သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကပ်ရောဂါအရေးနဲ့ အနာဂတ် မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု


ပိုးသတ်ဆေးဖြန်းနေသည့် မီသတ်တပ်ဖွဲ့ဝင်များကို ထွက်ကြည့်နေကြသည့် လူအုပ်။ (ရန်ကုန်၊ ဧပြီ ၂၄၊ ၂၀၂၀)
ပိုးသတ်ဆေးဖြန်းနေသည့် မီသတ်တပ်ဖွဲ့ဝင်များကို ထွက်ကြည့်နေကြသည့် လူအုပ်။ (ရန်ကုန်၊ ဧပြီ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအခြေအနေဟာ ဒီကနေ့အချိန်ထိ ထိန်းမရအောင် ပျံ့နှံ့နေတဲ့အခြေအနေ မရှိသေးသလို ရောဂါပိုး ကူးစက်ခံထားရကြောင်ငး ဓာတ်ခွဲအတည်ပြုထားသူ အရေအတွက်ဟာလည်း ဒေသတွင်းနိုင်ငံအတော်များများနဲ့ နှိုင်းယှဉ်ရင်တောင် အတော်လေးကို နည်းနေဆဲပါပဲ။

အခုဆိုရင် လုပ်ငန်းတချို့ ပြန်လည်ပတ်နေပြီဖြစ်ပြီး အပြင်ထွက်သွားလာတာတွေလည်း အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာ ပြန်တွေ့လာနေရပါပြီ။

လက်ရှိအခြေအနေမှာ လူထုအနေနဲ့ သိပ်ကြီး သတိထားစရာမလိုတော့ဘဲ နေလို့ရတဲ့ အခြေအနေ ရောက်ပြီလို့ ပြောနိုင်ပါပြီလား ... ဒီကပ်ရောဂါကို ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကနေ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပတ်သက်လို့ ဘယ်လိုသင်ခန်းစာတွေများ ရယူနိုင်ပါပြီလဲ ... အနာဂတ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပတ်သက်ရင်ရော ဘယ်လိုစနစ်မျိုးက နိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်ပါမလဲ ... စတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူ့ကျန်းမာရေး ပညာရှင် ဒေါက်တာအောင်ထွဏ်း၊ ကိုယ်တိုင်က ဆရာဝန်တစ်ဦးဖြစ်ပြီး မြန်မာ့အရေး လေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေတို့နဲ့ ဆွေးနွေးသုံးသပ်ထား ပါတယ်။

--------------------------------------

(Unicode)




တိုက်ရိုက် လင့်ခ်


XS
SM
MD
LG