinton ဟာ အဲဒီမှာခြေမခိုင်ပဲ လဲကျသွားခဲ့လို့ ကားပေါ်တွဲတင်ခဲ့ရကြောင်း မိသားစုဆရာဝန် ဒေါက်တာ Lisa Bardack က ပြောပါတယ်။

Mrs. Clinton ရဲ့အဖွဲ့ဝင်တွေက သမီးဖြစ်သူ Chelsea ရဲ့ နယူးယောက်မြို့ တိုက်ခန်းနေအိမ်မှာ အနားယူဖို့ သူ့ကိုပို့ပေးခဲ့ရပြီး၊ နောက်ပိုင်း လမ်းပေါ်မှာတွေ့တဲ့ ကလေးတယောကို ပွေ့ဖက်တာ၊ ထောက်ခံသူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်တာတွေ လုပ်ခဲ့တာကြောင့် ပြန်ကောင်း သွားခဲ့ပုံရပါတယ်။

အသက် ၆၈နှစ်အရွယ်Mrs. Clintonဟာ ရာသီဥတုပူပြင်းတဲ့ဒဏ်ကြောင့် ရေဓါတ်ခမ်းခြောက်ပြီး ကတုန်ကရင်ဖြစ်ခဲ့ ရတာလို့ သူ့ဆရာဝန်က ပြောပါတယ်။

Mrs. Clinton ရေရှည်ချောင်းဆိုးနေတဲ့အတွက် မိသားစုဆရာဝန်က သောကြာနေ့ စစ်ဆေးကြည့်ရာမှာ အဆုပ်နဲ့ဆိုင်တဲ့ နမိုးနီးယားဝေဒနာ ခံစားနေရတာကို တွေ့ခဲ့ရပါတယ်။ ဆရာဝန်ကMrs. Clinton ကို အနားယူဖို့ အကြံပေးခဲ့ပြီး ပဋိဇီဝဆေးတွေ တိုက်ခဲ့ပါတယ်။ ဒါပေမယ့် Clinton ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ဖျက်သိမ်းတာမျိုး ကြေညာတာတော့ မတွေ့ရ သေးပါဘူး။

Hillary Clinton ဟာ သမ္မတလုပ်ဖို့ ရေရှည်ကျန်းမာရေး ကောင်းသူမဟုတ်ဘူးဆိုပြီး သူ့ရဲ့ပြိုင်ဖက် Donald Trump က ပြောပါတယ်။ အသက် ၇၀ ရှိပြီ ဖြစ်တဲ့ Donald Trump ကတော့ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကျန်းမာရေး အကောင်းဆုံးသူဖြစ်တယ်လို့ မိသားစုဆရာဝန်ရဲ့ထောက်ခံစာကို Trump က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

9/11 နှစ်ပတ်လည် အခမ်းအနားမှာ ကလင်တန် မူးလဲ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG