သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုံရြာၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္သူ တေသာင္းနီးပါး ရွိလာ


မံုရြာၿမိဳ႕။

စစ္ကိုင္းတိုင္း မုံရြာၿမိဳ႕နယ္အတြင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးထိုးစစ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြၾကား ေဘးလြတ္ရာ ထြက္ေျပးေနတဲ့သူေတြ စုစုေပါင္း ၁၀,၀၀၀ ေလာက္အထိ ရွိလာတယ္လို႔ ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြ႕ ခန္႔မွန္းပါတယ္။ ရြာေပါင္း ၂၀ ေလာက္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ေနရာခ်ေပးၿပီး အလွဴရွင္ေတြက ကူညီေပးေနပါတယ္။ ထြက္ေျပးလာသူေတြထဲမွာ က်န္းမာေရးမေကာင္းတဲ့သူေတြလည္း ပါတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ဒုကၡသည္ ကယ္ဆယ္ေရးအေျခအေန သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပပါမယ္။

မုံရြာၿမိဳ႕နယ္ ေညာင္ျဖဴပင္ ရဲစခန္းက ရဲ ႏွစ္ ဦးကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၀င္ေတြ စက္တင္ဘာလ ၁၂ ရက္ေန႔က ၀င္ေရာက္ ပစ္ခတ္ခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္ကလည္း အင္အား ၂၀၀ ေလာက္နဲ႔ ကုန္းေၾကာင္းကေရာ ေရေၾကာင္းကပါ ျပန္ၿပီး နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြနဲ႔ ထိုးစစ္ဆင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသတြင္း စစ္ေရးတင္းမာၿပီး အျပန္အလွန္ပစ္ခတ္မႈေတြၾကား ေက်းရြာေပါင္း ၂၀ ေလာက္က ရြာသားေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ၾကတယ္လို႔ အကူညီေပးေနတဲ့ မုံ႐ြာအျမင့္လမ္း သပိတ္အဖြဲ႕က ေကာ္မတီဝင္တစ္ဦးက VOA ကို ေျပာပါတယ္။

“႐ြာေပါင္း ၂၀ ေလာက္ရွိတယ္ဗ်။ ႐ြာေပါင္း ၂၀ က ျပည္သူလူထုေတြ အကုန္လုံး ထြက္ေျပးၾကရတဲ့ အေျခအေနမို႔လို႔ စစ္ေရွာင္ဦးေရက ေသာင္းဂဏန္းထိ ကပ္သြားတာာဗ်။ က်ေနာ္တို႔လည္း တတ္ႏိုင္သေလာက္ စစ္ေရွာင္ေတြကို ေဘးကင္းရာသို႔ ဆိုင္ကယ္ေတြနဲ႔ ကားေတြနဲ႔ တတ္ႏိုင္သလို ရရင္ ရသလို ႀကဳံရင္ ႀကဳံသလို ေခၚၿပီးေတာ့ ဆင့္ကဲ ဆင့္ကဲ ပို႔ၾကတယ္။ ဘုန္းႀကီးေက်ာင္းေတြမွာ ေနရာခ်ထားတယ္။ ဘုန္းႀကီးေက်ာင္းေပါင္း ၁၆ ေက်ာင္းေလာက္ရွိတယ္။ ၁၆ ေက်ာင္းမွာ တေက်ာင္းကို ၇၀၀ နီးပါးေပါ့။ ျပည့္ညွပ္ေနေအာင္ ေနၾကရတာေပါ့ဗ်ာ။”

စစ္ေရွာင္ေတြအတြက္ မုံ႐ြာသပိတ္ေကာ္မတီေတြက ကူညီေပးေနၾကေပမယ့္ အခက္အခဲေတြလည္း ရွိေနၾကပါတယ္။ စလမ္းေတြပိတ္ထားတဲ့အတြက္ သြားလာေရး ခက္ခဲခက္တာေၾကာင့္ ရိကၡာသယ္ဖို႔ ခက္ခဲတဲ့အေၾကာင္း စစ္ေရွာင္ေတြကို ကူညီေပးေနသူေတြက ေျပာၾကပါတယ္။

“အခက္အခဲေတြကေတာ့ ေတာ္ေတာ္ေလးျဖစ္တယ္ဗ်။ က်ေနာ္တို႔မွာက ရန္ပုံေငြက အပိုအလွ်ံမရွိဘူးေလ။ အခုျဖစ္အခုရွာ အခုကူညီရတာဆိုေတာ့ တတ္ႏိုင္သေလာက္ေတာ့ ေထာက္ပံံ့တယ္။ ဆန္အိတ္ေတြ ဝယ္ရတယ္။ ဆီပုံးေတြ ဝယ္ရတယ္။ အဓိကကေတာ့ ဆန္နဲ႔ ဆီ အဓိကလိုတာေပါ့။ ခုကေတာ့ အဆင္ေျပေသးတယ္၊ ရက္ရွည္လည္း မဟုတ္ေသးဘူး ၃ ရက္ေလာက္ပဲ ရွိေသးတယ္ဆိုေတာ့ စားေရးေသာက္ေရး အဆင္ေျပေသးတယ္။ ဒါေပမဲ့ လိုအပ္တာက က်ေနာ္တို႔ဘက္မွာ ကုန္စိမ္းက ဝယ္မရေတာ့ဘူး၊ ဟင္းအတြက္ေပါ့။ သူတို႔က အကုန္ပိတ္ထားတဲ့ခါက်ေတာ့ က်ေနာ္တို႔ ကုန္စိမ္းသယ္ဖို႔ အဆင္မေျပေတာ့ဘူး။ အဲ့ဒီေတာ့ က်ေနာ္တို႔ ဆန္နဲ႔ ဆီနဲ႔ ပဲနဲ႔ အဲ့ဒီေလာက္ပဲ က်ေနာ္တို႔ လုပ္ေပးႏိုင္တယ္။ စစ္ေရွာင္အေရအတြက္ကလည္း မ်ားတဲ့ခါက်ေတာ့ တစ္ေန႔တစ္ေန႔ကို ဆန္အိတ္ အလုံး ၂၀ ေလာက္ရယ္ ဆီက ၁၅ ပုံးေလာက္ရယ္ အဲ့ဒီေလာက္ အေနအထားသြားတယ္ဗ်။”

စစ္ေရွာင္ ဒုကၡသည္ေတြထဲမွာ ထိခိုက္ဒဏ္ရာ ရသူေတြ၊ ဖ်ားနာသူေတြ ပါ၀င္တာေၾကာင့္ ေဆးဝါးေတြလည္း လိုအပ္ေနတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာပါတယ္။

“တစ္ေယာက္ကေတာ့ ဆုံးသြားတယ္။ က်န္တဲ့သူေတြကေတာ့ ေဆးကုသမႈ ခံယူေနတယ္။ တျခားဖ်ားတာနာတာ ေညာင္းတာကိုက္တာမ်ိဳးေတာ့ ရွိတယ္။ အဲ့ဒါမ်ိဳးက်ေတာ့ က်ေနာ္တို႔ ေရွာင္တဲ့ နယ္ခံက ဆရာမေတြ (Nurse) ကိုေခၚၿပီးေတာ့ က်ေနာ္တို႔ သပိတ္အေနနဲ႔ ဦးေဆာင္ၿပီးေတာ့ ေခၚၿပီး ေဆးကုေပးတယ္ဗ်။ ေဆးဝါးအတြက္က က်ေနာ္တို႔ဆီမွာ ေထာက္ပံ့မႈက မရဘူးေလ။''

စစ္ေဘးေရွာင္ေတြကို ကူညီေပးေနၾကတဲ့ မုံ႐ြာအျမင့္လမ္းသပိတ္ေကာ္မတီက သူတဦးကလည္း က်န္းမာေရးအရ ေစာင့္ေရွာက္ေပးေနရတဲ့ အေတြ႕အၾကဳံကို အခုလို ေျပာျပပါတယ္။

“စစ္ေရွာင္ရင္းနဲ႔ တခ်ိဳ႕ဆိုရင္ ေပါင္က်ိဳးသြားတာေတြရွိတယ္။ ဆိုင္ကယ္လဲၿပီး လက္က်ိဳးသြားတာေတြရွိတယ္၊ တခ်ိဳ႕ဆိုမီးဖြားရင္းနဲ႔ ေျပးလာရတာေတြရွိတယ္။ ေျပးရင္းလႊားရင္းနဲ႔မွ မီးဖြားရတာမ်ိဳးေတြလည္း ရွိတယ္။ အဲ့ဒါမ်ိဳးေတြကို က်ေနာ္တို႔အဖြဲ႕က ေနၿပီးေတာ့မွ တခါမွေတာ့ လုပ္ဖူးတာေတာ့ မရွိဘူးေပါ။ ။”

ေနအိမ္ေတြ မီးရိႈ႕ဖ်က္ဆီးခံရတာေတြအတြက္ ျပန္လည္ထူးေထာင္ေရး လုပ္ဖို႔နဲ႕ ေဆးဝါးလိုအပ္ခ်က္ေတြအတြက္ ရန္ပုံေငြရွာေဖြေရး အဖြဲ႕တခ်ဳိ႕က အလွဴခံေနၾကပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္ေကာင္စီက စစ္ကိုင္းတိုင္းအတြင္း နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဆက္တိုက္လုပ္လာခဲ့တာပါ။ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြလည္း ပိုၿပီးေတာ့ တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မုံရွာမြို့နယ်အတွင်း စစ်ဘေးရှောင်သူ တသောင်းနီးပါး ရှိလာ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေကြား ဘေးလွတ်ရာ ထွက်ပြေးနေတဲ့သူတွေ စုစုပေါင်း ၁၀,၀၀၀ လောက်အထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ့ ခန့်မှန်းပါတယ်။ ရွာပေါင်း ၂၀ လောက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးပြီး အလှူရှင်တွေက ကူညီပေးနေပါတယ်။ ထွက်ပြေးလာသူတွေထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒုက္ခသည် ကယ်ဆယ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပါမယ်။

မုံရွာမြို့နယ် ညောင်ဖြူပင် ရဲစခန်းက ရဲ နှစ် ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၁၂ ရက်နေ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း အင်အား ၂၀၀ လောက်နဲ့ ကုန်းကြောင်းကရော ရေကြောင်းကပါ ပြန်ပြီး နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်း စစ်ရေးတင်းမာပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြား ကျေးရွာပေါင်း ၂၀ လောက်က ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြတယ်လို့ အကူညီပေးနေတဲ့ မုံရွာအမြင့်လမ်း သပိတ်အဖွဲ့က ကော်မတီဝင်တစ်ဦးက VOA ကို ပြောပါတယ်။

“ရွာပေါင်း ၂၀ လောက်ရှိတယ်ဗျ။ ရွာပေါင်း ၂၀ က ပြည်သူလူထုတွေ အကုန်လုံး ထွက်ပြေးကြရတဲ့ အခြေအနေမို့လို့ စစ်ရှောင်ဦးရေက သောင်းဂဏန်းထိ ကပ်သွားတာာဗျ။ ကျနော်တို့လည်း တတ်နိုင်သလောက် စစ်ရှောင်တွေကို ဘေးကင်းရာသို့ ဆိုင်ကယ်တွေနဲ့ ကားတွေနဲ့ တတ်နိုင်သလို ရရင် ရသလို ကြုံရင် ကြုံသလို ခေါ်ပြီးတော့ ဆင့်ကဲ ဆင့်ကဲ ပို့ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားတယ်။ ဘုန်းကြီးကျောင်းပေါင်း ၁၆ ကျောင်းလောက်ရှိတယ်။ ၁၆ ကျောင်းမှာ တကျောင်းကို ၇၀၀ နီးပါးပေါ့။ ပြည့်ညှပ်နေအောင် နေကြရတာပေါ့ဗျာ။”

စစ်ရှောင်တွေအတွက် မုံရွာသပိတ်ကော်မတီတွေက ကူညီပေးနေကြပေမယ့် အခက်အခဲတွေလည်း ရှိနေကြပါတယ်။ စလမ်းတွေပိတ်ထားတဲ့အတွက် သွားလာရေး ခက်ခဲခက်တာကြောင့် ရိက္ခာသယ်ဖို့ ခက်ခဲတဲ့အကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

“အခက်အခဲတွေကတော့ တော်တော်လေးဖြစ်တယ်ဗျ။ ကျနော်တို့မှာက ရန်ပုံငွေက အပိုအလျှံမရှိဘူးလေ။ အခုဖြစ်အခုရှာ အခုကူညီရတာဆိုတော့ တတ်နိုင်သလောက်တော့ ထောက်ပံံ့တယ်။ ဆန်အိတ်တွေ ဝယ်ရတယ်။ ဆီပုံးတွေ ဝယ်ရတယ်။ အဓိကကတော့ ဆန်နဲ့ ဆီ အဓိကလိုတာပေါ့။ ခုကတော့ အဆင်ပြေသေးတယ်၊ ရက်ရှည်လည်း မဟုတ်သေးဘူး ၃ ရက်လောက်ပဲ ရှိသေးတယ်ဆိုတော့ စားရေးသောက်ရေး အဆင်ပြေသေးတယ်။ ဒါပေမဲ့ လိုအပ်တာက ကျနော်တို့ဘက်မှာ ကုန်စိမ်းက ဝယ်မရတော့ဘူး၊ ဟင်းအတွက်ပေါ့။ သူတို့က အကုန်ပိတ်ထားတဲ့ခါကျတော့ ကျနော်တို့ ကုန်စိမ်းသယ်ဖို့ အဆင်မပြေတော့ဘူး။ အဲ့ဒီတော့ ကျနော်တို့ ဆန်နဲ့ ဆီနဲ့ ပဲနဲ့ အဲ့ဒီလောက်ပဲ ကျနော်တို့ လုပ်ပေးနိုင်တယ်။ စစ်ရှောင်အရေအတွက်ကလည်း များတဲ့ခါကျတော့ တစ်နေ့တစ်နေ့ကို ဆန်အိတ် အလုံး ၂၀ လောက်ရယ် ဆီက ၁၅ ပုံးလောက်ရယ် အဲ့ဒီလောက် အနေအထားသွားတယ်ဗျ။”

စစ်ရှောင် ဒုက္ခသည်တွေထဲမှာ ထိခိုက်ဒဏ်ရာ ရသူတွေ၊ ဖျားနာသူတွေ ပါဝင်တာကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“တစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တဲ့သူတွေကတော့ ဆေးကုသမှု ခံယူနေတယ်။ တခြားဖျားတာနာတာ ညောင်းတာကိုက်တာမျိုးတော့ ရှိတယ်။ အဲ့ဒါမျိုးကျတော့ ကျနော်တို့ ရှောင်တဲ့ နယ်ခံက ဆရာမတွေ (Nurse) ကိုခေါ်ပြီးတော့ ကျနော်တို့ သပိတ်အနေနဲ့ ဦးဆောင်ပြီးတော့ ခေါ်ပြီး ဆေးကုပေးတယ်ဗျ။ ဆေးဝါးအတွက်က ကျနော်တို့ဆီမှာ ထောက်ပံ့မှုက မရဘူးလေ။''

စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ မုံရွာအမြင့်လမ်းသပိတ်ကော်မတီက သူတဦးကလည်း ကျန်းမာရေးအရ စောင့်ရှောက်ပေးနေရတဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“စစ်ရှောင်ရင်းနဲ့ တချို့ဆိုရင် ပေါင်ကျိုးသွားတာတွေရှိတယ်။ ဆိုင်ကယ်လဲပြီး လက်ကျိုးသွားတာတွေရှိတယ်၊ တချို့ဆိုမီးဖွားရင်းနဲ့ ပြေးလာရတာတွေရှိတယ်။ ပြေးရင်းလွှားရင်းနဲ့မှ မီးဖွားရတာမျိုးတွေလည်း ရှိတယ်။ အဲ့ဒါမျိုးတွေကို ကျနော်တို့အဖွဲ့က နေပြီးတော့မှ တခါမှတော့ လုပ်ဖူးတာတော့ မရှိဘူးပေါ။ ။”

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေအတွက် ပြန်လည်ထူးထောင်ရေး လုပ်ဖို့နဲ့ ဆေးဝါးလိုအပ်ချက်တွေအတွက် ရန်ပုံငွေရှာဖွေရေး အဖွဲ့တချို့က အလှူခံနေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာခဲ့တာပါ။ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေလည်း ပိုပြီးတော့ တိုးလာနေပါတယ်။

XS
SM
MD
LG