သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သတင္းသမားေတြအေပၚ ေထာင္ဒဏ္ခ်မွတ္မႈ ရပ္ဆိုင္းဖို႔ CPJ ေတာင္းဆို


သတင္းသမား ဖမ္းဆီးခံရမႈ အဆိုးဆံုးစာရင္းထဲ ျမန္မာ စတုတၳေျမာက္

အဖမ္းခံေနရတဲ့ သတင္းေထာက္ ဦးဟံသာျမင့္ နဲ႔ ဦးသန္းထုိက္ေအာင္ တို႔ကို ခၽြင္းခ်က္မရွိ အျမန္ျပန္လႊတ္ေပးဖို႔နဲ ႔ ျမန္မာ သတင္းသမားေတြကို သူတို႔ရဲ့ လုပ္ငန္းေၾကာင့္ အျပစ္ဒဏ္ခ်မွတ္ေနတာေတြ ရပ္ဆိုင္းဖုိ႔ CPJ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔က မတ္လ ၂၄ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

သတင္းသမားေတြအေပၚ ေထာင္ဒဏ္ခ်မွတ္မႈ ရပ္ဆိုင္းဖို႔ CPJ ေတာင္းဆို

{{Zawgyi/Unicode}}
အဖမ္းခံေနရတဲ့ သတင္းေထာက္ ဦးဟံသာညိန္း နဲ႔ ဦးသန္းထုိက္ေအာင္ တို႔ကို ခၽြင္းခ်က္မရွိ အျမန္ျပန္လႊတ္ေပးဖို႔နဲ ႔ ျမန္မာ သတင္းသမားေတြကို သူတို႔ရဲ့ လုပ္ငန္းေၾကာင့္ အျပစ္ဒဏ္ခ်မွတ္ေနတာေတြ ရပ္ဆိုင္းဖုိ႔ CPJ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔က မတ္လ ၂၄ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

ကမာရြတ္မီဒီယာ ဝက္ဘ္ဆိုဒ္ ကို ပူးတြဲတည္ေထာင္သူ ဦးဟံသာညိန္းကို မတ္လ ၂၁ ရက္ေန႔က ရန္ကုန္အင္းစိန္ေထာင္ စစ္ခံုရံုးက ႔ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ သတင္းမွားျဖန္႔ခ်ီမႈေတြနဲ႔ အလုပ္နဲ ႔ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ရက္မွာပဲ မ်စ္ဇီမသတင္းဌာန ဝက္ဘ္ဆိုဒ္နဲ႔ သတင္းပိုင္း အယ္ဒီတာ ဦးသန္းထုိက္ေအာင္ကို အလားတူ စြဲခ်က္ေတြနဲ႔ ေနျပည္ေတာ္တရားရံုးက ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့တာပါ။

၂၀၂၁ ခု မတ္လ ၉ ရက္ေန႔မွာ ဖမ္းဆီးထားတဲ့ ဦးဟံသာညိန္း နဲ႔ မတ္လ ၁၉ မွာ ဖမ္းဆီးခဲ့တဲ့ ဦးသန္းထိုက္ေအာင္ တို႔ရဲ့ ခ်ဳပ္ရက္ေတြကို ျပစ္ဒဏ္ခ်မွတ္ကာလမွာ ထည့္သြင္းတြက္ခ်က္မွာ ျဖစ္ေၾကာင္း ကမာရြတ္မီဒီယာ အယ္ဒီတာခ်ဳပ္ ဦးေနသန္ေမာင္နဲ႔ မ်စ္ဇီမသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးစိုးျမင့္တို႔က ေျပာပါတယ္။

ဒီသတင္းေထာက္ ၂ ဦးကို ဒါဇင္နဲ႔ခ်ီတဲ့ တျခား သူတို႔လို စစ္ေကာင္စီရဲ့ ဖိႏွိပ္တဲ့ ဥေဒေအာက္မွာ မတရားလြဲမွားတဲ့ စြဲခ်က္အတင္ခံေနရသူေတြနဲ႔ အတူ ခ်က္ခ်င္းျပန္လႊတ္ေပးဖုိ႔ CPJ ရဲ့ အေရွ႕ေတာင္အာရွဆိုင္ရာ တာဝန္ခံတဦးျဖစ္တဲ့ Shawn Crispin က ေတာင္းဆိုပါတယ္။

ေထာင္ဒဏ္ အျပစ္ေပးခံခဲ့ရတဲ့ ဒီသတင္းေထာက္ ၂ ဦးစလံုးက သူတုိ႔မွာ အျပစ္မရွိေၾကာင္းေျပာၾကားခဲ့ၾကတယ္လုိ႔ သူတုိ႔ရဲ့ အယ္ဒီတာေတြက ေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ့ ျပန္ၾကားေရးဝန္ႀကီးဌာနက ဒီသတင္းေထာက္ ၂ ဦးနဲ႔ ပတ္သက္ၿပီး တုံျပန္တာ မရွိေသးဘူးလို႔လည္း CPJ က ေျပာပါတယ္။ ျမန္မာဟာ တရုတ္ၿပီးရင္ ကမာၻမွာ သတင္းသမားေတြ ေထာက္အခ်ခံရဆံုး ႏိုင္ငံတႏိုင္ငံအျဖစ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

သတင်းသမားတွေအပေါ် ထောင်ဒဏ်ချမှတ်မှု ရပ်ဆိုင်းဖို့ CPJ တောင်းဆို

{{Zawgyi/Unicode}}

အဖမ်းခံနေရတဲ့ သတင်းထောက် ဦးဟံသာညိန်း နဲ့ ဦးသန်းထိုက်အောင် တို့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့နဲ့ မြန်မာ သတင်းသမားတွေကို သူတို့ရဲ့ လုပ်ငန်းကြောင့် အပြစ်ဒဏ်ချမှတ်နေတာတွေ ရပ်ဆိုင်းဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က မတ်လ ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကမာရွတ်မီဒီယာ ဝက်ဘ်ဆိုဒ် ကို ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို မတ်လ ၂၁ ရက်နေ့က ရန်ကုန်အင်းစိန်ထောင် စစ်ခုံရုံးက့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သတင်းမှားဖြန့်ချီမှုတွေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ရက်မှာပဲ မျစ်ဇီမသတင်းဌာန ဝက်ဘ်ဆိုဒ်နဲ့ သတင်းပိုင်း အယ်ဒီတာ ဦးသန်းထိုက်အောင်ကို အလားတူ စွဲချက်တွေနဲ့ နေပြည်တော်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာပါ။

၂၀၂၁ ခု မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ ဦးဟံသာညိန်း နဲ့ မတ်လ ၁၉ မှာ ဖမ်းဆီးခဲ့တဲ့ ဦးသန်းထိုက်အောင် တို့ရဲ့ ချုပ်ရက်တွေကို ပြစ်ဒဏ်ချမှတ်ကာလမှာ ထည့်သွင်းတွက်ချက်မှာ ဖြစ်ကြောင်း ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ မျစ်ဇီမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်တို့က ပြောပါတယ်။

ဒီသတင်းထောက် ၂ ဦးကို ဒါဇင်နဲ့ချီတဲ့ တခြား သူတို့လို စစ်ကောင်စီရဲ့ ဖိနှိပ်တဲ့ ဥဒေအောက်မှာ မတရားလွဲမှားတဲ့ စွဲချက်အတင်ခံနေရသူတွေနဲ့ အတူ ချက်ချင်းပြန်လွှတ်ပေးဖို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံတဦးဖြစ်တဲ့ Shawn Crispin က တောင်းဆိုပါတယ်။

ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ဒီသတင်းထောက် ၂ ဦးစလုံးက သူတို့မှာ အပြစ်မရှိကြောင်းပြောကြားခဲ့ကြတယ်လို့ သူတို့ရဲ့ အယ်ဒီတာတွေက ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီသတင်းထောက် ၂ ဦးနဲ့ ပတ်သက်ပြီး တုံပြန်တာ မရှိသေးဘူးလို့လည်း CPJ က ပြောပါတယ်။ မြန်မာဟာ တရုတ်ပြီးရင် ကမ္ဘာမှာ သတင်းသမားတွေ ထောက်အချခံရဆုံး နိုင်ငံတနိုင်ငံအဖြစ် ရှိနေပါတယ်။


XS
SM
MD
LG