သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ျပည္နယ္အစိုးရမ်ား ကိုဗစ္တုံ႔ျပန္ေရး ျပန္သုံးသပ္ေန


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ Omicron ကိုဗစ္ပိုး မ်ဳိးကြဲသစ္ကူးစက္မႈနဲ႔ ေဆးရံုတက္ရသူ ေသဆံုးသူေတြ လတ္တေလာသီတင္းပတ္ေတြမွာ ျပန္မ်ားလာတဲ့အတြက္ ျပည္နယ္အစိုးရေတြအေနနဲ႔ ကိုဗစ္တံု႔ျပန္ေရး စည္းကမ္းေတြကို ျပန္လည္သံုးသပ္ေနၾကပါတယ္။

လူဦးေရ ၁၀ သန္းထက္မနည္းရွိတဲ့ Los Angeles County မွာ ကိုဗစ္ေၾကာင့္ ေဆးရံုတက္ရသူ အခုအတိုင္းဆက္သြားမယ္ဆိုရင္ အေဆာက္အဦးေတြထဲမွာ ႏွာေခါင္းစည္းတပ္တဲ့ စည္းကမ္းကို ဒီလကုန္ပိုင္းမွာ ျပန္လည္ ထုတ္ျပန္ဖို႔ရွိေနပါတယ္။ ေဆးရံုတက္သူအေရအတြက္ က်မသြားရင္ July လ ၂၉ ရက္ေန႔က စၿပီး အေဆာက္အဦးေတြထဲမွာ ႏွာေခါင္းစည္း ျပန္တပ္ၾကရမယ္လို႔ Los Angeles County က်န္းမာေရးဌာန ၫႊန္ၾကားေရးမွဴး Barbara Ferrer ကေျပာၾကားထားပါတယ္။

အေမရိကန္ႏိုင္ငံတဝန္းမွာ အင္မတန္ ကူးစက္ျမန္တဲ့ BA.5 မ်ဳိးကြဲသစ္ ကူးစက္သူ ၆၅% BA.4 မ်ဳိးကြဲသစ္ ကူးစက္သူ ၁၆% ရွိေနပါတယ္။ လက္ရွိ ကိုဗစ္ကာကြယ္ေဆးေတြက ဒီ ကိုဗစ္မ်ဳိးကြဲသစ္ေတြကို ကာကြယ္ႏိုင္ပံု မရပါဘူး။ ျပည္သူေတြအေနနဲ႔ ကိုဗစ္ကပ္ေရာဂါအႏၲရာယ္ကို အေမရိကန္ျပည္သူေတြ ျပန္ၿပီးသတိထားၾကဖို႔ အေမရိကန္အစိုးရကလည္း သတိေပးေနပါတယ္။

ကိုဗစ္ အားျဖည့္ကာကြယ္ေဆးေတြ ထိုးဖို႔၊ အေဆာက္အဦးေတြထဲမွာ ႏွာေခါင္းစည္းေတြတပ္ၾကဖို႔ အစိုးရက တိုက္တြန္းေနပါတယ္။ ကၽြမ္းက်င္သူတခ်ဳိ႕ကေတာ့ အခုလို သတိေပးမႈေတြ ေနာက္က်ေနၿပီလို႔ ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကန် ပြည်နယ်အစိုးရများ ကိုဗစ်တုံ့ပြန်ရေး ပြန်သုံးသပ်နေ

အမေရိကန်ပြည်ထောင်စုမှာ Omicron ကိုဗစ်ပိုး မျိုးကွဲသစ်ကူးစက်မှုနဲ့ ဆေးရုံတက်ရသူ သေဆုံးသူတွေ လတ်တလောသီတင်းပတ်တွေမှာ ပြန်များလာတဲ့အတွက် ပြည်နယ်အစိုးရတွေအနေနဲ့ ကိုဗစ်တုံ့ပြန်ရေး စည်းကမ်းတွေကို ပြန်လည်သုံးသပ်နေကြပါတယ်။

လူဦးရေ ၁၀ သန်းထက်မနည်းရှိတဲ့ Los Angeles County မှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူ အခုအတိုင်းဆက်သွားမယ်ဆိုရင် အဆောက်အဦးတွေထဲမှာ နှာခေါင်းစည်းတပ်တဲ့ စည်းကမ်းကို ဒီလကုန်ပိုင်းမှာ ပြန်လည် ထုတ်ပြန်ဖို့ရှိနေပါတယ်။ ဆေးရုံတက်သူအရေအတွက် ကျမသွားရင် July လ ၂၉ ရက်နေ့က စပြီး အဆောက်အဦးတွေထဲမှာ နှာခေါင်းစည်း ပြန်တပ်ကြရမယ်လို့ Los Angeles County ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Barbara Ferrer ကပြောကြားထားပါတယ်။

အမေရိကန်နိုင်ငံတဝန်းမှာ အင်မတန် ကူးစက်မြန်တဲ့ BA.5 မျိုးကွဲသစ် ကူးစက်သူ ၆၅% BA.4 မျိုးကွဲသစ် ကူးစက်သူ ၁၆% ရှိနေပါတယ်။ လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေက ဒီ ကိုဗစ်မျိုးကွဲသစ်တွေကို ကာကွယ်နိုင်ပုံ မရပါဘူး။ ပြည်သူတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါအန္တရာယ်ကို အမေရိကန်ပြည်သူတွေ ပြန်ပြီးသတိထားကြဖို့ အမေရိကန်အစိုးရကလည်း သတိပေးနေပါတယ်။

ကိုဗစ် အားဖြည့်ကာကွယ်ဆေးတွေ ထိုးဖို့၊ အဆောက်အဦးတွေထဲမှာ နှာခေါင်းစည်းတွေတပ်ကြဖို့ အစိုးရက တိုက်တွန်းနေပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ အခုလို သတိပေးမှုတွေ နောက်ကျနေပြီလို့ ပြောနေကြပါတယ်။

XS
SM
MD
LG