သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကမာၻတလႊား အဂတိလုိက္စားမႈ အေျခအေန ဆုိးရြားေနဆဲ (Transparency International)


ကမာၻတလႊား အဂတိလုိက္စားမႈ အေျခအေန ဆုိးရြားေနဆဲ (Transparency International)


ကမာၻတလႊား အဂတိလုိက္စားမႈ အေျခအေန ဆုိးရြားေနဆဲ (Transparency International)

{{Zawgyi/Unicode}}
လြန္ခဲ့တဲ့ ၁ဝ စုႏွစ္တခုအတြင္း ကမၻာႏုိင္ငံေတြမွာ အဂတိလုိက္စားမွုအေျခအေနဟာ အခ်ိဳ့ႏုိင္ငံေတြမွာ အနည္းငယ္ေကာင္းမြန္တုိးတက္လာေပမယ့္၊ အခ်ိဳ့ႏုိင္ငံေတြမွာလုံးဝ တုိးတက္ေကာင္းမြန္လာျခင္းမရွိဘူးလုိ့ Transparency International အဂတိလုိက္စား မွုေစာင့္ၾကည့္အေရးအဖဲြ့ႀကီးက အဂၤါေန့ ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။ ဒါအျပင္ ကိုဗစ္ ၁၉ တုံျပန္ေဆာင္ရြက္ရာမွာလည္း ႏုိင္ငံအေတာ္မ်ားမ်ားမွာ တာ၀န္ယူမွု တာ၀န္ခံမွုျပႆာနေတြရွိတယ္လုိ့ ေဖၚျပထားပါတယ္။

၂ဝ၂၁ ခုႏွစ္အတြင္း ႏုိင္ငံသားေတြရဲ့အခြင့္အေရးနဲ့ အစုိးရအေပၚ ထိန္းညွိမွုေတြ အားနည္းခဲ့ပါတယ္။ ဒီအေျခအေနေတြဟာ အဂတိလုိက္စားမွု အျမစ္တြယ္ေနၿပီး၊ ႏုိင္ငံအေဆာက္အဦးေတြ အားနည္းတဲ့ႏုိင္ငံေတြမွာသာမက၊ ဒီမုိကေရစီထြန္းကားၿပီး ႏုိင္ငံေတြမွာပါျဖစ္ခဲ့တယ္လုိ့ဆုိပါတယ္။

ဒါ့အျပင္ လူေတြေစာင့္ၾကည့္တဲ့ Pegasus ကြန္ျပဴတာ software ေတြအသုံးျပဳျပီး ကမၻာအႏွံက လူ့အခြင့္အေရးလွုပ္ရွားသူေတြ၊ သတင္းသမားေတြ နဲ့ ႏုိင္ငံေရးသမားေတြကုိ ေစာင့္ၾကည့္တာေတြကုိ အာဏာပုိင္ေတြကလုပ္ခဲ့တယ္လုိ့လည္းေဖၚျပထား ပါတယ္။

ႏုိင္ငံအခ်ိဳ့မွာ ကုိဗစ္ ၁၉ ကုိအေၾကာင္းျပၿပီး ျပည္သူေတြရဲ့အေျခခံလြတ္လပ္ခြင့္ေတြကုိခ်ဳပ္ခ်ယ္တာ၊ အေရးႀကီးတဲ့အစုိးရအေပၚ ထိန္းညွိတာေတြကုိ ေဘးဖယ္ထားခဲ့တယ္လုိ့ Transparency International ရဲ့အစီရင္ခံစာမွာေဖၚျပထားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း အဂတိလုိက္စားမွု အနည္းဆုံးပထမတန္းႏုိင္ငံေတြကေတာ့ ရမွတ္ ၈၈ မွတ္ရွိတဲ့ ဒိန္းမတ္၊ နယူးဇီလန္ နဲ့ဖင္လန္ႏုိင္ငံေတြျဖစ္ပါတယ္။ အဆုိးဆုံးႏုိင္ငံကေတာ့ ၁၁ မွတ္ရတဲ့ ေတာင္ဆူဒန္နဲ့ဆုိမားလီးယားႏုိင္ငံေတြျဖစ္ပါတယ္။ ဆီးရီးယားက ၁၃ မွတ္နဲ့ဒုတိယအဆုိးဆုံးျဖစ္ၿပီး၊ ေယမင္၊ ေျမာက္ကုိရီးယား နဲ့ အာဖဂနစတန္ႏိုင္ငံတို႔က တတိယ အဆုိးဆုံးျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကေတာ့ ၂ဝ၂၁ ခုႏွစ္အထိ ၁ဝ ႏွစ္အတြင္း ၂၈ မွတ္နဲ့ ေနရာ ၁၄ဝ မွာရွိပါတယ္။

.............................

တိုက္႐ိုက္ လင့္ခ္

ကမ္ဘာတလွှား အဂတိလိုက်စားမှု အခြေအနေ ဆိုးရွားနေဆဲ (Transparency International)

{{Zawgyi/Unicode}}
လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်း ကမ္ဘာနိုင်ငံတွေမှာ အဂတိလိုက်စားမှုအခြေအနေဟာ အချို့နိုင်ငံတွေမှာ အနည်းငယ်ကောင်းမွန်တိုးတက်လာပေမယ့်၊ အချို့နိုင်ငံတွေမှာလုံး၀ တိုးတက်ကောင်းမွန်လာခြင်းမရှိဘူးလို့ Transparency International အဂတိလိုက်စား မှုစောင့်ကြည့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။ ဒါအပြင် ၁၉ တုံပြန်ဆောင်ရွက်ရာမှာလည်း နိုင်ငံအတော်များများမှာ တာဝန်ယူမှု တာဝန်ခံမှုပြဿာနတွေရှိတယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့ အစိုးရအပေါ် ထိန်းညှိမှုတွေ အားနည်းခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ အဂတိလိုက်စားမှု အမြစ်တွယ်နေပြီး၊ နိုင်ငံအဆောက်အဦးတွေ အားနည်းတဲ့နိုင်ငံတွေမှာသာမက၊ ဒီမိုကရေစီထွန်းကားပြီး နိုင်ငံတွေမှာပါဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူတွေစောင့်ကြည့်တဲ့ Pegasus ကွန်ပြူတာ software တွေအသုံးပြုပြီး ကမ္ဘာအနှံက လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေ နဲ့ နိုင်ငံရေးသမားတွေကို စောင့်ကြည့်တာတွေကို အာဏာပိုင်တွေကလုပ်ခဲ့တယ်လို့လည်းဖေါ်ပြထား ပါတယ်။

နိုင်ငံအချို့မှာ ကိုဗစ် ၁၉ ကိုအကြောင်းပြပြီး ပြည်သူတွေရဲ့အခြေခံလွတ်လပ်ခွင့်တွေကိုချုပ်ချယ်တာ၊ အရေးကြီးတဲ့အစိုးရအပေါ် ထိန်းညှိတာတွေကို ဘေးဖယ်ထားခဲ့တယ်လို့ Transparency International ရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အဂတိလိုက်စားမှု အနည်းဆုံးပထမတန်းနိုင်ငံတွေကတော့ ရမှတ် ၈၈ မှတ်ရှိတဲ့ ဒိန်းမတ်၊ နယူးဇီလန် နဲ့ဖင်လန်နိုင်ငံတွေဖြစ်ပါတယ်။ အဆိုးဆုံးနိုင်ငံကတော့ ၁၁ မှတ်ရတဲ့ တောင်ဆူဒန်နဲ့ဆိုမားလီးယားနိုင်ငံတွေဖြစ်ပါတယ်။ ဆီးရီးယားက ၁၃ မှတ်နဲ့ဒုတိယအဆိုးဆုံးဖြစ်ပြီး၊ ယေမင်၊ မြောက်ကိုရီးယား နဲ့ အာဖဂနစ္စတန်နိုင်ငံ တို့က တတိယ အဆိုးဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ၂ဝ၂၁ ခုနှစ်အထိ ၁ဝ နှစ်အတွင်း ၂၈ မှတ်နဲ့ နေရာ ၁၄ဝ မှာရှိပါတယ်။

XS
SM
MD
LG