သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု ပြီးဆုံး


 Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု (မတ် ၁၊ ၂၀၂၄)
Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု (မတ် ၁၊ ၂၀၂၄)

အမေရိကန်နဲ့ ထိုင်း အပါအဝင် အာရှနိုင်ငံတွေ အများအပြား ပါဝင်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကြီး ဒီကနေ့ နောက်ဆုံးနေ့ အဖြစ် ကျည်အစစ်တွေ သုံးပြီး စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။

ဒီကနေ့ လေ့ကျင့်မှုမှာတော့ ထိုင်း၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက တပ်ဖွဲ့ဝင် ၁၃၇ ယောက် ပါဝင်ပြီး အမြှောက်တွေ၊ တိုက်လေယာဉ်တွေနဲ့ လက်တွေ့ လေ့ကျင့်တာအပြင် မြေပြင်စစ်ဆင်ရေး ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံး နိုင်ငံစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလည်းဖြစ်၊ အရှေ့တောင်အာရှရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်တဲ့ ရွှေမြွေဟောက် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ၉၀၀၀ ကျော် ပါဝင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ဒီလ ၈ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု (မတ် ၁၊ ၂၀၂၄)
Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု (မတ် ၁၊ ၂၀၂၄)

ဒေသတွင်း တရုတ် သြဇာလွှမ်းမိုးမှု ကြီးထွားလာနေချိန်မှာ အမေရိကန်က မဟာမိတ် အာရှနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ အဓိက လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ဒီနှစ် ရွှေမြွေဟောက် စစ်ဆင်ရေးဟာ အနာဂတ်မှာ ပေါ်လာနိုင်ခြေ ရှိတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ လက်ရှိ ရင်ဆိုင်နေရတာတွေ အတွက် ပြင်ဆင်တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Robert Godec က ပြောဆိုထားပါတယ်။

ထိုင်းနဲ့ ဆက်ဆံရေး နီးကပ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ အရင်က ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေမှာ လေ့လာသူအဖြစ် တက်ရောက်ဖူးပေမဲ့ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ပါဝင်တာ မတွေ့ရပါဘူး။ တရုတ်နိုင်ငံကတော့ လူသားချင်းစာနာမှု အကူအညီပေးရေး လေ့ကျင့်မှုမှာ တစိတ်တပိုင်း ပါဝင်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု ပြီးဆုံး
please wait

No media source currently available

0:00 0:00:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG