သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလမ်ဘီယာလေယာဉ်ပျက်ကျမှု သေဆုံးသူ ၇၆ယောက်ထဲ ဘရာဇီးဘောလုံးအသင်းသား တချို့ပါ


ကိုလမ်ဘီယာလေယာဉ်ပျက်ကျမှု
ကိုလမ်ဘီယာလေယာဉ်ပျက်ကျမှု

ဘရာဇီးနိုင်ငံရဲ့ ပထမတန်း ဘောလုံး ကလပ်အသင်း တသင်းပါတဲ့ ခရီးသည်တင်လေယာဉ်တစီး ကိုလမ်ဘီယာနိုင်ငံ မြို့တော် Medellin အပြင်ဘက်မှာ တနင်္လာနေ့ ညပိုင်းက ပျက်ကျခဲ့တာမှာ လူ ၇၆ ယောက်ထက် မနည်း သေဆုံး သွားပါတယ်။

စင်းလုံးငှားထားတဲ့ ဒီလေယာဉ်ပေါ် လိုက်ပါသွားသူ ၈၁ ယောက်မှာ ငါးဦးသာ အသက်ရှင်ကျန်ရစ်တဲ့အကြောင်း ကိုလမ်ဘီယာ ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် Jose Gerardo Acevedo က ပြောပါတယ်။ ဗင်နီဇွဲလား လေကြောင်းလိုင်းငယ်တခုဖြစ်တဲ့ LaMia ပိုင် ဒီလေယာဉ်ဟာ ဘိုလီးဗီးယားနိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပြီး Copa Sudamericana ဘောလုံးပွဲ နောက်ဆုံးပွဲစင်ကစားဖို့အတွက် ကိုလံဘီယာနိုင်ငံကို ထွက်ခွာလာချိန်မှာ ပျက်ကျ ခဲ့တာပါ။ ရာသီဥတု မှုန်မှိုင်းနေတာကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။ သေဆုံးသွားသူတွေရဲ့မိသားစုတွေ နဲ့ ဘောလုံးအသင်းကို ကူညီပေးနိုင်ဖို့ အစိုးရက ကြိုးစားနေတဲ့အကြောင်း ဘရာဇီးသမ္မတ Michael Temer က ပြောပါတယ်။

သေဆုံးသွားတဲ့ ဘောလုံးသမားတွေ၊ သူတို့နဲ့အတူ လိုက်ပါသွားတဲ့ သတင်းသမားတွေရဲ့ မိသားစုတွေ ခံစားနေရတဲ့ ပူဆွေးသောကတွေကို သက်သာရာရအောင် အစိုးရက ဘာမဆို လုပ်ဆောင်ပေးသွားမယ်လို့လည်း သမ္မတ Temer က ပြောပါတယ်။ လေယာဉ်ဟာ ဆီကုန်ပြီး ပျက်ကျတာ ဖြစ်ပုံ ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တာဝန်ရှိသူတွေက ငြင်းထားပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တခုခုကြောင့် ဖြစ်နိုင်တဲ့အပေါ်မှာ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ကိုလမ်ဘီယာ အရပ်ဘက် လေကြောင်းဌာန အကြီးအကဲ Alfredo Bocanegra က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG