သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အရေး စက်ရုံ အလုပ်ရုံတွေ ဘယ်လိုရင်ဆိုင်သင့်သလဲ


လှိုင်သာယာစက်မှုဇုံတွင်း လုပ်ငန်းခွင်သို့သွားနေကြသည့် အလုပ်သမားများ။ (ဇွန် ၂၆၊ ၂၀၁၉ )
လှိုင်သာယာစက်မှုဇုံတွင်း လုပ်ငန်းခွင်သို့သွားနေကြသည့် အလုပ်သမားများ။ (ဇွန် ၂၆၊ ၂၀၁၉ )

(Zawgyi/Unicode)
မြန်မာနိုင်ငံတွင်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမား ထောင်ပေါင်းများစွာ လုပ်ကိုင်နေကြပြီး ဒီ အလုပ်သမားတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မလာအောင် ကာကွယ်တားဆီးရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။
စက်ရုံအလုပ်ရုံတွေကို အချိန်ကာလတစ်ခုအထိ ယာယီပိတ်ထားနိုင်မယ်ဆိုရင် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မယ်လို့ မြင်ကြတာရှိသလို အဲဒီလို ပိတ်ထားတဲ့ကာလအတွင်း အလုပ်သမားတွေနဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး ဒုက္ခမရောက်အောင် ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ မေးခွန်းလည်းရှိပါတယ်။
လက်ရှိ စက်ရုံအလုပ်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ဆောင်ထားတာတွေ၊ နောက်ထပ် လုပ်ဖို့လိုအပ်တာတွေ၊ လက်ရှိအခြေအနေမှာ စက်ရုံအလုပ်ရုံတွေကို ဖွင့်ထားသင့်သလား၊ ယာယီပိတ်ထားသင့်သလား စတာတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်ကအမြင်နဲ့ အလုပ်သမားသမဂ္ဂဘက်က အမြင်တွေကို ဆွေးနွေးထားပါတယ်။
လှိုင်သာယာစက်မှုဇုံ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ကိုယ်တိုင်လည်း ပဲကျိတ်ခွဲစက်ရုံပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးအုန်းဆိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်တို့နဲ့ ဆွေးနွေးထားပါတယ်။

------------------------------------

(Unicode)


တိုက်ရိုက် လင့်ခ်


XS
SM
MD
LG