[Zawgyi/Unicode]
အခုေနာက္ပိုင္း ကိုဗစ္လူနာေတြမွာ ေသြးခဲတာ၊ ရုတ္တရက္ ေလျဖတ္တာ၊ အဆုတ္ထဲ ေသြးခဲတာ၊ ႏွလံုးရုတ္တရက္ ေဖာက္လာတာေတြ ေတြ႕ရွိရေၾကာင္း အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္က အေထြေထြအထူးကု ေဒါက္တာစိုးပိုင္က ဗီြအိုေအကို ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ တေန႔တည္း COVID ကူးစက္မႈႏႈန္းအမ်ားဆုံးအျဖစ္ စံခ်ိန္သစ္ခ်ိဳးသြားတဲ့ ဖေလာ္ရီဒါျပည္နယ္မွာ ကိုဗစ္လူနာေတြကို ကုသေနတဲ့ ေဒါက္တာစိုးပိုင္ရဲ႕ အေတြ႕အႀကံဳကို မအင္ၾကင္းႏိုင္က ေမးျမန္းတင္ဆက္ထားပါတယ္။
ၿပီးခဲ့တဲ့ တနဂၤေႏြ တေန႔တည္းလူေပါင္း ၁၅,၀၀၀ ေက်ာ္ကူးစက္ခဲ့တဲ့ ဖေလာ္ရီဒါျပည္နယ္ဟာ အခုဆိုရင္ ကမာၻမွာ COVID-19 ေရာဂါ ျပန႔္ပြားမႈ ဗဟိုအခ်က္အခ်ာျဖစ္လာခဲ့ပါၿပီ။ လြန္ခဲ့တဲ့ သုံးလေက်ာ္ အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ စတင္ဆိုး႐ြားလာခ်ိန္မွာ ဖေလာ္ရီဒါမွာ အေျခအေန မဆိုးေပမဲ့ ဇြန္လ လယ္ပိုင္းက စၿပီး ကူးစက္မႈႏႈန္း အရွိန္ျမင့္လာၿပီး ေဆး႐ုံေတြမွာ ကိုဗစ္ လူနာေတြ မဆန႔္ေအာင္ မ်ားျပားလာတဲ့ အေျခအေနကို Jackson Memorial ေဆး႐ုံ အေထြေထြအထူးကု ေဒါက္တာ စိုးပိုင္က ဗြီအိုေအကို အခုလို ေျပာျပပါတယ္။
"လြန္ခဲ့တဲ့ သံုးပတ္၊ ေလးပတ္ ေလာက္ကစၿပီး သိသိသာသာ ထိုးတက္လာတာ။ ေဆးရံု ၅၆ ခုက ICU မွာရွိတဲ့ ကုတင္ေတြ မေလာက္ေတာ့ဘူး။ က်ေနာ္တို႔ ေဆးရံုမွာသိသိသာသာ နံပတ္က တက္လာတယ္။ အခုဆိုရင္ ေဆးရံုမွာ ကိုဗစ္နဲ႔ တက္ေနတဲ့ လူနာ ၇၀ ေလာက္ရွိတယ္။ တခါမွ အဲဒီေလာက္ မရွိဘူး။"
ဖေလာ္ရီဒါျပည္နယ္မွာ ကန္႔သတ္ထားတဲ့ lock-down ေတြကို စဖြင့္ေပးလိုက္ၿပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း ျမင့္တက္လာတဲ့အေၾကာင္းရင္းမွာ လူေတြရဲ႕ ေရာဂါနဲ႔ ပတ္သက္လို႔ ေပါ့ဆမႈေတြေၾကာင့္လည္းပါတယ္လို႔ ေဒါက္တာ စိုးပိုင္က ဆိုပါတယ္။ အထူးသျဖင့္ လူငယ္ေတြအေနနဲ႔ ကမ္းေျခနဲ႕ အျခား အပမ္းေျဖစရာ ေနရာေတြမွာလူစုလူေ၀း နဲ႔ ပါတီလုပ္ခဲ့တာေတြေၾကာင့္လည္း ပါတယ္လို႔ သူက အခုလိုေျပာပါတယ္။
"မဆင္မျခင္၊ isolation မလုပ္ပဲနဲ႔ beach ေတြသြားတယ္။ လူစုတယ္။ ပါတီပဲြေတြလုပ္တယ္။ ဘားေတြမွာ လူစုတယ္။ ေနာက္တခု အဆိုးဆံုးက mask ကို မတပ္ၾကတာပဲ။ ဟိုးတေလာက ျပန္ၿပီးေတာ့ ဖြင့္လိုက္ၿပီးတဲ့ေနာက္မွာ လူေတြက ျပန္ၿပီး မျဖစ္ေလာက္ေတာ့ဘူးလို႔ ထင္ၿပီး ရဲတင္းလာၾကတယ္။ အဲဒါနဲ႔ ေနာက္ပိုင္းမွာ ကူးစက္မႈႏႈန္းက သိသိသာသာတက္လာတာ။"
က်န္းမာေရး ကြ်မ္းက်င္သူေတြကေတာ့ အခုလို ဖေလာ္ရီဒါျပည္နယ္မွာ ဗိုင္းရပ္စ္ကူးစက္မႈ အဆမတန္ ျမင့္တက္လာတဲ့ႏႈန္းဟာ ၾသဂုတ္ ဒါမွမဟုတ္ စက္တင္ဘာလအထိ ရွိႏိုင္ေၾကာင္း သတိေပးထားပါတယ္။ အရင္က COVID ကူးစက္မႈ ဗဟိုအခ်က္အခ်ာ ျဖစ္ခဲ့တဲ့ နယူးေရာက္ျပည္နယ္မွာ ကိုဗစ္လူနာ ေသဆံုးမႈ ၃၂,၀၀၀ ေက်ာ္ ထိရွိခဲ့တာပါ။ ဒါေပမဲ့ အခု အေျခအေနအဆိုးရြာဆံုးျဖစ္ေနတဲ့ ဖေလာ္ရီဒါမွာေတာ့ ကိုဗစ္ေၾကာင့္ လူေသဆံုးမႈ အဲဒီေလာက္ မမ်ားဘူးလို႔ ေဒါက္တာ စိုးပိုင္က ေျပာပါတယ္။
"က်ေနာ္က data ေတာ့ ေသခ်ာမသိဘူး။ ဒါေပမဲ့ နယူးေရာက္ျဖစ္တုန္းက ေသဆံုးတဲ့ ႏႈန္း ပိုမ်ားပံုရတယ္။ နယူးေရာက္မွာ ျဖစ္တဲ့အခ်ိန္တုန္းက Chloroquie ငွက္ဖ်ားေဆးပဲ ရွိေသးတာ။ အခု ေနာက္ပိုင္းေတာ့ ေဆးကုထံုးေတြမွာ ပိုၿပီး option နည္းလမ္းေတြ ပိုၿပီးရွိလာတယ္။"
လက္ရွိ ဖေလာ္ရီဒါျပည္နယ္က ေဆးရံုေတြမွာ လူနာေတြနဲ႔ ျပည့္က်ပ္လာေနတာေၾကာင့္ ေရာဂါနဲနဲသက္သာလာၿပီဆိုတာနဲ႔ ေအာက္စီဂ်င္ ၅ လီတာအထိေပးတဲ့ ကိရိယာေတြနဲ႔ အတူ အိမ္ေတြကို ျပန္လႊတ္ေနရတယ္လို႔ လည္း ေဒါက္တာစိုးပိုင္က ဆိုပါတယ္။ ဒီလို ကူးစက္မႈအေျခအေနေတြ ဆိုးရြာေနေပမယ့္ ျပည္နယ္အစိုးရဘက္က ျပန္ၿပီး lock down လုပ္တာမ်ဳိး တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္တာ မေတြ႕ရဘူးလို႔ သူက အခုလို ေျပာပါတယ္။
"ပိုၿပီး ျပန္ၿပီး တင္းၾကပ္တာေတြ လုပ္တာမ်ဳိးေတာ့ မရွိဘူး။ ေက်ာင္းေတြေတာင္ ျပန္ဖြင့္မယ္လို႔ ေျပာေနတယ္။ အခုေလာေလာဆယ္ေတာ့ ေက်ာင္းေတြ ပိတ္ထားတာေပါ့။ ၾသဂုတ္လမွာ ဖြင့္မလိုလို၊ option ေတြေပးမယ္ေပါ့။ အခုေတာ့ ေက်ာင္းသား မိဘေတြကို သေဘာထား စစ္တမ္းေတြ ေကာက္ေနတယ္။ ဒါေပမဲ့ လမ္းမွာေတာ့ ႏွာေခါင္းစည္းေတြကို မျဖစ္မေန တပ္ရမယ္လို႔ အမိန္႔ ထုတ္ထားတယ္။"
ေမး။ ။ ေဒါက္တာစိုးပိုင္ ကိုယ္တိုင္လည္း ေဆးရံုမွာ ကိုဗစ္လူနာေတြကို ကုသေပးေနရေတာ့ အခုေနာက္ဆံုး ဘယ္လို ကုထုံးေတြနဲ႔ ကုသေပးေနလဲရွင့္။
ေျဖ။ ။ အရင္က သံုးခဲ့တဲ့ Chloroquie ငွက္ဖ်ားေဆးကို အခု လုံးဝမသုံးေတာ့ဘူး။ အဲဒီအစားDexamethasone လို႕ေခၚတဲ့ Steroid ေဆးေပးတယ္။ ေနာက္တဆင့္ ဆိုးလာရင္ Remdesvir ေပးတယ္။ ေနာက္ ICU မွာေတာ့ Plasma နဲ႔ကုတယ္။ ေနာက္ ဗိုင္းရပ္စ္ေဆး အသစ္သံုးလာတာေတြရွိတယ္။ တခုထူးျခားတာက ေနာက္ပိုင္းမွာ Serum D_Dimer ဆိုတဲ့ ေသြးကို ေစာင့္ၾကည့္ စစ္ေဆးတဲ့ နည္းကို သံုးတယ္။ သူက ေသြးခဲႏႈန္းကို တိုင္းတာ။ အဲဒါတက္လာတယ္ဆိုရင္ Heparin drip ဒါမွမဟုတ္ ေသြးက်ဲေဆး အျပည့္ ေပးတယ္။ အခု ကိုဗစ္ျဖစ္တဲ့အခါမွာ ေသြးခဲတာ၊ stroke (ေလျဖတ္တာ)၊ heart attack (ရုတ္တရက္ ႏွလံုးေဖာက္တာ) နဲ႔ အဆုတ္ထဲမွာ ေသြးခဲတာေတြ ျဖစ္တတ္တယ္။"
ဖေလာ္ရီဒါျပည္နယ္ က်န္းမာေရးဌာနရဲ႕ အဂၤါေန႔ ထုတ္ျပန္ခ်က္အရ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူေပါင္း ၁၃၂ ဦးရွိေနၿပီး တရက္တည္း ကူးစက္သူေပါင္း ၉,၁၉၄ ရွိခဲ့တယ္လို႔ ေဖၚျပထားပါတယ္။ မိုင္ယာမီ တကၠသိုလ္က ကူးစက္ေရာဂါ ကြ်မ္းက်င္သူ ေဒါက္တာ Lilian Abbo ကေတာ့ မိုင္ယာမီဟာ တရုတ္ႏိုင္ငံမွာ စတင္ခဲ့တဲ့ ၀ူဟန္ၿမိဳ႕ မွာ ျဖစ္ခဲ့တဲ့အတိုင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္လာေနၿပီး အကူအညီေတြ အလြန္လိုအပ္ေနေၾကာင္း သတိေပးေျပာဆိုခဲ့ပါတယ္။
[Unicode Version]
ကိုဗစ်ကူးစက်မှုဆိုးနေတဲ့ ဖလော်ရီဒါက မြန်မာဆရာဝန်တဦး အတွေ့အကြုံ
အခုနောက်ပိုင်း ကိုဗစ်လူနာတွေမှာ သွေးခဲတာ၊ ရုတ်တရက် လေဖြတ်တာ၊ အဆုတ်ထဲ သွေးခဲတာ၊ နှလုံးရုတ်တရက် ဖောက်လာတာတွေ တွေ့ရှိရကြောင်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က အထွေထွေအထူးကု ဒေါက်တာစိုးပိုင်က ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တနေ့တည်း COVID ကူးစက်မှုနှုန်းအများဆုံးအဖြစ် စံချိန်သစ်ချိုးသွားတဲ့ ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်လူနာတွေကို ကုသနေတဲ့ ဒေါက်တာစိုးပိုင်ရဲ့ အတွေ့အကြုံကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ တနေ့တည်းလူပေါင်း ၁၅,၀၀၀ ကျော်ကူးစက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်ဟာ အခုဆိုရင် ကမ္ဘာမှာ COVID-19 ရောဂါ ပြန့်ပွားမှု ဗဟိုအချက်အချာဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ သုံးလကျော် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဆိုးရွားလာချိန်မှာ ဖလော်ရီဒါမှာ အခြေအနေ မဆိုးပေမဲ့ ဇွန်လ လယ်ပိုင်းက စပြီး ကူးစက်မှုနှုန်း အရှိန်မြင့်လာပြီး ဆေးရုံတွေမှာ ကိုဗစ် လူနာတွေ မဆန့်အောင် များပြားလာတဲ့ အခြေအနေကို Jackson Memorial ဆေးရုံ အထွေထွေအထူးကု ဒေါက်တာ စိုးပိုင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"လွန်ခဲ့တဲ့ သုံးပတ်၊ လေးပတ် လောက်ကစပြီး သိသိသာသာ ထိုးတက်လာတာ။ ဆေးရုံ ၅၆ ခုက ICU မှာရှိတဲ့ ကုတင်တွေ မလောက်တော့ဘူး။ ကျနော်တို့ ဆေးရုံမှာသိသိသာသာ နံပတ်က တက်လာတယ်။ အခုဆိုရင် ဆေးရုံမှာ ကိုဗစ်နဲ့ တက်နေတဲ့ လူနာ ၇၀ လောက်ရှိတယ်။ တခါမှ အဲဒီလောက် မရှိဘူး။"
ဖလော်ရီဒါပြည်နယ်မှာ ကန့်သတ်ထားတဲ့ lock-down တွေကို စဖွင့်ပေးလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အကြောင်းရင်းမှာ လူတွေရဲ့ ရောဂါနဲ့ ပတ်သက်လို့ ပေါ့ဆမှုတွေကြောင့်လည်းပါတယ်လို့ ဒေါက်တာ စိုးပိုင်က ဆိုပါတယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ ကမ်းခြေနဲ့ အခြား အပမ်းဖြေစရာ နေရာတွေမှာလူစုလူဝေး နဲ့ ပါတီလုပ်ခဲ့တာတွေကြောင့်လည်း ပါတယ်လို့ သူက အခုလိုပြောပါတယ်။
"မဆင်မခြင်၊ isolation မလုပ်ပဲနဲ့ beach တွေသွားတယ်။ လူစုတယ်။ ပါတီပွဲတွေလုပ်တယ်။ ဘားတွေမှာ လူစုတယ်။ နောက်တခု အဆိုးဆုံးက mask ကို မတပ်ကြတာပဲ။ ဟိုးတလောက ပြန်ပြီးတော့ ဖွင့်လိုက်ပြီးတဲ့နောက်မှာ လူတွေက ပြန်ပြီး မဖြစ်လောက်တော့ဘူးလို့ ထင်ပြီး ရဲတင်းလာကြတယ်။ အဲဒါနဲ့ နောက်ပိုင်းမှာ ကူးစက်မှုနှုန်းက သိသိသာသာတက်လာတာ။"
ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ အခုလို ဖလော်ရီဒါပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်မှု အဆမတန် မြင့်တက်လာတဲ့နှုန်းဟာ သြဂုတ် ဒါမှမဟုတ် စက်တင်ဘာလအထိ ရှိနိုင်ကြောင်း သတိပေးထားပါတယ်။ အရင်က COVID ကူးစက်မှု ဗဟိုအချက်အချာ ဖြစ်ခဲ့တဲ့ နယူးရောက်ပြည်နယ်မှာ ကိုဗစ်လူနာ သေဆုံးမှု ၃၂,၀၀၀ ကျော် ထိရှိခဲ့တာပါ။ ဒါပေမဲ့ အခု အခြေအနေအဆိုးရွာဆုံးဖြစ်နေတဲ့ ဖလော်ရီဒါမှာတော့ ကိုဗစ်ကြောင့် လူသေဆုံးမှု အဲဒီလောက် မများဘူးလို့ ဒေါက်တာ စိုးပိုင်က ပြောပါတယ်။
"ကျနော်က data တော့ သေချာမသိဘူး။ ဒါပေမဲ့ နယူးရောက်ဖြစ်တုန်းက သေဆုံးတဲ့ နှုန်း ပိုများပုံရတယ်။ နယူးရောက်မှာ ဖြစ်တဲ့အချိန်တုန်းက Chloroquie ငှက်ဖျားဆေးပဲ ရှိသေးတာ။ အခု နောက်ပိုင်းတော့ ဆေးကုထုံးတွေမှာ ပိုပြီး option နည်းလမ်းတွေ ပိုပြီးရှိလာတယ်။"
လက်ရှိ ဖလော်ရီဒါပြည်နယ်က ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်လာနေတာကြောင့် ရောဂါနဲနဲသက်သာလာပြီဆိုတာနဲ့ အောက်စီဂျင် ၅ လီတာအထိပေးတဲ့ ကိရိယာတွေနဲ့ အတူ အိမ်တွေကို ပြန်လွှတ်နေရတယ်လို့ လည်း ဒေါက်တာစိုးပိုင်က ဆိုပါတယ်။ ဒီလို ကူးစက်မှုအခြေအနေတွေ ဆိုးရွာနေပေမယ့် ပြည်နယ်အစိုးရဘက်က ပြန်ပြီး lock down လုပ်တာမျိုး တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာ မတွေ့ရဘူးလို့ သူက အခုလို ပြောပါတယ်။
"ပိုပြီး ပြန်ပြီး တင်းကြပ်တာတွေ လုပ်တာမျိုးတော့ မရှိဘူး။ ကျောင်းတွေတောင် ပြန်ဖွင့်မယ်လို့ ပြောနေတယ်။ အခုလောလောဆယ်တော့ ကျောင်းတွေ ပိတ်ထားတာပေါ့။ သြဂုတ်လမှာ ဖွင့်မလိုလို၊ option တွေပေးမယ်ပေါ့။ အခုတော့ ကျောင်းသား မိဘတွေကို သဘောထား စစ်တမ်းတွေ ကောက်နေတယ်။ ဒါပေမဲ့ လမ်းမှာတော့ နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ရမယ်လို့ အမိန့် ထုတ်ထားတယ်။"
မေး။ ။ ဒေါက်တာစိုးပိုင် ကိုယ်တိုင်လည်း ဆေးရုံမှာ ကိုဗစ်လူနာတွေကို ကုသပေးနေရတော့ အခုနောက်ဆုံး ဘယ်လို ကုထုံးတွေနဲ့ ကုသပေးနေလဲရှင့်။
ဖြေ။ ။ အရင်က သုံးခဲ့တဲ့ Chloroquie ငှက်ဖျားဆေးကို အခု လုံးဝမသုံးတော့ဘူး။ အဲဒီအစားDexamethasone လို့ခေါ်တဲ့ Steroid ဆေးပေးတယ်။ နောက်တဆင့် ဆိုးလာရင် Remdesvir ပေးတယ်။ နောက် ICU မှာတော့ Plasma နဲ့ကုတယ်။ နောက် ဗိုင်းရပ်စ်ဆေး အသစ်သုံးလာတာတွေရှိတယ်။ တခုထူးခြားတာက နောက်ပိုင်းမှာ Serum D_Dimer ဆိုတဲ့ သွေးကို စောင့်ကြည့် စစ်ဆေးတဲ့ နည်းကို သုံးတယ်။ သူက သွေးခဲနှုန်းကို တိုင်းတာ။ အဲဒါတက်လာတယ်ဆိုရင် Heparin drip ဒါမှမဟုတ် သွေးကျဲဆေး အပြည့် ပေးတယ်။ အခု ကိုဗစ်ဖြစ်တဲ့အခါမှာ သွေးခဲတာ၊ stroke (လေဖြတ်တာ)၊ heart attack (ရုတ်တရက် နှလုံးဖောက်တာ) နဲ့ အဆုတ်ထဲမှာ သွေးခဲတာတွေ ဖြစ်တတ်တယ်။"
ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဌာနရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၃၂ ဦးရှိနေပြီး တရက်တည်း ကူးစက်သူပေါင်း ၉,၁၉၄ ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မိုင်ယာမီ တက္ကသိုလ်က ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Lilian Abbo ကတော့ မိုင်ယာမီဟာ တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ ဝူဟန်မြို့ မှာ ဖြစ်ခဲ့တဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုအချက်အချာဖြစ်လာနေပြီး အကူအညီတွေ အလွန်လိုအပ်နေကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။