သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီလိုလားတဲ့ ျပည္သူေတြရဲ႕ဆႏၵ ေလးစားဖို႔ စစ္ေကာင္စီကို ရန္ကုန္ ကန္သံ႐ုံးေတာင္းဆို


ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းတခုေပၚေတြ ျပည္သူမ်ား ေရးသားထားေသာ စာတန္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁) 

စစ္အာဏာရွင္ေအာက္မွာ မေနခ်င္တဲ့ ဒီမိုကေရစီလိုလားတဲ့ ျမန္မာျပည္သူေတြရဲ႕ ဆႏၵကို ေလးစားဖို႔ စက္တင္ဘာ ၁၅ ရက္ေန႔ က်ေရာက္တဲ့ ႏိုင္ငံတကာ ဒီမိုကေရစီေန႔မွာ ရန္ကုန္ အေမရိကန္ သံ႐ုံးက ျမန္မာစစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ျပည္သူက ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ အစိုးရ ရွိတာဟာ ဒီမိုကေရစီျဖစ္ၿပီး၊ ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ လုံၿခဳံေရး တိုးတက္ေအာင္ ေဆာင္႐ြက္ဖို႔ အဓြန႔္အရွည္ဆုံး နည္းလမ္းဆိုတာကို ထပ္ေလာင္းအတည္ျပဳတဲ့အေၾကာင္း သံ႐ုံးရဲ႕ Facebook လူမႈကြန္ယက္မွာ ေရးသားထားတာပါ။

အီးယူ ဥေရာပသမဂၢကလည္း ျမန္မာႏိုင္ငံမွာရွိတဲ့ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ဒီမိုကေရစီေရးအတြက္ အံတု ႐ုန္းကန္ခဲ့ၾကတဲ့ သမိုင္းေၾကာင္းတခ်ိဳ႕ကို ေဖၚျပၿပီး ပါလီမန္တခုတည္းေအာက္မွာ အဖြဲ႕ဝင္ကိုယ္စားလွယ္ေတြကို တိုက္႐ိုက္ေ႐ြးခ်ယ္ဖို႔ မဲေပးႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကတဲ့ မွတ္တမ္းေတြကို ေရးသားထားပါတယ္။

၁၉၈၉ ခုႏွစ္ ခ်က္သမၼတႏိုင္ငံမွာ အာဏာရွင္စနစ္ကို ျဖဳတ္ခ်ေရး၊ ေက်ာင္းသားေတြ စု႐ုံး ဆႏၵျပခဲ့တဲ့ ကတၱီပါေတာ္လွန္ေရးအစ၊ ၁၈၄၉ ခုႏွစ္ ဒိန္းမတ္ႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ပထမဆုံး စတင္တည္ေထာင္ခဲ့တဲ့ သမိုင္းေတြနဲ႔၊ ၁၉၀၆ ခုႏွစ္ ဖင္လန္ႏိုင္ငံမွာ ျပည္သူေတြ တန္းတူ မဲေပးခြင့္ရဖို႔ ႀကိဳးစားခဲ့တဲ့ မွတ္တမ္းေတြနဲ႔ ျပင္သစ္ႏိုင္ငံမွာ ၁၇၈၉ အေျခခံ ဥပေဒ တည္ၿမဲေရး ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြ က်မ္းသစၥာက်ိန္ဆိုတဲ့တဲ့ ျပင္သစ္ေတာ္လွန္ေရးရဲ႕ အထင္ရွားဆုံး ျမင္ကြင္းနဲ႔ ဂ်ာမနီ အီတလီ၊ စပိန္ နယ္သာလန္ႏိုင္ငံက ျပည္သူေတြရဲ႕ ဒီမိုကေရစီအခြင့္အေရးနဲ႔ တိုက္႐ိုက္မဲေပးခြင့္အတြက္ ႐ုန္းကန္လႈပ္ရွားမႈေတြကို ကို Facebook လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

၂၀၀၇ ခုႏွစ္ကစၿပီး ကုလသမဂၢအေထြေထြညီလာခံရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ စက္တင္ဘာလ ၁၅ ရက္ေန႔ကို ႏိုင္ငံတကာ ဒီမိုကေရစီေန႔ အျဖစ္ သတ္မွတ္ထားပါတယ္။ ႏိုင္ငံေတြအၾကား သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာ ေျပာဆို စည္း႐ုံး ခြင့္၊ မဲေပးခြင့္နဲ႔ ဒီမိုကေရစီအေျခခံ အခြင့္အေရးေတြ ခိုင္မာအားေကာင္းဖို႔ ရည္႐ြယ္ခ်က္နဲ႔ အေထြေထြညီလာခံ အဖြဲ႕ဝင္ ႏိုင္ငံေတြ သတ္မွတ္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒ လေးစားဖို့ စစ်ကောင်စီကို ရန်ကုန် ကန်သံရုံးတောင်းဆို

စစ်အာဏာရှင်အောက်မှာ မနေချင်တဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စက်တင်ဘာ ၁၅ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရ ရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ အဓွန့်အရှည်ဆုံး နည်းလမ်းဆိုတာကို ထပ်လောင်းအတည်ပြုတဲ့အကြောင်း သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားတာပါ။

အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒီမိုကရေစီရေးအတွက် အံတု ရုန်းကန်ခဲ့ကြတဲ့ သမိုင်းကြောင်းတချို့ကို ဖေါ်ပြပြီး ပါလီမန်တခုတည်းအောက်မှာ အဖွဲ့ဝင်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ရွေးချယ်ဖို့ မဲပေးနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ မှတ်တမ်းတွေကို ရေးသားထားပါတယ်။

၁၉၈၉ ခုနှစ် ချက်သမ္မတနိုင်ငံမှာ အာဏာရှင်စနစ်ကို ဖြုတ်ချရေး၊ ကျောင်းသားတွေ စုရုံး ဆန္ဒပြခဲ့တဲ့ ကတ္တီပါတော်လှန်ရေးအစ၊ ၁၈၄၉ ခုနှစ် ဒိန်းမတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပထမဆုံး စတင်တည်ထောင်ခဲ့တဲ့ သမိုင်းတွေနဲ့၊ ၁၉၀၆ ခုနှစ် ဖင်လန်နိုင်ငံမှာ ပြည်သူတွေ တန်းတူ မဲပေးခွင့်ရဖို့ ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေနဲ့ ပြင်သစ်နိုင်ငံမှာ ၁၇၈၉ အခြေခံ ဥပဒေ တည်မြဲရေး ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့တဲ့ ပြင်သစ်တော်လှန်ရေးရဲ့ အထင်ရှားဆုံး မြင်ကွင်းနဲ့ ဂျာမနီ အီတလီ၊ စပိန် နယ်သာလန်နိုင်ငံက ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ တိုက်ရိုက်မဲပေးခွင့်အတွက် ရုန်းကန်လှုပ်ရှားမှုတွေကို ကို Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

၂၀၀၇ ခုနှစ်ကစပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကို နိုင်ငံတကာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတွေအကြား သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆို စည်းရုံး ခွင့်၊ မဲပေးခွင့်နဲ့ ဒီမိုကရေစီအခြေခံ အခွင့်အရေးတွေ ခိုင်မာအားကောင်းဖို့ ရည်ရွယ်ချက်နဲ့ အထွေထွေညီလာခံ အဖွဲ့ဝင် နိုင်ငံတွေ သတ်မှတ်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG