သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဘွန်နိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်း 


ဂါဘွန်စစ်တပ် အာဏာသိမ်းကြောင်း ရုပ်မြင်သံကြားပေါ်မှာ ကြေညာနေတဲ့ စစ်တပ်ပြောခွင့်ရ (ဩဂုတ် ၃၀၊ ၂၀၂၃)
ဂါဘွန်စစ်တပ် အာဏာသိမ်းကြောင်း ရုပ်မြင်သံကြားပေါ်မှာ ကြေညာနေတဲ့ စစ်တပ်ပြောခွင့်ရ (ဩဂုတ် ၃၀၊ ၂၀၂၃)

ဗဟိုအာဖရိက နိုင်ငံတခုဖြစ်တဲ့ Gabon မှာ သမ္မတ Ali Bongo ရဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့အကြောင်း စစ်တပ်အရာရှိ အဖွဲ့တဖွဲ့က ဒီနေ့ကြေညာပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ အထွေထွေရွေးကောက်ပွဲမှာ သမ္မတ Bongo အစိုးရ အနိုင်ရတဲ့အကြောင်း ရွေးကောက်ပွဲ ကော်ရှင်က ကြေညာပြီး သိပ်မကြာခင်မှာပဲ စစ်တပ်အရာရှိတွေက အာဏာသိမ်းတဲ့ ကြေညာချက် ထွက်လာတာပါ။

ဒီနေ့ မနက်စောစောပိုင်း အစိုးရ ရုပ်သံ Channel Gabon 24 ကနေ အာဏာသိမ်းလိုက်ပြီဆိုပြီး စစ်တပ်အရာရှိတွေရဲ့ ကြေညာပါတယ်။ ရွေးကောက်ပွဲရလဒ်ဟာ တရားမဝင်ဘူးလို့လည်း အာဏာသိမ်း စစ်တပ်အရာရှိတွေက ပြောပါတယ်။ အစိုးရအဖွဲ့အစည်း အားလုံးကို ဖျက်သိမ်းလိုက်တဲ့အကြောင်းနဲ့ နယ်ခြားတွေကို နောက်ထပ် ကြေညာချက် တစုံတရာ မထုတ်ပြန်မခြင်း ပိတ်ထားတဲ့အကြောင်း ကြေညာပါတယ်။ စစ်တပ်အရာရှိတယောက်ကတော့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ လက်ရှိအုပ်ချုပ်ရေးကို အဆုံးသတ်လိုက်တယ်ဆိုပြီး ပြောဆိုသွားပါတယ်။

ရေနံ အများအပြား ထွက်တဲ့ Gabon နိုင်ငံမှာ သမ္မတ Bango ဟာ သူ့ဖခင် Omar Bongo ကွယ်လွန်တဲ့အချိန် ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဂါဘွန်နိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်း
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG