သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားက မ်က္မျမင္ေက်ာင္းမွာ ကိုဗစ္ကူးစက္


ကခ်င္ျပည္နယ္IDPကမ့္တြင္း ပိုးသတ္ေဆးျဖန္းေနစဥ္။ သတင္းဓာတ္ပံု Manmaw Buga Hpung Ramma

ZAWGYI/UNICODE

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ေအးျမသာယာအရပ္မွာရွိတဲ့ မ်က္မျမင္ေက်ာင္းမွာ COVID-19 ကူးစက္လူနာ ၇ ဦးေတြ႕ရွိထားၿပီး ေက်ာင္းကို Lockdown ခ်ထားပါတယ္။ ေလာေလာဆည္ ကိုဗစ္ကာလျဖစ္တာေၾကာင့္ အေျခခံစားေသာက္ကုန္ေတြ လိုအပ္ေနပါတယ္။ ျမစ္ႀကီးနားၿမိဳ႕က မ်က္မျမင္ေက်ာင္းအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

ကခ်င္ျပည္နယ္မွာ တေက်ာင္းတည္းသာရွိတဲ့ ျမစ္ႀကီးနားၿမိဳ႕က မ်က္မျမင္ေက်ာင္းမွာ COVID-19 ကူးစက္တာကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေက်ာင္းသားႏွစ္ဦး အနံ႔မရလို႔ ေဆး႐ုံမွာ စစ္ေဆးရာကေန စတင္ေတြ႕ရွိခဲ့တာပါ။

ထိစပ္သူေတြကိုပါ ေသာၾကာေန႔က ထပ္စစ္တာမွာေတာ့ ေနာက္ထပ္ ၅ ဦးေတြ႕ရွိၿပီး လက္ရွိမွာ ၇ ဦး ေတြ႕ရွိ ထားေၾကာင္းနဲ႔ ေက်ာင္းကို Lockdown ခ်ထားေၾကာင္း မ်က္မျမင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီး ဆရာ လမုန္ ဂမ္ဖန္က ဗြီအိုေအကို ေျပာပါတယ္။

“ဗုဒၶဟူးေန႔မနက္ က်ေနာ္တို႔ ေဆး႐ုံမွာ သြားစစ္တာ ႏွစ္ေယာက္ေတြ႕ပါတယ္ခင္ဗ်။ အခု အသစ္ေတြ႕တာ ၅ ေယာက္ခင္ဗ်။ ကေလးက ၆ ေယာက္။ ဝန္ထမ္း ၁ ေယာက္နဲ႔ပါဆို ၇ ေယာက္ပါခင္ဗ်။ ဒီေက်ာင္းနဲ႔ပတ္သက္ ၿပီးေတြ႕တာ ဒီကေန႔ပါခင္ဗ်။ Contact လာၿပီးစစ္ေဆးတာပါ။ ေဆး႐ုံကေနၿပီး၊ ျပည္သူ႔ေဆး႐ုံကေန လာတာပါ။ အခုက က်ေနာ္တို႔ Lockdown ခ်ထားတာေပါ့။ က်ေနာ္တို႔ ားလုံး Quarantine ၊ Home Quarantine အေန နဲ႔ ေနေနတာပါ။”

ေလာေလာဆည္ ကိုဗစ္ကာလျဖစ္တာနဲ႔ Lockdown ခ်ထားတဲ့အေျခအေနေၾကာင့္ အေျခခံ စားနပ္ရိကၡာေတြ လိုအပ္ေနေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ ေမွ်ာ္လင့္မထားတဲ့အတြက္ေၾကာင့္ စားဖို႔၊ ေသာက္ဖို႔ကအစ အကုန္လုံး လိုအပ္ခ်က္ရွိပါတယ္။ ေက်ာင္းဝယ္တာက တပတ္မွာ ေစ်း ႏွစ္ႀကိမ္သြားတယ္။ က်ေနာ္တို႔ ေစ်းက တပတ္စာပဲ စုေဆာင္းထားတယ္ေပါ့ေလ။ ဟင္းသီးဟင္း႐ြက္က အေျခခံစားေသာက္ကုန္ကအစ လိုအပ္ေလ့ရွိပါတယ္။ အထူးသျဖင့္ေတာ့ က်ေနာ္တို႔သိထားတာက ကိုဗစ္ျဖစ္ရင္ ၾကက္ဥ ေကြၽးေပးရမယ္ဆိုေတာ့ က်ေနာ္တို႔ ၾကက္ဥေတြလည္း လိုအပ္လ်က္ရွိပါတယ္။ ကိုဗစ္ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ဆီလာတာလည္း ေတာ္ေတာ္နည္းပါတယ္။ ”

ျမစ္ႀကီးနားၿမိဳ႕က မ်က္မျမင္ေက်ာင္းကို အနီးစပ္ဆုံး ကူညီေပးေနတဲ့ ဂ်မိုင္ေကာင္ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ အသင္းေတာ္ရဲ႕ သင္းအုပ္ဆရာ လဖိုင္ဂ်ာေနာ္က ကိုဗစ္ကူးစက္တဲ့သတင္းရရွိၿပီး လိုအပ္တဲ့ပံ့ပိုးမႈေတြ ေဆာင္႐ြက္ဖို႔ ျပင္ဆင္ေနေၾကာင္း ေျပာပါတယ္။

“သူတို႔ လိုအပ္ခ်က္ေတြကိုေတာ့ က်ေနာ္တို႔ အၿမဲတမ္း ပါဝင္ကူညီပါတယ္။ က်ေနာ္တို႔ အခု မနက္ျဖန္ေတာ့ စေန၊ တနဂၤေႏြဆိုေတာ့ က်ေနာ္တို႔ ေနာက္တပတ္ေလာက္ဆိုရင္ေတာ့ တတ္ႏိုင္တဲ့ဘက္ကေနၿပီး စားဝတ္ေနေရးအတြက္ေပါ့ေနာ က်ေနာ္တို႔ ကူညီဖို႔ေတာ့ စီစဥ္ထားပါတယ္။”

ျမစ္ႀကီးနား မ်က္မျမင္ေက်ာင္းဟာ ၁၉၈၁ ခုႏွစ္က စတင္တည္ေထာင္ခဲ့ၿပီး ကိုယ္ထူကိုယ္ထ ရပ္တည္ေနတဲ့ေက်ာင္းျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ေက်ာင္းသူ၊ ေက်ာင္းသားနဲ႔ ဝန္ထမ္း စုစုေပါင္း ၁၀၀ ေက်ာ္ရွိေပမဲ့ လက္ရွိ ကိုဗစ္ေရာဂါ တေက်ာ့ျပန္ ျဖစ္လာခ်ိန္မွာေတာ့ ေက်ာင္းသူ၊ ေက်ာင္းသား ၃၂ ဦးပဲ ရွိေနတာျဖစ္ပါတယ္။

ဒီလ ၁၅ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွာ ကိုဗစ္ပိုးေတြ႕ရွိသူ ၄၅၀ ေက်ာ္ရွိေနၿပီး ျမစ္ႀကီးနားၿမိဳ႕နယ္မွာ ၉၄ ဦးရွိေၾကာင္း ထုတ္ျပန္ထားပါတယ္။ ေလာေလာဆည္ ျမစ္ႀကီးနားနဲ႔ ဗန္းေမာ္ၿမိဳ႕နယ္ေတြမွာ Stay at home အမိန႔္ ထုတ္ထားပါတယ္။

ကခ်င္သတင္းမီဒီယာေတြကေတာ့ ကိုဗစ္ပိုး ပ်ံ႕ႏွံ႔ကူးစက္တဲ့ အေျခအေနအတိအက်ကို အာဏာပိုင္ေတြဘက္က ထုတ္ျပန္ႏိုင္တာမရွိေၾကာင္း ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


UNICODE

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာအရပ်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ COVID-19 ကူးစက်လူနာ ၇ ဦးတွေ့ရှိထားပြီး ကျောင်းကို Lockdown ချထားပါတယ်။ လောလောဆည် ကိုဗစ်ကာလဖြစ်တာကြောင့် အခြေခံစားသောက်ကုန်တွေ လိုအပ်နေပါတယ်။ မြစ်ကြီးနားမြို့က မျက်မမြင်ကျောင်းအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

ကချင်ပြည်နယ်မှာ တကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနားမြို့က မျက်မမြင်ကျောင်းမှာ COVID-19 ကူးစက်တာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျောင်းသားနှစ်ဦး အနံ့မရလို့ ဆေးရုံမှာ စစ်ဆေးရာကနေ စတင်တွေ့ရှိခဲ့တာပါ။

ထိစပ်သူတွေကိုပါ သောကြာနေ့က ထပ်စစ်တာမှာတော့ နောက်ထပ် ၅ ဦးတွေ့ရှိပြီး လက်ရှိမှာ ၇ ဦး တွေ့ရှိ ထားကြောင်းနဲ့ ကျောင်းကို Lockdown ချထားကြောင်း မျက်မမြင်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဆရာ လမုန် ဂမ်ဖန်က ဗွီအိုအေကို ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့မနက် ကျနော်တို့ ဆေးရုံမှာ သွားစစ်တာ နှစ်ယောက်တွေ့ပါတယ်ခင်ဗျ။ အခု အသစ်တွေ့တာ ၅ ယောက်ခင်ဗျ။ ကလေးက ၆ ယောက်။ ဝန်ထမ်း ၁ ယောက်နဲ့ပါဆို ၇ ယောက်ပါခင်ဗျ။ ဒီကျောင်းနဲ့ပတ်သက် ပြီးတွေ့တာ ဒီကနေ့ပါခင်ဗျ။ Contact လာပြီးစစ်ဆေးတာပါ။ ဆေးရုံကနေပြီး၊ ပြည်သူ့ဆေးရုံကနေ လာတာပါ။ အခုက ကျနော်တို့ Lockdown ချထားတာပေါ့။ ကျနော်တို့ ားလုံး Quarantine ၊ Home Quarantine အနေ နဲ့ နေနေတာပါ။”

လောလောဆည် ကိုဗစ်ကာလဖြစ်တာနဲ့ Lockdown ချထားတဲ့အခြေအနေကြောင့် အခြေခံ စားနပ်ရိက္ခာတွေ လိုအပ်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်မထားတဲ့အတွက်ကြောင့် စားဖို့၊ သောက်ဖို့ကအစ အကုန်လုံး လိုအပ်ချက်ရှိပါတယ်။ ကျောင်းဝယ်တာက တပတ်မှာ ဈေး နှစ်ကြိမ်သွားတယ်။ ကျနော်တို့ ဈေးက တပတ်စာပဲ စုဆောင်းထားတယ်ပေါ့လေ။ ဟင်းသီးဟင်းရွက်က အခြေခံစားသောက်ကုန်ကအစ လိုအပ်လေ့ရှိပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့သိထားတာက ကိုဗစ်ဖြစ်ရင် ကြက်ဥ ကျွေးပေးရမယ်ဆိုတော့ ကျနော်တို့ ကြက်ဥတွေလည်း လိုအပ်လျက်ရှိပါတယ်။ ကိုဗစ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဆီလာတာလည်း တော်တော်နည်းပါတယ်။ ”

မြစ်ကြီးနားမြို့က မျက်မမြင်ကျောင်းကို အနီးစပ်ဆုံး ကူညီပေးနေတဲ့ ဂျမိုင်ကောင် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ သင်းအုပ်ဆရာ လဖိုင်ဂျာနော်က ကိုဗစ်ကူးစက်တဲ့သတင်းရရှိပြီး လိုအပ်တဲ့ပံ့ပိုးမှုတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။

“သူတို့ လိုအပ်ချက်တွေကိုတော့ ကျနော်တို့ အမြဲတမ်း ပါဝင်ကူညီပါတယ်။ ကျနော်တို့ အခု မနက်ဖြန်တော့ စနေ၊ တနင်္ဂနွေဆိုတော့ ကျနော်တို့ နောက်တပတ်လောက်ဆိုရင်တော့ တတ်နိုင်တဲ့ဘက်ကနေပြီး စားဝတ်နေရေးအတွက်ပေါ့နော ကျနော်တို့ ကူညီဖို့တော့ စီစဉ်ထားပါတယ်။”

မြစ်ကြီးနား မျက်မမြင်ကျောင်းဟာ ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကိုယ်ထူကိုယ်ထ ရပ်တည်နေတဲ့ကျောင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျောင်းသူ၊ ကျောင်းသားနဲ့ ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော်ရှိပေမဲ့ လက်ရှိ ကိုဗစ်ရောဂါ တကျော့ပြန် ဖြစ်လာချိန်မှာတော့ ကျောင်းသူ၊ ကျောင်းသား ၃၂ ဦးပဲ ရှိနေတာဖြစ်ပါတယ်။

ဒီလ ၁၅ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄၅၀ ကျော်ရှိနေပြီး မြစ်ကြီးနားမြို့နယ်မှာ ၉၄ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။ လောလောဆည် မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်တွေမှာ Stay at home အမိန့် ထုတ်ထားပါတယ်။

ကချင်သတင်းမီဒီယာတွေကတော့ ကိုဗစ်ပိုး ပျံ့နှံ့ကူးစက်တဲ့ အခြေအနေအတိအကျကို အာဏာပိုင်တွေဘက်က ထုတ်ပြန်နိုင်တာမရှိကြောင်း ထောက်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG