သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ဗီဇေျပာင္း ကိုဗစ္ပိုးကူးစက္မႈ ပညာရွင္ေတြ သတိေပး 


Virus Outbreak Myanmar

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ 19 ဗီဇေျပာင္း ေရာဂါပိုး ကူးစက္မႈေတြ တေက်ာ့ျပန္ မ်ားလာေနတာေၾကာင့္ သြားလာတဲ့အခါ ႏွာေခါင္းစည္းေတြ တပ္ဆင္ဖို႔ အမ်ားျပည္သူကို က်န္းမာေရးပညာရွင္ေတြနဲ႔ တာ၀န္ရွိသူေတြ ေဆာ္ၾသေနပါတယ္။ ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရး အေျခအေန သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။  

ျမန္မာႏိုင္ငံတြင္း ဗီဇေျပာင္း ကိုဗစ္ပိုးကူးစက္မႈ ပညာရွင္ေတြ သတိေပး

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ 19 ဗီဇေျပာင္း ေရာဂါပိုး ကူးစက္မႈေတြ တေက်ာ့ျပန္ မ်ားလာေနတာေၾကာင့္ သြားလာတဲ့အခါ ႏွာေခါင္းစည္းေတြ တပ္ဆင္ဖို႔ အမ်ားျပည္သူကို က်န္းမာေရးပညာရွင္ေတြနဲ႔ တာ၀န္ရွိသူေတြ ေဆာ္ၾသေနပါတယ္။ ကာကြယ္ေဆး ထိုးၿပီးသားသူေတြပါ ေရာဂါျပန္ ကူးစက္ေနတဲ့အတြက္ က်န္းမာေရးဆိုင္ရာ လိုက္နာရမယ့္ စည္းမ်ဥ္း သတ္မွတ္ခ်က္ေတြကို တိတိက်က် လိုက္နာဖို႔ ပညာရွင္ေတြက တိုက္တြန္းေနသလို၊ ႀကိဳတင္ ျပင္ဆင္မႈေတြလည္း လုပ္ေနတဲ့အေၾကာင္း ပရဟိတၱကူညီေရး အဖြဲ႕ေတြက ေျပာပါတယ္။ ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရး အေျခအေန သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂၂ ရက္ ထုတ္ျပန္ခ်က္ထဲမွာ ျပည္တြင္းမွာ ၂၄ နာရီအတြင္း ဓာတ္ခြဲအတည္ျပဳလူနာ ၄၀၉ ဦးရွိထားၿပီး၊ ေသဆုံးသူ ၁ ဦးရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ေရာဂါကူးစက္ခံရမႈ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္မွာ ေနမေကာင္းသူ ဖ်ားနာသူေတြ အခုေနာက္ပိုင္း ေတြ႕လာရေပမယ့္ ကိုဗစ္ဟုတ္၊ မဟုတ္ စစ္ေဆးမႈေတြ သိပ္မလုပ္ၾကေတာ့ဘူးလို႔ ကပ္ေရာဂါကာကြယ္ေရးမွာ ပါဝင္သူေတြက ေျပာပါတယ္။ ေရာဂါကူးစက္ခံရတာေတြ မ်ားလာေနလို႔ ကပ္ေရာဂါကာကြယ္ေရး နည္းလမ္းေတြထဲက ႏွာေခါင္းစည္းတပ္တဲ့ အေလ့အထ ျပန္လုပ္ဖို႔ကို ကိုဗစ္ကာကြယ္ေရး အပါအဝင္ ပရဟိတေဆာင္႐ြက္ေပးေနတဲ့ ရန္ကုန္အေျခစိုက္ ပရဟိတအဖြဲ႕တာဝန္ခံတဦးက ေျပာပါတယ္။

"ဒီတေခါက္မွာက်ေတာ့ ကာကြယ္ေဆးထိုးထားတာ မ်ားလာတာေတြလည္း ရွိတယ္။ ေနာက္ ျပည္သူလူထုကလည္း ကိုဗစ္ကို အရမ္းႀကီးစိုးရိမ္မႈ မရွိေတာ့ဘဲနဲ႔ ပုံမွန္သေဘာမ်ိဳးနဲ႔ ျဖစ္လာရင္ အိမ္ထဲမွာပဲ ကိုယ့္ဟာကိုယ္ေနၿပီးေတာ့ ကုသမႈခံယူတယ္ေပါ့ေနာ္။ အဲဒီလို အပိုင္းေလးေတြပဲျဖစ္တာ က်ေနာ္တို႔က ေတြ႕လာရတယ္ဗ်။ အဓိက ႏွာေခါင္းစည္းတပ္တာကလည္း တခ်ိဳ႕ေနရာေတြမွာ မတပ္ၾကေတာ့ဘူးဆိုေတာ့ က်ေနာ္တို႔ကေတာ့ စိတ္ပူတာေပါ့။ သို႔ေသာ္ ျပည္သူေတြဘက္ကက်ေတာ့လည္း တခါတေလက်လို႔ရွိရင္ ဒီေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ အရင္ကေလာက္ သိပ္အာ႐ုံမစိုက္ေတာ့တဲ့အတြက္ ေပါ့ေပါ့ေလးေတြးတာေတြလည္း ရွိတယ္လို႔ေတာ့ က်ေနာ္တို႔ေတာ့ ျမင္မိပါတယ္၊ ထင္မိပါတယ္ဗ်။"

ၿပီးခဲ့တဲ့ ကိုဗစ္တတိယလႈိင္းျဖစ္ပြားခဲ့တဲ့ အခ်ိန္ေက်ာင္းနဲ႔ ေစ်းေတြကေန ကပ္ေရာဂါ အစုလိုက္ကူးစက္မႈေတြ ေနရာတခ်ိဳ႕မွာ ေပၚေပါက္ခဲ့ပါတယ္။ ဒီလိုကူးစက္မႈေတြ ရွိခဲ့ဖူးတဲ့ ပဲခူးတိုင္းမွာ ကပ္ေရာဂါကာကြယ္ေရး နည္းလမ္းေတြနဲ႔ လူနာေတြအတြက္ လိုအပ္ခ်က္ေတြကို ျပင္ဆင္ထားေပမယ့္ ျပည္သူေတြဘက္က လိုက္နာမႈအားနည္းေနတယ္လို႔ ပဲခူးတိုင္း က်န္းမာေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

"စည္းကမ္းပိုင္းပဲ လိုတာေပါ့ေနာ္။ Mask တပ္တာမ်ိဳးေပါ့။ ျပည္သူေတြကလည္း အခက္အခဲေတြအမ်ားႀကီး ရွိၾကတာကိုး။ စီးပြားေရးေရာ အကုန္လုံး အခက္အခဲေလးေတြ ျဖစ္ေနၾကတဲ့ အခါက်ေတာ့လည္းပဲ အထိန္းအသိမ္းေလးေတြေတာ့ ရွိတာေပါ့။"

တာခ်ီလိတ္ၿမိဳ႕မွာေတာ့ ကပ္ေရာဂါကူးစက္ခံရသူ အတည္ျပဳလူနာေတြ႕ရွိတာမၾကာေသးဘူးလို႔ ေဒသတြင္း ကိုဗစ္တိုက္ဖ်က္ေရး အဖြဲ႕ဝင္တဦးက ေျပာပါတယ္။ ဒါေပမယ့္လည္း လူနာေတြအတြက္ အေထာက္အကူျဖစ္မယ့္ ေဆးပစၥည္းေတြနဲ႔ ေဆးဝါးေတြကိုေတာ့ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

"တာခ်ီလိတ္မွာေတာ့ အခုလတ္တေလာ ၂ ေယာက္စ၊ ၃ ေယာက္စေတာ့ မေန႔ကစေတြ႕တယ္။ အမ်ားႀကီးေတာ့ မေတြ႕ေသးဘူးခင္ဗ်။ က်ေနာ္တို႔ကေတာ့ အခု ဒီကိုဗစ္လကၡဏာေတြ ပိုၿပီးျဖစ္လာတဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားတာကေတာ့ လူ ၂၀၀၊ ၃၀၀ စာကို ၂ လစာေလာက္အထိ က်ေနာ္တို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးသား ရွိတယ္။"

အသက္ ၅ ႏွစ္နဲ႔ အထက္ရွိသူတိုင္း ကိုဗစ္ကာကြယ္ေဆး ထိုးႏွံဖို႔နဲ႔ ႏွာေခါင္းစည္း Mask တပ္တာ၊ လက္ေဆးတာ၊ လူစုလူေဝး ေရွာင္ၾကဥ္တာ ဒီအခ်က္ေတြကို ေသခ်ာေဆာင္႐ြက္ၾကဖို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ပါဝင္သူေတြက သတိေပးေနပါတယ္။ အရင္က ကပ္ေရာဂါေၾကာင့္ ေရာဂါျဖစ္ပြားကူးစက္ခံရသူေတြနဲ႔ ေသဆုံးသူ အေတာ္မ်ားမ်ားရွိခဲ့ၿပီး တရား၀င္စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ အတည္ျပဳလူနာ ၆ ၂ဝဝဝဝ ေသာင္းေက်ာ္ရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၁၉ ၀၀၀ ေက်ာ္ ရွိပါတယ္။ ကိုဗစ္လႈိင္းဒဏ္ကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံေတြေၾကာင့္ ပရဟိတေဆာင္႐ြက္သူေတြလည္း အခုတခါမွာ ပိုၿပီးသတိထားေနတယ္လို႔ ေျပာပါတယ္။

"ဒီတေခါက္ျဖစ္တဲ့ ကိုဗစ္က ယခင္ထက္လည္း နည္းနည္းေလးျပင္းတယ္လို႔လည္း ေျပာၾကတယ္ေပါ့။ အဓိကေတာ့ က်ေနာ္တို႔ရဲ႕ ေစတနာ့ဝန္ထမ္းေတြက အမ်ားကိုကူညီတဲ့အခါ ကိုယ္ကိုယ္တိုင္ လူနာျပန္မျဖစ္သြားဖို႔ကို ပိုဂ႐ုစိုက္ရပါတယ္။ အဲေတာ့ က်ေနာ္တို႔ကေတာ့ ကိုဗစ္နဲ႔မဆိုင္တဲ့ သာမန္လူနာ သယ္ယူပို႔ေဆာင္မႈေတြကို လုပ္တဲ့အခါမွာ လူနာက ဘာေရာဂါရွိမွန္း ႀကိဳတင္မသိႏိုင္တဲ့အတြက္ ႀကိဳတင္ကာကြယ္မႈေတြကိုလည္း ပိုလုပ္ရပါတယ္။ ကိုယ့္အသင္းဝင္ေတြ ကူးစက္မႈမခံရေအာင္လည္း ကာကြယ္ေဆးထိုးတာ၊ လိုအပ္တဲ့ကာကြယ္မႈေတြ ပိုလုပ္ၿပီးေတာ့ သတိထားေဆာင္႐ြက္ေနရပါတယ္။ က်ေနာ္တို႔က ကူညီရတဲ့သူေတြဆိုေတာ့ က်ေနာ္တို႔ရဲ႕ ကူညီမႈအား မေလ်ာ့သြားေအာင္ေတာ့ အထူးသတိထား ေဆာင္႐ြက္ေနရပါတယ္ခင္ဗ်ာ။"

ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြထဲက ေရာဂါအခံရွိသူေတြမွာ ၂ ရာခိုင္ႏႈန္းေလာက္က ေရာဂါကာကြယ္ေဆး ၃ ႀကိမ္ထိုးထားၿပီးသူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ေရာဂါကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၾကဖို႔နဲ႔ ေနာက္ထပ္တႀကိမ္ ကာကြယ္ေဆးထပ္ၿပီး ထိုးႏွံဖို႔ကိုလည္း က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

မြန်မာနိုင်ငံတွင်း ဗီဇပြောင်း ကိုဗစ်ပိုးကူးစက်မှု ပညာရှင်တွေ သတိပေး

{{Zawgyi/Unicode}}
မြန်မာနိုင်ငံအတွင်း ကိုဗစ် 19 ဗီဇပြောင်း ရောဂါပိုး ကူးစက်မှုတွေ တကျော့ပြန် များလာနေတာကြောင့် သွားလာတဲ့အခါ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ အများပြည်သူကို ကျန်းမာရေးပညာရှင်တွေနဲ့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။ ကာကွယ်ဆေး ထိုးပြီးသားသူတွေပါ ရောဂါပြန် ကူးစက်နေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်း သတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာဖို့ ပညာရှင်တွေက တိုက်တွန်းနေသလို၊ ကြိုတင် ပြင်ဆင်မှုတွေလည်း လုပ်နေတဲ့အကြောင်း ပရဟိတ္တကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်ထဲမှာ ပြည်တွင်းမှာ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၄၀၉ ဦးရှိထားပြီး၊ သေဆုံးသူ ၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ရောဂါကူးစက်ခံရမှု အများဆုံးရှိနေတဲ့ ရန်ကုန်မှာ နေမကောင်းသူ ဖျားနာသူတွေ အခုနောက်ပိုင်း တွေ့လာရပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးမှုတွေ သိပ်မလုပ်ကြတော့ဘူးလို့ ကပ်ရောဂါကာကွယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။ ရောဂါကူးစက်ခံရတာတွေ များလာနေလို့ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေထဲက နှာခေါင်းစည်းတပ်တဲ့ အလေ့အထ ပြန်လုပ်ဖို့ကို ကိုဗစ်ကာကွယ်ရေး အပါအဝင် ပရဟိတဆောင်ရွက်ပေးနေတဲ့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

"ဒီတခေါက်မှာကျတော့ ကာကွယ်ဆေးထိုးထားတာ များလာတာတွေလည်း ရှိတယ်။ နောက် ပြည်သူလူထုကလည်း ကိုဗစ်ကို အရမ်းကြီးစိုးရိမ်မှု မရှိတော့ဘဲနဲ့ ပုံမှန်သဘောမျိုးနဲ့ ဖြစ်လာရင် အိမ်ထဲမှာပဲ ကိုယ့်ဟာကိုယ်နေပြီးတော့ ကုသမှုခံယူတယ်ပေါ့နော်။ အဲဒီလို အပိုင်းလေးတွေပဲဖြစ်တာ ကျနော်တို့က တွေ့လာရတယ်ဗျ။ အဓိက နှာခေါင်းစည်းတပ်တာကလည်း တချို့နေရာတွေမှာ မတပ်ကြတော့ဘူးဆိုတော့ ကျနော်တို့ကတော့ စိတ်ပူတာပေါ့။ သို့သော် ပြည်သူတွေဘက်ကကျတော့လည်း တခါတလေကျလို့ရှိရင် ဒီရောဂါနဲ့ပတ်သက်ပြီးတော့ အရင်ကလောက် သိပ်အာရုံမစိုက်တော့တဲ့အတွက် ပေါ့ပေါ့လေးတွေးတာတွေလည်း ရှိတယ်လို့တော့ ကျနော်တို့တော့ မြင်မိပါတယ်၊ ထင်မိပါတယ်ဗျ။"

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့တဲ့ အချိန်ကျောင်းနဲ့ ဈေးတွေကနေ ကပ်ရောဂါ အစုလိုက်ကူးစက်မှုတွေ နေရာတချို့မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုကူးစက်မှုတွေ ရှိခဲ့ဖူးတဲ့ ပဲခူးတိုင်းမှာ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့ လူနာတွေအတွက် လိုအပ်ချက်တွေကို ပြင်ဆင်ထားပေမယ့် ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"စည်းကမ်းပိုင်းပဲ လိုတာပေါ့နော်။ Mask တပ်တာမျိုးပေါ့။ ပြည်သူတွေကလည်း အခက်အခဲတွေအများကြီး ရှိကြတာကိုး။ စီးပွားရေးရော အကုန်လုံး အခက်အခဲလေးတွေ ဖြစ်နေကြတဲ့ အခါကျတော့လည်းပဲ အထိန်းအသိမ်းလေးတွေတော့ ရှိတာပေါ့။"

တာချီလိတ်မြို့မှာတော့ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ့ရှိတာမကြာသေးဘူးလို့ ဒေသတွင်း ကိုဗစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါပေမယ့်လည်း လူနာတွေအတွက် အထောက်အကူဖြစ်မယ့် ဆေးပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုတော့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"တာချီလိတ်မှာတော့ အခုလတ်တလော ၂ ယောက်စ၊ ၃ ယောက်စတော့ မနေ့ကစတွေ့တယ်။ အများကြီးတော့ မတွေ့သေးဘူးခင်ဗျ။ ကျနော်တို့ကတော့ အခု ဒီကိုဗစ်လက္ခဏာတွေ ပိုပြီးဖြစ်လာတဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ လူ ၂၀၀၊ ၃၀၀ စာကို ၂ လစာလောက်အထိ ကျနော်တို့ ကြိုတင်ပြင်ဆင်ထားပြီးသား ရှိတယ်။"

အသက် ၅ နှစ်နဲ့ အထက်ရှိသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့နဲ့ နှာခေါင်းစည်း Mask တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေး ရှောင်ကြဉ်တာ ဒီအချက်တွေကို သေချာဆောင်ရွက်ကြဖို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်သူတွေက သတိပေးနေပါတယ်။ အရင်က ကပ်ရောဂါကြောင့် ရောဂါဖြစ်ပွားကူးစက်ခံရသူတွေနဲ့ သေဆုံးသူ အတော်များများရှိခဲ့ပြီး တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၆ ၂ဝဝဝဝ သောင်းကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁၉ ၀၀၀ ကျော် ရှိပါတယ်။ ကိုဗစ်လှိုင်းဒဏ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ပရဟိတဆောင်ရွက်သူတွေလည်း အခုတခါမှာ ပိုပြီးသတိထားနေတယ်လို့ ပြောပါတယ်။

"ဒီတခေါက်ဖြစ်တဲ့ ကိုဗစ်က ယခင်ထက်လည်း နည်းနည်းလေးပြင်းတယ်လို့လည်း ပြောကြတယ်ပေါ့။ အဓိကတော့ ကျနော်တို့ရဲ့ စေတနာ့ဝန်ထမ်းတွေက အများကိုကူညီတဲ့အခါ ကိုယ်ကိုယ်တိုင် လူနာပြန်မဖြစ်သွားဖို့ကို ပိုဂရုစိုက်ရပါတယ်။ အဲတော့ ကျနော်တို့ကတော့ ကိုဗစ်နဲ့မဆိုင်တဲ့ သာမန်လူနာ သယ်ယူပို့ဆောင်မှုတွေကို လုပ်တဲ့အခါမှာ လူနာက ဘာရောဂါရှိမှန်း ကြိုတင်မသိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပိုလုပ်ရပါတယ်။ ကိုယ့်အသင်းဝင်တွေ ကူးစက်မှုမခံရအောင်လည်း ကာကွယ်ဆေးထိုးတာ၊ လိုအပ်တဲ့ကာကွယ်မှုတွေ ပိုလုပ်ပြီးတော့ သတိထားဆောင်ရွက်နေရပါတယ်။ ကျနော်တို့က ကူညီရတဲ့သူတွေဆိုတော့ ကျနော်တို့ရဲ့ ကူညီမှုအား မလျော့သွားအောင်တော့ အထူးသတိထား ဆောင်ရွက်နေရပါတယ်ခင်ဗျာ။"

ကပ်ရောဂါကြောင့် သေဆုံးသူတွေထဲက ရောဂါအခံရှိသူတွေမှာ ၂ ရာခိုင်နှုန်းလောက်က ရောဂါကာကွယ်ဆေး ၃ ကြိမ်ထိုးထားပြီးသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြဖို့နဲ့ နောက်ထပ်တကြိမ် ကာကွယ်ဆေးထပ်ပြီး ထိုးနှံဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG