သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ကမ္ဘာတဝန်း မေဒေး အလုပ်သမားနေ့ ကျင်းပရေးအခက်တွေ့


Turkey နိုင်ငံမှာ မေဒေးကျင်းပ
Turkey နိုင်ငံမှာ မေဒေးကျင်းပ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်ကြောင့် မေလ တရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့ ကို ကမ္ဘာတဝန်း ခါတိုင်းနှစ်တွေလို မကျင်းပနိုင်ပဲ ဖြစ်နေပါတယ်။

ကမ္ဘာတလွှားက အလုပ်သမားတွေဟာ ဒီအလုပ်သမားနေ့ကို စုစုဝေးဝေး ကျင်းပလေ့ရှိပေမယ့် ဒီနှစ် မှာတော့ နိုင်ငံအများအပြားမှာ နေအိမ်တွေမှာပဲ နေဖို့ အမိန့်ထုတ်ပြန်ထားသလို ခရီးသွားတားမြစ်မှုတွေပါ ရှိနေတာကြောင့် အလုပ်သမားနေ့ ကျင်းပမယ့် အဖွဲ့တွေက တခြားနည်းလမ်းတွေနဲ့ ကျင်းပကြပါတယ်။

တချို့ ဥရောပ နိုင်ငံတွေမှာ အလုပ်သမားနေ့ ပွဲ ကျင်းပဖို့ ဖျက်သိမ်းခဲ့ပေမယ့် ဒီရောဂါဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ စပိန်ှမှာတော့ အပြင်ထွက် စုဝေးမှုကို တရားရုံး တွေက ခွင့်မပြုကြတဲ့ အတွက် အလုပ်သမားသမဂ္ဂတွေက ကွန်ပြူတာ အွန်လိုင်းကနေ ပွဲတွေ ကျင်းပကြပါတယ်။

ဂျာမဏီ အလုပ်သမားသမဂ္ဂ တွေကလည်း လူထု စုဝေးမှုတွေ အစား အင်တာနက်နဲ့ ရေဒီယိုအသံလွှင့် ဌာန တွေကနေ တဆင့် မိန့်ခွန်းတွေ ပြောတာ၊ တေးဂီတနဲ့ ဖျော်ဖြေတာတွေ လုပ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း နှစ်စဉ် ကျင်းပနေကျ အလုပ်သမားနေ့ ပွဲတော် ၂ ခု မကျင်းပနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ နိုင်ငံတဝန်းက မလုပ်မနေရ အရေးပါတဲ့ လုပ်သားတွေက အခုလို ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ အလုပ်ခွင် အခြေနေပိုဆိုးဝါးလာနေတာ အတွက် နိုင်ငံတကာအလုပ်သမားနေ့မှာ နိုင်ငံတဝန်း ဆန္ဒပြခဲ့ကြပြီး အလုပ်သမား ရပိုင်ခွင့်တွေကို တောင်းဆိုနေကြပါတယ်။

အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သောကြာနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ (၃,၃၂၁,၄၀၂) ၃.၂ သန်းကျော်နဲ့ သေဆုံးရသူက (၂၃၇,၁၈၀) နှစ်သိန်းလေးသောင်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...........

COVID-19 ကွောင့ျ ကမ်ဘာတဝှမျး မဒေေး အလုပျသမားနေ့ ကငြျးပရေးအခကျတှေ့

(Unicode)








XS
SM
MD
LG