သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်


[ Zawgyi ]

ကိုဗစ် ၁၉ ရောဂါပိုးကြောင့် ဆီးချိုရောဂါဖြစ်နိုင်ကြောင်း ဆေးသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါပိုးဟာ သွေးအတွင်းသကြားဓာတ်ကိုလျော့ကျစေတဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်တဲ့ပန်ကရိယာ ခေါ် မုန့်ချိုအိပ်ကို ပျက်စီးစေတဲ့အတွက် ဆီးချိုရောဂါဖြစ်နိုင်ဘွယ်ရှိကြောင်း အီတလီ နိုင်ငံက စီရယ်နာ Siena တက္ကသိုလ်ရဲ့လေ့လာမှုတခုကတွေ့ရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါပိုးဟာ ပန်ကရီယာ မှာရှိတဲ့ ဆဲလ် တွေရဲ့ မျက်နှာပြင်မှာရှိတဲ့ အင်ဇိုင်းတွေကို တိုက်ခိုက်ဖျက်စီးတဲ့အတွက် ပန်ကရီယာ ပျက်စီးပြီးနိုင်တယ်လို့ဆိုပါတယ်။

သီးခြားလေ့လာမှုတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ဝိုင်း ကော်နဲလ် ဆေးသုတေသနဌာန Weill Cornell Medicine ရဲ့တွေ့ရှိချက်အရ ကိုဗစ်ရောဂါပိုးဟာ Beta Cells တွေကိုတိုက်ခိုက်တဲ့တွက် ခန္ဓာကိုယ်အတွင်း သကြားဓာတ်တွေကိုဆဲလ်တွေအတွင်းသွင်းပေးပြီး၊ သကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင် ဟော်မုန်းထုတ်လုပ်မှုကို ကျဆင်းစေတယ်လို့ တွေ့ရှိထားပါတယ်။

ဒီလို အခြေအနေတွေကနေ ဆီးချိုရောရောဂါအဖြစ်ရောက်ရှိသွားနိုင်တယ်လို့လေ့လာချက်တွေကဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်



[ Unicode ]







XS
SM
MD
LG