သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ႏိုင္ငံတကာ သတင္းသမား ၃ ဦး CPJ သတင္းလြတ္လပ္ခြင့္ဆုရရွိ


ျမန္မာနဲ႔ ႏိုင္ငံတကာ သတင္းသမား ၃ ဦး CPJ သတင္းလြတ္လပ္ခြင့္ဆုရရွိ

ျမန္မာနဲ႔ ႏိုင္ငံတကာ သတင္းသမား ၃ ဦး CPJ သတင္းလြတ္လပ္ခြင့္ဆုရရွိ

{{Zawgyi/Unicode}}

ဖိႏွိပ္မႈေတြနဲ႔ အခက္အခဲေတြၾကား ေၾကာက္ရြံတြန္႔ဆုတ္ျခင္းမရွိ သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ေနၾကတဲ့ ျမန္မာ အပါအ၀င္ ကမ႓ာတ၀ွမ္းက သတင္းသမား ၄ ဦးကို သတင္းသမားမ်ား အကာအကြယ္ေပးေရးေကာ္မတီ (CPJ) က ဒီႏွစ္ ၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ဆု ခ်ီးျမွင့္လိုက္ပါတယ္။ ဒီႏွစ္ဆုရွင္ေတြကို ၾကည့္ျခင္းအားျဖင့္ ကမာၻမွာ သတင္းလြတ္လပ္ခြင့္ အေျခအေန ပိုၿပီးေတာ့ ဆုိးလာေနတယ္ ဆုိတာကို ျပသေနတဲ့အေၾကာင္း VOA သတင္းေထာက္ Julie Taboh သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ဦးေအးခ်မ္းႏုိင္ဟာ DVB သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္း ၿပီးတဲ့ေနာက္ သတင္းမီဒီယာေတြကို ဖိႏွိပ္လာခဲ့ၿပီး၊ အခုခ်ိန္ထိ သတင္းသမား ၁၀၀ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတယ္လို႔ ဦးေအးခ်မ္းႏုိင္က ေျပာပါတယ္။

“ဒီႏွစ္ ေဖေဖာ္ဝါရီလကစလို႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း စစ္တပ္က ဖမ္းဆီးခဲ့တဲ့ သတင္းေထာက္ ၁၀၀ ေက်ာ္ ရွိပါတယ္။ ဒီအထဲက ၅၀ ေလာက္က ဆက္ၿပီး ဖမ္းဆီးထိန္းသိမ္းခံေနရတုန္းပါပဲ။”

ဖမ္းဆီးခံရသူေတြထဲမွာ DVB သတင္းေထာက္ တဒါဇင္ေက်ာ္လည္း ပါ၀င္ၿပီး၊ ဦးေအးခ်မ္းႏုိင္ နဲ႔ က်န္တဲ့ DVB အဖြဲ႔သားေတြလည္း ျပည္ပကို ထြက္ေျပးတိမ္းေရွာင္ၿပီး အခုအခါမွာေတာ့ ေနာ္ေ၀းႏုိင္ငံကေန တဆင့္ သတင္းေတြကို ထုတ္လႊင့္ေပးေနတာျဖစ္ပါတယ္။ သတင္းသမားမ်ား အကာအကြယ္ေပးေရးေကာ္မတီ (CPJ) ရဲ႕ ၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ သတင္း လြတ္လပ္ခြင့္ဆု ခ်ီးျမွင့္ခံရသူေတြထဲမွာ DVB သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေအးခ်မ္းႏုိင္လည္းတဦး အပါအဝင္ျဖစ္ပါတယ္။

"အက်ဥ္းေထာင္ထဲမွာ ေရာက္ေနတဲ့ သတင္းေထာက္ေတြသာမက သူတုိ႔ရဲ႕အသက္အႏၲရာယ္၊ သူတို႔ရဲ႕ အနာဂတ္နဲ႔ရင္းၿပီး ႏုိင္ငံတြင္းမွာ သတင္းရယူတင္ျပဖို႔ ရုန္းကန္ႀကိဳးစားေနရဆဲျဖစ္တဲ့ က်ေနာ္တုိ႔ သတင္းေထာက္ေတြရဲ႕ ခက္ခဲၾကမ္းတမ္းလွတဲ့ အေျခအေနကို ဒီဆုက အထူးထင္ရွားေစမယ္လုိ႔ က်ေနာ္ ယူဆပါတယ္"

စက္တင္ဘာလ ၁၈ ရက္ ၾကာသပေတးေန႔က အခမ္းအနားနဲ႔ ခ်ီးျမွင့္ခဲ့တဲ့ CPJ ရဲ႕ ႏုိင္္ငံတကာ သတင္းလြတ္လပ္ခြင့္ဆုကို ဦးေအးခ်မ္းႏိုင္နဲ႔အတူ ဘဲလာရုရွ္၊ ဂြါတီမာလာနဲ႔ မိုဇမ္ဘစ္ႏုိင္ငံေတြက သတင္းေထာက္ေတြလည္း ခ်ီးျမွင့္ခံခဲ့ရပါတယ္။

“အေမရိကန္ျပည္ေထာင္စု အပါအ၀င္ ေနရာတိုင္းမွာ လြတ္လပ္တဲ့ သတင္းမီဒီယာေတြရဲ႕ အေျခအေနဟာ အရင္နဲ႔မတူေတာ့ဘူး ဆိုတာကို အခု ဆုရွင္ေတြေရာ၊ က်ေနာ္တို႔အားလံုးက သိနားလည္ ထားၾကပါတယ္။ စိန္ေခၚမႈေတြ ပိုမ်ားလာပါတယ္။ လြန္ခဲ့တဲ့ ၂၅ ႏွစ္…က်ေနာ္ ဒီ အလုပ္ စ လုပ္ခဲ့ခ်ိန္ကရွိခဲ့တဲ့ ႀကီးႀကီးမားမား အေကာင္းျမင္စရာ အေျခအေနေတြ ခုေတာ့ မရွိေတာ့ပါဘူး။”

ဂြါတီမာလာႏုိင္ငံက သတင္းေထာက္ Anastasia Mejia ဟာ သူရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ Joyabaj မွာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လက ျဖစ္ခဲ့တဲ့ ဆႏၵျပပဲြကို သတင္းကို ေဖာ္ျပခဲ့တဲ့ တဦးတည္းေသာသတင္းေထာက္ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဖမ္းခံခဲ့ရပါတယ္။

"က်မရဲ႕ လြတ္လပ္ခြင့္ ၃၆ ႏွစ္ ပိတ္ပင္ခံရပါတယ္။ အမႈစစ္ေဆးတာေတြကိုလည္း ရက္ေတြေရႊ႕ၿပီး အခ်ိန္ဆြဲခဲ့ၾကတယ္။”

တရားသူႀကီးကေတာ့ သူမမွာ အျပစ္မရွိဘူးလို႔ ဆုံးျဖတ္ခဲ့ေပမယ့္ သူမကေတာ့ အခုခ်ိန္ထိ စိုးရိမ္ထိတ္လန္႔ေနတုန္းပဲ ျဖစ္ပါတယ္။

"က်မ ဆက္ေျပာရင္ သူတို႔က သတ္လိမ့္မယ္။ က်မ မိသားစုကို ဖ်က္ဆီးပစ္ၾကလိမ့္မယ္။”
Joel Simon ကေတာ့ သတင္း ၊ စာနယ္ဇင္း နဲ႔ပတ္သက္ၿပီး အျပဳသေဘာနဲ႔သတိထားၿပီး အေကာင္းျမင္ေပမယ့္၊ တဘက္မွာလည္း အခက္အခဲေတြ စိန္ေခၚမႈေတြကေတာ့ ရွိေနတုန္းပဲျဖစ္တယ္လို႔ ဆုိပါတယ္။

“သတင္း အခ်က္အလက္ေတြ အလြယ္တကူ ရႏိုင္တဲ့ေခတ္ႀကီးမွာ သတင္းလြတ္လပ္ခြင့္ ဒါမွမဟုတ္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြ ရွိဖို႔က တိုက္ပြဲ ျဖစ္ေနပါတယ္။ ဒါကို အႏိုင္ရေအာင္ လုပ္ရပါမယ္။ အင္မတန္ ခက္ခဲၿပီး အခ်ိန္ၾကာ တိုက္ယူရတဲ့ တိုက္ပြဲဆိုတာကိုလည္း က်ေနာ္တို႔ နားလည္ရပါမယ္။”

ဒါ့အျပင္ ဦးေအးခ်မ္းႏုိင္ငံကလည္း သတင္းလြတ္လပ္ခြင့္ရဖို႔အတြက္ ဆက္ၿပီးေတာ့ တုိက္ပဲြ၀င္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“အနာဂတ္က အေတာ့္ကို ေတာက္ပလာေနၿပီလို႔ ထင္ပါတယ္။ အာဏာသိမ္းၿပီး ၁၀ လနီးပါးအခ်ိန္မွာ စစ္တပ္အေနနဲ႔ တိုင္းျပည္နဲ႔ ျပည္သူလူထုကို အသံတိတ္ေအာင္ ဘယ္လိုမွ လုပ္လို႔မရေတာ့ပါဘူး။ ႏိုင္ငံတ၀ွမ္းက သတင္းအခ်က္အလက္ေတြ ထုနဲ႔ေဒး က်ေနာ္တို႔ လက္ခံရရွိေနတာပါ။”

၁၉၈၈ ခုႏွစ္ ျမန္မာျပည္ကေန က်ေနာ္ ပထမဆံုးအခ်ိန္ ထြက္လာခဲ့ၿပီးတဲ့ေနာက္ တိုင္းျပည္ကိုျပန္ဖို႔ အႏွစ္ ၂၀ ၾကာခဲ့ပါတယ္။ ဒါေပမဲ့ အခု တႀကိမ္ကတာ့ အဲ့ဒီေလာက္ မၾကာႏိုင္ဘူးလို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။”

ဒီႏွစ္အတြက္ဆုကို ဦးေအးခ်မ္းႏုိင္ကို ခ်ီးျမွင့္တာဟာ အခက္အခဲအႏၲရာယ္ၾကားမွာ ေၾကာက္ရြံ႔ တြန္႔ဆုတ္ ျခင္းမရွိဘဲ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာ သူလုပ္ခဲ့တဲ့ သတင္းလုပ္ငန္းကို အသိအမွတ္ျပဳတာျဖစ္ရံုသာမက သတင္းေထာက္လုပ္ရတာ ဘယ္တံုးကနဲ႔မွမတူေအာင္ ပိုၿပီးအႏၲရာယ္ႀကီးတဲ့ အခ်ိန္ကာလတခုအတြင္း ျမန္မာႏုိင္ငံမွာ ဘာေတြျဖစ္ေနတယ္ဆိုတာ ကမာၻကသိေအာင္ ဆက္လက္လုပ္ေဆာင္ခဲ့ၾကတဲ့ သူနဲ႔ DVB ရဲ႕ ခိုင္မာတဲ့သႏၷိ႒ာန္ကိုပါ အသိအမွတ္ျပဳတာျဖစ္တယ္လို႔ CPJ ကေျပာပါတယ္။

ဒီဆုကို ၂၀၀၄ ခုႏွစ္မွာ အဲဒီအခ်ိန္က အက်ဥ္းက်ေနၾကတ့ဲ့ ကဗ်ာဆရာ ေအာင္ပြင့္နဲ႔ ကဗ်ာဆရာ ၿငိမ္းသစ္၊ ၂၀၁၄ ခုႏွစ္မွာ ဧရာဝတီသတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေအာင္ေဇာ္တို႔ ခ်ီးျမွင့္ခံခဲ့ရဖူးပါတယ္။

..........................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနဲ့ နိုင်ငံတကာ သတင်းသမား ၃ ဦး CPJ သတင်းလွတ်လပ်ခွင့်ဆုရရှိ

{{Unicode}}

ဖိနှိပ်မှုတွေနဲ့ အခက်အခဲတွေကြား ကြောက်ရွံတွန့်ဆုတ်ခြင်းမရှိ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် ကမ္ဘာတဝှမ်းက သတင်းသမား ၄ ဦးကို သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ) က ဒီနှစ် ၂၀၂၁ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်လိုက်ပါတယ်။ ဒီနှစ်ဆုရှင်တွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုပြီးတော့ ဆိုးလာနေတယ် ဆိုတာကို ပြသနေတဲ့အကြောင်း VOA သတင်းထောက် Julie Taboh သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဦးအေးချမ်းနိုင်ဟာ DVB သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် သတင်းမီဒီယာတွေကို ဖိနှိပ်လာခဲ့ပြီး၊ အခုချိန်ထိ သတင်းသမား ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။

“ဒီနှစ် ဖေဖော်ဝါရီလကစလို့ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၁၀၀ ကျော် ရှိပါတယ်။ ဒီအထဲက ၅၀ လောက်က ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရတုန်းပါပဲ။”

ဖမ်းဆီးခံရသူတွေထဲမှာ DVB သတင်းထောက် တဒါဇင်ကျော်လည်း ပါဝင်ပြီး၊ ဦးအေးချမ်းနိုင် နဲ့ ကျန်တဲ့ DVB အဖွဲ့သားတွေလည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး အခုအခါမှာတော့ နော်ဝေးနိုင်ငံကနေ တဆင့် သတင်းတွေကို ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ) ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရသူတွေထဲမှာ DVB သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်လည်းတဦး အပါအဝင်ဖြစ်ပါတယ်။

"အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ သတင်းထောက်တွေသာမက သူတို့ရဲ့အသက်အန္တရာယ်၊ သူတို့ရဲ့ အနာဂတ်နဲ့ရင်းပြီး နိုင်ငံတွင်းမှာ သတင်းရယူတင်ပြဖို့ ရုန်းကန်ကြိုးစားနေရဆဲဖြစ်တဲ့ ကျနော်တို့ သတင်းထောက်တွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေကို ဒီဆုက အထူးထင်ရှားစေမယ်လို့ ကျနော် ယူဆပါတယ်"

စက်တင်ဘာလ ၁၈ ရက် ကြာသပတေးနေ့က အခမ်းအနားနဲ့ ချီးမြှင့်ခဲ့တဲ့ CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ဦးအေးချမ်းနိုင်နဲ့အတူ ဘဲလာရုရှ်၊ ဂွါတီမာလာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေက သတင်းထောက်တွေလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

“အမေရိကန်ပြည်ထောင်စု အပါအဝင် နေရာတိုင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခြေအနေဟာ အရင်နဲ့မတူတော့ဘူး ဆိုတာကို အခု ဆုရှင်တွေရော၊ ကျနော်တို့အားလုံးက သိနားလည် ထားကြပါတယ်။ စိန်ခေါ်မှုတွေ ပိုများလာပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်…ကျနော် ဒီ အလုပ် စ လုပ်ခဲ့ချိန်ကရှိခဲ့တဲ့ ကြီးကြီးမားမား အကောင်းမြင်စရာ အခြေအနေတွေ ခုတော့ မရှိတော့ပါဘူး။”

ဂွါတီမာလာနိုင်ငံက သတင်းထောက် Anastasia Mejia ဟာ သူရဲ့ ဇာတိမြို့ဖြစ်တဲ့ Joyabaj မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကို သတင်းကို ဖော်ပြခဲ့တဲ့ တဦးတည်းသောသတင်းထောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖမ်းခံခဲ့ရပါတယ်။

"ကျမရဲ့ လွတ်လပ်ခွင့် ၃၆ နှစ် ပိတ်ပင်ခံရပါတယ်။ အမှုစစ်ဆေးတာတွေကိုလည်း ရက်တွေရွှေ့ပြီး အချိန်ဆွဲခဲ့ကြတယ်။”

တရားသူကြီးကတော့ သူမမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် သူမကတော့ အခုချိန်ထိ စိုးရိမ်ထိတ်လန့်နေတုန်းပဲ ဖြစ်ပါတယ်။

"ကျမ ဆက်ပြောရင် သူတို့က သတ်လိမ့်မယ်။ ကျမ မိသားစုကို ဖျက်ဆီးပစ်ကြလိမ့်မယ်။”
Joel Simon ကတော့ သတင်း ၊ စာနယ်ဇင်း နဲ့ပတ်သက်ပြီး အပြုသဘောနဲ့သတိထားပြီး အကောင်းမြင်ပေမယ့်၊ တဘက်မှာလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲဖြစ်တယ်လို့ ဆိုပါတယ်။

“သတင်း အချက်အလက်တွေ အလွယ်တကူ ရနိုင်တဲ့ခေတ်ကြီးမှာ သတင်းလွတ်လပ်ခွင့် ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ရှိဖို့က တိုက်ပွဲ ဖြစ်နေပါတယ်။ ဒါကို အနိုင်ရအောင် လုပ်ရပါမယ်။ အင်မတန် ခက်ခဲပြီး အချိန်ကြာ တိုက်ယူရတဲ့ တိုက်ပွဲဆိုတာကိုလည်း ကျနော်တို့ နားလည်ရပါမယ်။”

ဒါ့အပြင် ဦးအေးချမ်းနိုင်ငံကလည်း သတင်းလွတ်လပ်ခွင့်ရဖို့အတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“အနာဂတ်က အတော့်ကို တောက်ပလာနေပြီလို့ ထင်ပါတယ်။ အာဏာသိမ်းပြီး ၁၀ လနီးပါးအချိန်မှာ စစ်တပ်အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုကို အသံတိတ်အောင် ဘယ်လိုမှ လုပ်လို့မရတော့ပါဘူး။ နိုင်ငံတဝှမ်းက သတင်းအချက်အလက်တွေ ထုနဲ့ဒေး ကျနော်တို့ လက်ခံရရှိနေတာပါ။”

၁၉၈၈ ခုနှစ် မြန်မာပြည်ကနေ ကျနော် ပထမဆုံးအချိန် ထွက်လာခဲ့ပြီးတဲ့နောက် တိုင်းပြည်ကိုပြန်ဖို့ အနှစ် ၂၀ ကြာခဲ့ပါတယ်။ ဒါပေမဲ့ အခု တကြိမ်ကတာ့ အဲ့ဒီလောက် မကြာနိုင်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်။”

ဒီနှစ်အတွက်ဆုကို ဦးအေးချမ်းနိုင်ကို ချီးမြှင့်တာဟာ အခက်အခဲအန္တရာယ်ကြားမှာ ကြောက်ရွံ့ တွန့်ဆုတ် ခြင်းမရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာကြာ သူလုပ်ခဲ့တဲ့ သတင်းလုပ်ငန်းကို အသိအမှတ်ပြုတာဖြစ်ရုံသာမက သတင်းထောက်လုပ်ရတာ ဘယ်တုံးကနဲ့မှမတူအောင် ပိုပြီးအန္တရာယ်ကြီးတဲ့ အချိန်ကာလတခုအတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် ဆက်လက်လုပ်ဆောင်ခဲ့ကြတဲ့ သူနဲ့ DVB ရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုပါ အသိအမှတ်ပြုတာဖြစ်တယ်လို့ CPJ ကပြောပါတယ်။

ဒီဆုကို ၂၀၀၄ ခုနှစ်မှာ အဲဒီအချိန်က အကျဉ်းကျနေကြတဲ့ ကဗျာဆရာ အောင်ပွင့်နဲ့ ကဗျာဆရာ ငြိမ်းသစ်၊ ၂၀၁၄ ခုနှစ်မှာ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်တို့ ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG