သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ထိခိုက္တဲ့ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြ FIFA ကူညီမယ္


(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ကမာၻတ၀န္းမွာရွိတဲ့ ေဘာလုံးအဖဲြ႔ခ်ဳပ္ေတြကို ကူညီဖို႔ အေမရိကန္ေဒၚလာ သန္း ၁၅၀ အသုံးျပဳသြားမယ္လုိ႔ ကမာၻ႔ေဘာလုံးအဖဲြ႔ခ်ဳပ္ (FIFA) က ေျပာလိုက္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ စီးပြားေရးအရ ႐ုိက္ခတ္မႈေတြကို အကူအညီ ေပးႏုိင္ဖို႔အတြက္ FIFA က အဲဒီလို စီစဥ္ေနတာျဖစ္ၿပီး FIFA အဖဲြ႔၀င္ ႏုိင္ငံေတြမွာရွိတဲ့ သက္ဆုိင္ရာ ေဘာလုံးအဖဲြ႔ခ်ဳပ္ ၂၁၁ ခုအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ ပထမအဆင့္အေနနဲ႔ ေဒၚလာ ၅ သိန္းစီ ရရွိသြားမွာျဖစ္တယ္လို႔ မေန႔က ေျပာပါတယ္။

၂၀၁၉-၂၀၂၀ FIFA လုပ္ငန္းလည္ပတ္မႈ ရန္ပုံေငြထဲကေန ေပးတာျဖစ္တယ္လို႔ ေျပာပါတယ္။

ကမာၻတဝန္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ေဘာလုံးပဲြေတြကိုလည္း ရပ္နားထားရၿပီး အသင္းေတြရဲ႕ ၀င္ေငြေတြ ထိခုိက္က်ဆင္းခဲ့တာေၾကာင့့္ ေဘာလုံးေလာကတခုလုံးမွာ ဘယ္တုန္းကမွ မႀကဳံဘူးတဲ့ စိန္ေခၚမႈေတြနဲ႔ ရင္ဆုိင္ေနရၿပီး အခုလိုအခ်ိန္မွာ အကူအညီေတြ အေရးေပၚ လိုအပ္ေနတဲ့သူေတြကို ကူညီရမွာ ကမာၻ႔ေဘာလုံးအဖဲြ႔ခ်ဳပ္ရဲ႕တာ၀န္ ျဖစ္တယ္လို႔ ေျပာထားပါတယ္။

၂၀၂၀ အတြက္ ဒုတိယအဆင့္ေပးမယ့္ အကူအညီေတြကေတာ့ ပုံမွန္ဆုိရင္ ဇူလိုင္လမွေပးတာ ျဖစ္ေပမယ့္ FIFA ကေန လုပ္ေဆာင္ဖုိ႔ ခ်မွတ္ထားတဲ့ အခ်က္ေတြကို ျပည့္မီျခင္း ရွိမရွိဆုိတာကို ဆုံးျဖတ္ၿပီးမွ ေပးသြားမယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

COVID-19 ကြောင့် ထိခိုက်တဲ့ ဘောလုံးအဖွဲ့ချုပ်တွေ FIFA ကူညီမယ်

COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအရ ရိုက်ခတ်မှုတွေကို အကူအညီ ပေးနိုင်ဖို့အတွက် FIFA က အဲဒီလို စီစဉ်နေတာဖြစ်ပြီး FIFA အဖွဲ့ဝင် နိုင်ငံတွေမှာရှိတဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ၂၁၁ ခုအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ပထမအဆင့်အနေနဲ့ ဒေါ်လာ ၅ သိန်းစီ ရရှိသွားမှာဖြစ်တယ်လို့ မနေ့က ပြောပါတယ်။

၂၀၁၉-၂၀၂၀ FIFA လုပ်ငန်းလည်ပတ်မှု ရန်ပုံငွေထဲကနေ ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဘောလုံးပွဲတွေကိုလည်း ရပ်နားထားရပြီး အသင်းတွေရဲ့ ဝင်ငွေတွေ ထိခိုက်ကျဆင်းခဲ့တာကြောင့် ဘောလုံးလောကတခုလုံးမှာ ဘယ်တုန်းကမှ မကြုံဘူးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခုလိုအချိန်မှာ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့သူတွေကို ကူညီရမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန် ဖြစ်တယ်လို့ ပြောထားပါတယ်။

၂၀၂၀ အတွက် ဒုတိယအဆင့်ပေးမယ့် အကူအညီတွေကတော့ ပုံမှန်ဆိုရင် ဇူလိုင်လမှပေးတာ ဖြစ်ပေမယ့် FIFA ကနေ လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ အချက်တွေကို ပြည့်မီခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်ပြီးမှ ပေးသွားမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG