သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကိုဗစ္ကူးစက္သူနဲ႔ ဖ်ားနာသူအေရအတြက္ သိသိသာသာ ျမင့္တက္ေန


ရန္ကုန္ၿမိဳ႕ရွိ သေဘာၤဆိပ္မွာ ေတြ႔ရတဲ့ Covid -19 ေၾကျငာစာတမ္း။ (ဇူလိုင္ ၂၇၊ ၂၀၂၁) 

ျမန္မာႏိုင္ငံမွာ မေန႔ ညပိုင္းက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္ အတည္ျပဳလူနာ ၃၈၀ ေက်ာ္ ေတြ႕ရွိၿပီး ျပည္တြင္းကူးစက္ႏႈန္းေတြ ဆက္တိုက္ ျမင့္တက္လာေနပါတယ္။ အခုရက္ပိုင္း ျပင္ပေဆး႐ုံ ေဆးခန္းနဲ႔ ေနအိမ္ေတြမွာ ဖ်ားနာတဲ့သူေတြ သိသိသာသာ ပိုမ်ားလာတာေတြ႕ရၿပီး ကိုဗစ္ ဟုတ္၊ မဟုတ္ မစစ္ႏိုင္တဲ့သူလည္း ရွိေနတယ္လို႔ ဆရာဝန္ေတြနဲ႔ ပရဟိတအသင္းေတြက ေျပာပါတယ္။ ကူးစက္မႈ အႏၲရာယ္ကို ကာကြယ္ဖို႔ လူစုလူေဝးေတြ ေရွာင္ၾကဥ္ၿပီး Mask တပ္တာေတြ လုပ္ေဆာင္ဖို႔ က်န္းမာေရးပညာရွင္ေတြ တိုက္တြန္းေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္၀င္းလႈိင္က ေျပာျပပါမယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ မေန႔ ညပိုင္းက ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲနမူနာ စုစုေပါင္း ၁၂,၀၀၀ စစ္ေဆးခဲ့ရာ ကူးစက္ခံရသူ ၃၈၀ ေက်ာ္ ေတြ႕ရွိရတာေၾကာင့္ ေရာဂါပိုး ေတြ႕ရွိမႈ ၃.၁၇ ရာခိုင္ႏႈန္း ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ႔အျပင္ အခုရက္ပိုင္း ျပင္ပေဆး႐ုံ ေဆးခန္းေတြမွာလည္း ဖ်ားနာ ေခ်ာင္းဆိုးတဲ့ လူနာေတြ သိသိသာသာ တက္လာတယ္လို႔ ရန္ကုန္ၿမိဳ႕က အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

“ဒီရက္ပိုင္းအတြင္းမွာေတာ့ ပိုသိရတာေပါ့ေနာ္။ က်ေနာ္တို႔ ဒီျပင္ပေဆးခန္းေတြေပါ့ေနာ္။ က်ေနာ္တို႔ ပုဂၢလိကေဆးခန္း ေဆး႐ုံေတြမွာေပါ့ေနာ္။ အဓိကအေတြ႕လာတာေတာ့ ဒီဖ်ားနာလူနာေတြ တအားတက္လာတယ္။ ႏွာေစးတယ္၊ ေခ်ာင္းဆိုးတယ္၊ လည္ပင္းနာတယ္၊ ဗိုက္နာတယ္၊ ဝမ္းသြားတယ္ေပါ့ေနာ္။ အဲ့လိုလူနာက ပုံမွန္ထက္ပိုမ်ားလာတယ္။ အဲ့မွာ တခ်ိဳ႕ေပါ့ မသကၤာရင္ စစ္လိုက္ရင္ေတာ့ မ်ားေသာအားျဖင့္ Positive ေတြ ေတြ႕ရတယ္ေပါေ့နာ္။ လူနာေရာ ေတာ္ေတာ္မ်ားမ်ားေတာ့ မစစ္ခ်င္ၾကဘူးေပါ့ေနာ္။ ေနာက္တခုကက်ေတာ့ Center ေတြ သြားဖို႔ျပဳဖို႔လည္း တခ်ိဳ႕ေျပာေတာ့လည္း တိုက္တြန္းေတာ့လည္း မသြားခ်င္ၾကဘူးေပါ့ေနာ။္ ဒါသူက ရာသီတုပ္ေကြးပါ၊ ဘာမွမျဖစ္ပါဘူး၊ ေဆးပဲေပးလိုက္ပါ၊ ေဆးပဲထိုးလိုက္ပါေပါ့ေနာ္။”

အခုလို ကိုဗစ္ကူးစက္ခံရသူေတြ တိုးလာေနေပမယ့္ လူေတြၾကားမွာ ႏွာေခါင္းစည္းေတြ မတတ္ဘဲ သြားလာေနၾကၿပီး အရင္ ထုတ္ျပန္ထားတဲ့ က်န္းမာေရးဆိုင္ရာ သတိေပးခ်က္ေတြကို မလိုက္နာၾကေတာ့ဘူးလို႔ ရန္ကုန္ၿမိဳ႕က ပရဟိအသင္းတခုကလည္း ေျပာပါတယ္။

“ေလာေလာဆယ္ က်ေနာ္တို႔က ၁၀၀ မွာ ၁ေယာက္ေလာက္ပဲ Mask တပ္ေသးတယ္။ Mask တပ္တဲ့ အၾကည့္လုံးဝမရွိဘူး။ လက္ရွိလည္း မတပ္ၾကဘူး။ လက္ဖက္ရည္ဆိုင္ေတြ စားေသာက္ဆိုင္ေတြ ဘုရားေတြေရာ က်ေနာ္တို႔ ဗလီေတြမွာေရာ ဝတ္ျပဳတဲ့အခ်ိန္မွာ ဘယ္သူမွ Mask မတပ္ဘူး။ ျဖစ္ေနတယ္၊ သတင္းထဲမွာ ေျပာေနတယ္ ၃၀၀ ေက်ာ္ၿပီးလို႔ မေန႔ကဆို ၃၈၀ ေက်ာ္ က်ေနာ္တို႔ တာေမြက ၅ေယာက္ပါတယ္။ ဒါေပမဲ့ ဘယ္သူမွ ဒါကို သိပ္ၿပီး ေၾကာက္လန႔္ရမွန္းလည္း မသိေတာ့ဘူး။ တခ်ိဳ႕ဆို ဖ်ားေနတာလည္း မ်ားတယ္။ ၿမိဳ႕နယ္ေရာ ရပ္ကြက္ထဲမွာေတြေရာ ဖ်ားနာတာေတြနဲ႔ အခုေတာ့ ကိုဗစ္လကၡဏာမ်ိဳးေတြေရာ မသိ... သာမာန္တုပ္ေကြးလကၡဏာေလာက္နဲ႔ ဖ်ားနာတဲ့ လူႀကီး ကေလးေတာ္ေတာ္မ်ားမ်ားျဖစ္ေနၾကတယ္။ ဒါေပမဲ့ ကာကြယ္ရမယ္ Mask တပ္ပါဆိုတာမရွိဘူး။ က်ေနာ္ေတာင္မွ ဗလီသြားတယ္။ Mask တပ္ရင္ က်ေနာ္တစ္ေယာက္ထဲျဖစ္ေနတယ္ က်ေနာ္က အ႐ူးျဖစ္ေနတယ္။ က်န္တဲ့လူ ဘယ္သူမွမတပ္ဘူး အဲ့ဒီလိုမ်ိဳးေပါ့။”

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕မွာလည္း လူေတြက ဘာမွမျဖစ္သလို ပုံမွန္သြားလာေနတုန္းပဲလို႔ ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရးအသင္း ဥကၠ႒ ကိုဘိုဘိုဝင္းက ေျပာပါတယ္။ အသြားအလာကန႔္သတ္တာ ေစ်းဆိုင္ပိတ္တာေတြ ေလာ့ေဒါင္းခ်ခံရတာေတြျဖစ္လာရင္ ျပည္သူေတြ႕ပဲ ဆင္းရဲဒုကၡေတြ ရင္ဆိုင္ရမယ္လို႔ သတိေပးပါတယ္။ ဒါေၾကာင့္လည္း ႀကိဳတင္ကာ႕ြယ္သင့္တယ္လို႔ ေျပာပါတယ္။

"အခု ျဖစ္ပြားမႈႏႈန္းက တေန႔တေန႔ ၂၀၀၊ ၁၀၀၊ ၂၀၀ အခုဆို မေန႔ကဆို ၃၀၀ ေလာက္ထိတက္လာတဲ့ အေနအထားမ်ိဳးျဖစ္လာတဲ့အတြက္ ျပည္သူေတြအေနနဲ႔ မူလအတိုင္းပဲ ျပန္ၿပီးေတာ့မွ ဒါသည္ ကိုဗစ္ကို ျပန္ၿပီးေတာ့မွ ေရွာင္ထားသင့္တဲ့ေနရာေတြ ေရွာင္ၾက Mask တပ္တာေတြ ဘာေတြ အဲ့ဒါေတြေတာ့ လုပ္သင့္တယ္။ ဒီလိုမဟုတ္ဘဲနဲ႔ က်ေနာ္တို႔သာသည္ ပုံမွန္သာ ဆက္ၿပီးသြားမယ္ဆိုရင္ က်ေနာ္တို႔ရဲ႕ လူမႈဒုကၡနဲ႔ စီးပြားေရးလုပ္ငန္းေတြေရာ အကုန္လုံးက ယခင္လို ကူးစက္မႈေတြ အရမ္းမ်ားသြားရင္ ပိတ္ၿပီးေတာ့ဒုကၡသုကၡေတြက ပိုခံစားရမွာေပါ့ေနာ္၊ မျဖစ္ခင္းထဲက ႀကိဳတင္ကာကြယ္ထားတာေတာ့ အားလုံးေကာင္းမယ္လို႔ က်ေနာ္ေတာ့ ထင္တယ္ဗ်။"

ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုးေတြဟာ အခုရက္ပိုင္း ေန႔စဥ္လိုလို မ်ားလာေနပါတယ္။ ကူးစက္ခံရသူ ၃၈၀ အထိ တိုးလာတာဟာ ဒီရက္ပိုင္းေတြအတြင္း အမ်ားဆုံး ျပန္လည္ကူးစက္တဲ့ အေရအတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ျပည္သူေတြအေနနဲ႔ အသြားအလာေတြ သတိထားဖို႔ ကိုဗစ္စည္းကမ္းနဲ႔အညီ ေနထိုင္ဖို႔ ဆရာဝန္ေတြနဲ႔ ပရဟိတအသင္းေတြက တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာမှာ ကိုဗစ်ကူးစက်သူနဲ့ ဖျားနာသူအရေအတွက် သိသိသာသာ မြင့်တက်နေ

မြန်မာနိုင်ငံမှာ မနေ့ ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြုလူနာ ၃၈၀ ကျော် တွေ့ရှိပြီး ပြည်တွင်းကူးစက်နှုန်းတွေ ဆက်တိုက် မြင့်တက်လာနေပါတယ်။ အခုရက်ပိုင်း ပြင်ပဆေးရုံ ဆေးခန်းနဲ့ နေအိမ်တွေမှာ ဖျားနာတဲ့သူတွေ သိသိသာသာ ပိုများလာတာတွေ့ရပြီး ကိုဗစ် ဟုတ်၊ မဟုတ် မစစ်နိုင်တဲ့သူလည်း ရှိနေတယ်လို့ ဆရာဝန်တွေနဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။ ကူးစက်မှု အန္တရာယ်ကို ကာကွယ်ဖို့ လူစုလူဝေးတွေ ရှောင်ကြဉ်ပြီး Mask တပ်တာတွေ လုပ်ဆောင်ဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ ညပိုင်းက ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၀၀၀ စစ်ဆေးခဲ့ရာ ကူးစက်ခံရသူ ၃၈၀ ကျော် တွေ့ရှိရတာကြောင့် ရောဂါပိုး တွေ့ရှိမှု ၃.၁၇ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ပြင်ပဆေးရုံ ဆေးခန်းတွေမှာလည်း ဖျားနာ ချောင်းဆိုးတဲ့ လူနာတွေ သိသိသာသာ တက်လာတယ်လို့ ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာတော့ ပိုသိရတာပေါ့နော်။ ကျနော်တို့ ဒီပြင်ပဆေးခန်းတွေပေါ့နော်။ ကျနော်တို့ ပုဂ္ဂလိကဆေးခန်း ဆေးရုံတွေမှာပေါ့နော်။ အဓိကအတွေ့လာတာတော့ ဒီဖျားနာလူနာတွေ တအားတက်လာတယ်။ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ လည်ပင်းနာတယ်၊ ဗိုက်နာတယ်၊ ဝမ်းသွားတယ်ပေါ့နော်။ အဲ့လိုလူနာက ပုံမှန်ထက်ပိုများလာတယ်။ အဲ့မှာ တချို့ပေါ့ မသင်္ကာရင် စစ်လိုက်ရင်တော့ များသောအားဖြင့် Positive တွေ တွေ့ရတယ်ပေါေ့နာ်။ လူနာရော တော်တော်များများတော့ မစစ်ချင်ကြဘူးပေါ့နော်။ နောက်တခုကကျတော့ Center တွေ သွားဖို့ပြုဖို့လည်း တချို့ပြောတော့လည်း တိုက်တွန်းတော့လည်း မသွားချင်ကြဘူးပေါ့နော။် ဒါသူက ရာသီတုပ်ကွေးပါ၊ ဘာမှမဖြစ်ပါဘူး၊ ဆေးပဲပေးလိုက်ပါ၊ ဆေးပဲထိုးလိုက်ပါပေါ့နော်။”

အခုလို ကိုဗစ်ကူးစက်ခံရသူတွေ တိုးလာနေပေမယ့် လူတွေကြားမှာ နှာခေါင်းစည်းတွေ မတတ်ဘဲ သွားလာနေကြပြီး အရင် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကို မလိုက်နာကြတော့ဘူးလို့ ရန်ကုန်မြို့က ပရဟိအသင်းတခုကလည်း ပြောပါတယ်။

“လောလောဆယ် ကျနော်တို့က ၁၀၀ မှာ ၁ယောက်လောက်ပဲ Mask တပ်သေးတယ်။ Mask တပ်တဲ့ အကြည့်လုံးဝမရှိဘူး။ လက်ရှိလည်း မတပ်ကြဘူး။ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ ဘုရားတွေရော ကျနော်တို့ ဗလီတွေမှာရော ဝတ်ပြုတဲ့အချိန်မှာ ဘယ်သူမှ Mask မတပ်ဘူး။ ဖြစ်နေတယ်၊ သတင်းထဲမှာ ပြောနေတယ် ၃၀၀ ကျော်ပြီးလို့ မနေ့ကဆို ၃၈၀ ကျော် ကျနော်တို့ တာမွေက ၅ယောက်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒါကို သိပ်ပြီး ကြောက်လန့်ရမှန်းလည်း မသိတော့ဘူး။ တချို့ဆို ဖျားနေတာလည်း များတယ်။ မြို့နယ်ရော ရပ်ကွက်ထဲမှာတွေရော ဖျားနာတာတွေနဲ့ အခုတော့ ကိုဗစ်လက္ခဏာမျိုးတွေရော မသိ... သာမာန်တုပ်ကွေးလက္ခဏာလောက်နဲ့ ဖျားနာတဲ့ လူကြီး ကလေးတော်တော်များများဖြစ်နေကြတယ်။ ဒါပေမဲ့ ကာကွယ်ရမယ် Mask တပ်ပါဆိုတာမရှိဘူး။ ကျနော်တောင်မှ ဗလီသွားတယ်။ Mask တပ်ရင် ကျနော်တစ်ယောက်ထဲဖြစ်နေတယ် ကျနော်က အရူးဖြစ်နေတယ်။ ကျန်တဲ့လူ ဘယ်သူမှမတပ်ဘူး အဲ့ဒီလိုမျိုးပေါ့။”

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း လူတွေက ဘာမှမဖြစ်သလို ပုံမှန်သွားလာနေတုန်းပဲလို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက ပြောပါတယ်။ အသွားအလာကန့်သတ်တာ ဈေးဆိုင်ပိတ်တာတွေ လော့ဒေါင်းချခံရတာတွေဖြစ်လာရင် ပြည်သူတွေ့ပဲ ဆင်းရဲဒုက္ခတွေ ရင်ဆိုင်ရမယ်လို့ သတိပေးပါတယ်။ ဒါကြောင့်လည်း ကြိုတင်ကာ့ွယ်သင့်တယ်လို့ ပြောပါတယ်။

"အခု ဖြစ်ပွားမှုနှုန်းက တနေ့တနေ့ ၂၀၀၊ ၁၀၀၊ ၂၀၀ အခုဆို မနေ့ကဆို ၃၀၀ လောက်ထိတက်လာတဲ့ အနေအထားမျိုးဖြစ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ မူလအတိုင်းပဲ ပြန်ပြီးတော့မှ ဒါသည် ကိုဗစ်ကို ပြန်ပြီးတော့မှ ရှောင်ထားသင့်တဲ့နေရာတွေ ရှောင်ကြ Mask တပ်တာတွေ ဘာတွေ အဲ့ဒါတွေတော့ လုပ်သင့်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ ကျနော်တို့သာသည် ပုံမှန်သာ ဆက်ပြီးသွားမယ်ဆိုရင် ကျနော်တို့ရဲ့ လူမှုဒုက္ခနဲ့ စီးပွားရေးလုပ်ငန်းတွေရော အကုန်လုံးက ယခင်လို ကူးစက်မှုတွေ အရမ်းများသွားရင် ပိတ်ပြီးတော့ဒုက္ခသုက္ခတွေက ပိုခံစားရမှာပေါ့နော်၊ မဖြစ်ခင်းထဲက ကြိုတင်ကာကွယ်ထားတာတော့ အားလုံးကောင်းမယ်လို့ ကျနော်တော့ ထင်တယ်ဗျ။"

ကူးစက်မြန် ကိုဗစ်ရောဂါပိုးတွေဟာ အခုရက်ပိုင်း နေ့စဉ်လိုလို များလာနေပါတယ်။ ကူးစက်ခံရသူ ၃၈၀ အထိ တိုးလာတာဟာ ဒီရက်ပိုင်းတွေအတွင်း အများဆုံး ပြန်လည်ကူးစက်တဲ့ အရေအတွက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ အသွားအလာတွေ သတိထားဖို့ ကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်ဖို့ ဆရာဝန်တွေနဲ့ ပရဟိတအသင်းတွေက တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG