(Zawgyi/Unicode)
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ေလ်ာ့နည္းလာတာနဲ႔အမွ် ကမာၻတ၀န္းႏိုင္ငံေတြမွာ သြားလာလႈပ္ရွားမႈ ကန္႔သတ္ထားတာေတြကုိ ေလွ်ာ့ခ်လာေနပါတယ္။
ၾသစႀတီးယားႏုိင္ငံကလည္း ဂ်ာမနီႏုိင္ငံနဲ႔ နယ္စပ္ကုိ ဇြန္လ ၁၅ ရက္ေန႔ကစ ျပန္ဖြင့္မယ့္အေၾကာင္း ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ေတြ ေဆြးေႏြးၿပီးေနာက္ ဒီကေန႔ပဲ ေၾကညာလုိက္တာပါ။ မကၠစီကုိႏုိင္ငံမွာလည္း ေဆာက္လုပ္ေရး၊ သတၳဳတူးေဖာ္ေရးနဲ႔ ကားထုတ္လုပ္ေရး လုပ္ငန္းေတြကုိ မျဖစ္မေနလုပ္ရမယ့္ လုပ္ငန္းေတြအျဖစ္ အေထြေထြက်န္းမာေရးေကာင္စီက သတ္မွတ္လုိက္ပါတယ္။ ဒီလုပ္ငန္းေတြ ျပန္လုပ္ခြင့္ရမွာ ျဖစ္ေပမဲ့ တျခားစီးပြားေရး လုပ္ငန္းေတြကုိေတာ့ ကန္႔သတ္တားျမစ္ထားဆဲ ျဖစ္ပါတယ္။
မကၠစီကုိႏုိင္ငံမွာ စီးပြားေရးလုပ္ငန္းေတြကုိ တျဖည္းျဖည္းခ်င္း ျပန္လုပ္ခြင့္ေပးမဲ့ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ သမၼတ Andrés Manuel López Obrador ဒီကေန႔ ေၾကညာဖုိ႔ ရွိေနခ်ိန္မွာပဲ က်န္းမာေရးတာ၀န္ရွိသူေတြရဲ႕ ေၾကညာခ်က္ထြက္ေပၚလာခဲ့တာပါ။ မကၠစီကုိႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၃,၉၀၀ ေက်ာ္နဲ႔ ကူးစက္မႈ ၃၈,၀၀၀ ရွိေၾကာင္း အတည္ျပဳထားပါတယ္။
ကမာၻတ၀န္းႏိုင္ငံေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ ဥေရာပမွာ စီးပြားေရးလုပ္ငန္းေတြ တျဖည္းျဖည္းခ်င္း ျပန္လုပ္ခြင့္ေပးလာေနေပမဲ့ ကန္႔သတ္ခ်က္ေတြကုိ အလ်င္စလုိ ေလွ်ာ့ေပးလုိက္ရင္ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ႀကီးထြားလာႏုိင္တယ္လုိ႔လည္း က်န္းမာေရးပညာရွင္ေတြက သတိေပးေနၾကပါတယ္။
[Unicode Version]
COVID-19 ကြောင့် ကန့်သတ်ထားတာတွေ ကမ္ဘာတဝန်း ပြန်ဖြေလျော့လာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့နည်းလာတာနဲ့အမျှ ကမ္ဘာတဝန်းနိုင်ငံတွေမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ထားတာတွေကို လျှော့ချလာနေပါတယ်။
သြစတြီးယားနိုင်ငံကလည်း ဂျာမနီနိုင်ငံနဲ့ နယ်စပ်ကို ဇွန်လ ၁၅ ရက်နေ့ကစ ပြန်ဖွင့်မယ့်အကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက် ဒီကနေ့ပဲ ကြေညာလိုက်တာပါ။ မက္ကစီကိုနိုင်ငံမှာလည်း ဆောက်လုပ်ရေး၊ သတ္ထုတူးဖော်ရေးနဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေကို မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတွေအဖြစ် အထွေထွေကျန်းမာရေးကောင်စီက သတ်မှတ်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေ ပြန်လုပ်ခွင့်ရမှာ ဖြစ်ပေမဲ့ တခြားစီးပွားရေး လုပ်ငန်းတွေကိုတော့ ကန့်သတ်တားမြစ်ထားဆဲ ဖြစ်ပါတယ်။
မက္ကစီကိုနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်လုပ်ခွင့်ပေးမဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတ Andrés Manuel López Obrador ဒီကနေ့ ကြေညာဖို့ ရှိနေချိန်မှာပဲ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ မက္ကစီကိုနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၃,၉၀၀ ကျော်နဲ့ ကူးစက်မှု ၃၈,၀၀၀ ရှိကြောင်း အတည်ပြုထားပါတယ်။
ကမ္ဘာတဝန်းနိုင်ငံတော်တော်များများ အထူးသဖြင့် ဥရောပမှာ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်းချင်း ပြန်လုပ်ခွင့်ပေးလာနေပေမဲ့ ကန့်သတ်ချက်တွေကို အလျင်စလို လျှော့ပေးလိုက်ရင် ရောဂါကူးစက်မှုတွေ တကျော့ပြန် ကြီးထွားလာနိုင်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်