သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းလြတ္လပ္ခြင္႔ တ႐ုတ္နဲ႔ အီရန္ထက္ ပိုဆိုး (Shawn Crispin, CPJ)


[ Zawgyi ]

ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈေၾကာင့္ တိုင္းျပည္ရဲ႕ သတင္းမီဒီယာေတြ ပ်က္စီးခဲ့ရၿပီး သတင္းသမား အနည္းဆုံး ၃၂ ေယာက္လည္း အဖမ္းခံေနရပါတယ္။ ဒီအေျခအေနေတြ နဲ႔ပတ္သက္ၿပီး သတင္းမီဒီယာလြတ္လပ္ခြင့္ ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ႀကီး တခုက အစီရင္ခံစာတေစာင္ ထုတ္ျပန္ထားတဲ့အေၾကာင္း Vijitra Duangdee ဘန္ေကာက္က သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။

သတင္းမီဒီယာေတြ အတြက္ လူသားခ်င္းစာနာမႈအၾကပ္အတည္းႀကီး ျဖစ္ေနတယ္လို႔ သတင္းမီဒီယာလြတ္လပ္ခြင့္ ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ႀကီးက ျမန္မာစစ္တပ္ရဲ႕ သတင္းသမားေတြကို ႏွိပ္ကြပ္ပုံေဖာ္ျပပါတယ္။ ျမန္မာျပည္မွာ သတင္းသမားအနည္းဆုံး ၃၂ ေယာက္ အဖမ္းခံေနရတယ္လို႔ နယူးေယာက္အေျခစိုက္ သတင္းသမားမ်ား ကာကြယ္ေရး ေကာ္မတီ CPJ က ေျပာတာပါ။ ဒါဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက အဖမ္းခံေနရတဲ့ သတင္းသမားမ်ားစာရင္း ထုတ္ျပန္တုန္းက ျမန္မာျပည္မွာ အဖမ္းခံရတဲ့ သတင္းသမား ၁ ေယာက္ပဲ ရွိခဲ့တာ နဲ႔ စာရင္ အမ်ားႀကီး တက္သြားတာပါ။ CPJ က ေျပာခြင့္ရ Shawn Crispin က -

" ဒါဟာ တ႐ုတ္ျပည္ထက္ အေျခအေနပိုဆိုးပါတယ္။ တူရီကထက္လည္း ပိုဆိုးပါတယ္။ အီရန္ထက္လည္း ပိုဆိုးတဲ့ အေျခအေနပါ။ အခုလို ကမာၻ႔သတင္းလြတ္လပ္ခြင့္ အက်ပ္အတည္းဟာ က်ေနာ္ လုပ္ေနတဲ့ ကာလတေလ်ာက္ အေရွ႕ေတာင္အာရွ မွာ မေတြ႕ဖူးပါဘူး။ "

ေဒၚေအာင္ဆန္းစုၾကည္အစိုးရ လက္ထက္တုန္းကလည္း တခ်ိဳ႕သတင္းမီဒီယာသမားေတြ အဖမ္းခံခဲ့ရေပမဲ့ ေဖေဖာ္ဝါရီလ မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီး သတင္းသမားေတြကို ႏွိပ္ကြပ္မႈနဲ႔ ႏႈိင္းယွဥ္ရင္ ဘာမွ မဟုတ္ပါဘူး။ ႐ုပ္သံထုတ္လုပ္မႈလိုင္စင္ေတြ ႐ုတ္သိမ္းခံရတာ၊ သတင္းသမားေတြ ကို သတင္းမွားျဖန႔္မႈ၊ ဆူပူေအာင္ လႈံေဆာ္မႈေတြ နဲ႔ ဖမ္းဆီး တရားစြဲေနတာပါ။ ဖမ္းဆီးခံရတာကို ေရွာင္ရွားဖို႔ သတင္းသမားအမ်ားႀကီး အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ ေျပးရပါတယ္။ ဒါနဲ႔ပတ္သက္လို႔ CPJ က Shawn Crispin က -

" ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးကတည္းက သတင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီး ျမန္မာျပည္က ဆိုးဆိုး႐ြား႐ြားက်ဆင္းသြားတာပါ။ သတင္းသမားေတြကို ေထာင္ခ်ေနတာတခုတည္းကို ၾကည့္ရင္ေတာင္ စစ္အစိုးရက သတင္းလြတ္လပ္ခြင့္ ကို တခါတည္းဖ်က္သိမ္းဖို႔ ရည္႐ြယ္တာကို သိႏိုင္ပါတယ္။"

ဖမ္းဆီးခံေနရတဲ့အထဲ အေမရိကန္ သတင္းသမား Danny Fenster လည္းပါဝင္ၿပီး သူ႔ကို ဖမ္းဆီးထာတာ ၆၅ ရက္ ေက်ာ္ေနၿပီျဖစ္သလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနတာကိုလည္း ေဆးကုသခြင့္ ျငင္းပယ္ခံထားရပါတယ္။ Fenster ဟာ ဖမ္းဆီးခံခဲ့ရတဲ့ ႏိုင္ငံျခားသတင္းေထာက္ ၄ ေယာက္ထဲမွာ တေယာက္အပါအဝင္ျဖစ္တာေၾကာင့္ဒီလို လုပ္ရပ္ဟာ ေၾကာက္ေအာင္ လုပ္တာလို႔ Crispin က ေျပာပါတယ္။

"ဒါဟာ ႏိုင္ငံျခားသတင္းမီဒီယာေတြကို ျပင္းထန္တဲ့ သတင္းစကားပါးလိုက္တာပါ။ မင္းတို႔ကိုယ္စားလွယ္ႏိုင္ငံထဲမွာ ရွိရင္ သူတို႔လည္း ဒါမ်ိဳးဆက္ဆံခံရမယ္လို႔ ျပလိုက္တာပါ။"

သတင္းသမားတခ်ိဳ႕ နဲ႔ ဆႏၵျပသူတခ်ိဳ႕ကို ျပန္လႊတ္ေပးဖူးပါတယ္။ ဒါေပမဲ့လည္း အက်ဥ္းေထာင္ထဲ လူေတြ ၾကပ္ညႇပ္ေနတာ၊ ညႇင္းပန္းႏွိပ္စက္မႈသတင္းေတြေၾကာင့္ဖမ္းဆီးခံေနရသူေတြရဲ႕ အေျခအေနေတြ ဟာ ဆိုး႐ြားေနဆဲပါပဲ။ အေမရိကန္ သတင္းမသား ေနသန္ေမာင္ဆိုရင္လည္း ေနာက္ဆုံးတိုင္းျပည္က ျပည္ႏွင္ဒဏ္ေပးၿပီး ျပန္မလႊတ္ခင္မွာ ႐ိုက္ႏွက္ႏွိပ္စက္တာခံခဲ့ရပါတယ္။ တခ်ိန္တည္းမွာပဲ စင္ကာပူေရာက္ေနတဲ့အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ဖမ္းဆီးထားတဲ့ သူေတြ အားလုံးကို လႊတ္ေပးဖို႔ ေတာင္းဆိုၿပီး ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို လုံးဝလက္မခံႏိုင္ဘူး လို႔ ေျပာသြားပါတယ္။ ျမန္မာစစ္ေကာင္စီက အခုလို ဖမ္းဆီးခံေတြ ကို ဆက္ဆံပုံ နဲ႔ ပတ္သက္ၿပီး ဗီအိုေအ ရဲ႕ ေမးျမန္းခ်က္ကို တိုက္႐ိုက္မေျဖၾကားေပမဲ့လည္း ဖမ္းဆီးခံေတြကို ဥပေဒစည္းကမ္း နဲ႔ အညီ ဆက္ဆံတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရက ေျပာပါတယ္။ အနာဂတ္ ဒီမိုကေရစီ အႏၲရာယ္ရွိတယ္လို႔ ကိုေနသန္ေမာင္က ေျပာပါတယ္။

"လူေတြ ေန႔တိုင္း ေသေနပါတယ္။ ဒီမိုကေရစီ နဲ႔ လူ႔အခြင့္အေရးကို ကာကြယ္ဖို႔ တိုက္ေနပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေျပာခ်င္တာက ဘက္လိုက္ပါ လို႔။ လူသားခ်င္းစာနာမႈဘက္ကို လိုက္ပါ။ က်ေနာ္တို႔က လူသားခ်င္းစာနာမႈအတြက္ တိုက္ေနတာပါ။"

ျမန္မာစစ္အစိုးရ အေနနဲ႔လည္း ဖမ္းဆီးထားတဲ့ သတင္းသမားေတြ အားလုံးကို လႊတ္ေပးၿပီး မီဒီယာ ဆင္ဆာလုပ္တာ ရပ္တန႔္ၿပီး၊ မီဒီယာကို ေႏွာက္ယွက္တာေတြ မလုပ္ဖို႔ CPJ က ေျပာပါတယ္။ ႏိုင္ငံတကာအသိုင္းဝိုင္းကိုလည္း ပိတ္ဆို႔ဒဏ္ခတ္မႈ ဆန္ရွင္ေတြကို ျပန္သုံးသပ္ဖို႔ နဲ႔ ထြက္ေျပးလာတဲ့သူေတြကို ကူညီဖို႔လည္း ေတာင္းဆိုထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မြန်မာသတင်းလွတ်လပ်ခွင့် တရုတ်နဲ့ အီရန်ထက် ပိုဆိုး (Shawn Crispin, CPJ)

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ သတင်းမီဒီယာတွေ ပျက်စီးခဲ့ရပြီး သတင်းသမား အနည်းဆုံး ၃၂ ယောက်လည်း အဖမ်းခံနေရပါတယ်။ ဒီအခြေအနေတွေ နဲ့ပတ်သက်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီး တခုက အစီရင်ခံစာတစောင် ထုတ်ပြန်ထားတဲ့အကြောင်း Vijitra Duangdee ဘန်ကောက်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

သတင်းမီဒီယာတွေ အတွက် လူသားချင်းစာနာမှုအကြပ်အတည်းကြီး ဖြစ်နေတယ်လို့ သတင်းမီဒီယာလွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးက မြန်မာစစ်တပ်ရဲ့ သတင်းသမားတွေကို နှိပ်ကွပ်ပုံဖော်ပြပါတယ်။ မြန်မာပြည်မှာ သတင်းသမားအနည်းဆုံး ၃၂ ယောက် အဖမ်းခံနေရတယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေး ကော်မတီ CPJ က ပြောတာပါ။ ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အဖမ်းခံနေရတဲ့ သတင်းသမားများစာရင်း ထုတ်ပြန်တုန်းက မြန်မာပြည်မှာ အဖမ်းခံရတဲ့ သတင်းသမား ၁ ယောက်ပဲ ရှိခဲ့တာ နဲ့ စာရင် အများကြီး တက်သွားတာပါ။ CPJ က ပြောခွင့်ရ Shawn Crispin က -

"ဒါဟာ တရုတ်ပြည်ထက် အခြေအနေပိုဆိုးပါတယ်။ တူရီကထက်လည်း ပိုဆိုးပါတယ်။ အီရန်ထက်လည်း ပိုဆိုးတဲ့ အခြေအနေပါ။ အခုလို ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အကျပ်အတည်းဟာ ကျနော် လုပ်နေတဲ့ ကာလတလျောက် အရှေ့တောင်အာရှ မှာ မတွေ့ဖူးပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်တုန်းကလည်း တချို့သတင်းမီဒီယာသမားတွေ အဖမ်းခံခဲ့ရပေမဲ့ ဖေဖော်ဝါရီလ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး သတင်းသမားတွေကို နှိပ်ကွပ်မှုနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ရုပ်သံထုတ်လုပ်မှုလိုင်စင်တွေ ရုတ်သိမ်းခံရတာ၊ သတင်းသမားတွေ ကို သတင်းမှားဖြန့်မှု၊ ဆူပူအောင် လှုံဆော်မှုတွေ နဲ့ ဖမ်းဆီး တရားစွဲနေတာပါ။ ဖမ်းဆီးခံရတာကို ရှောင်ရှားဖို့ သတင်းသမားအများကြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက် ပြေးရပါတယ်။ ဒါနဲ့ပတ်သက်လို့ CPJ က Shawn Crispin က -

"ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာပြည်က ဆိုးဆိုးရွားရွားကျဆင်းသွားတာပါ။ သတင်းသမားတွေကို ထောင်ချနေတာတခုတည်းကို ကြည့်ရင်တောင် စစ်အစိုးရက သတင်းလွတ်လပ်ခွင့် ကို တခါတည်းဖျက်သိမ်းဖို့ ရည်ရွယ်တာကို သိနိုင်ပါတယ်။"

ဖမ်းဆီးခံနေရတဲ့အထဲ အမေရိကန် သတင်းသမား Danny Fenster လည်းပါဝင်ပြီး သူ့ကို ဖမ်းဆီးထာတာ ၆၅ ရက် ကျော်နေပြီဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကိုလည်း ဆေးကုသခွင့် ငြင်းပယ်ခံထားရပါတယ်။ Fenster ဟာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသတင်းထောက် ၄ ယောက်ထဲမှာ တယောက်အပါအဝင်ဖြစ်တာကြောင့်ဒီလို လုပ်ရပ်ဟာ ကြောက်အောင် လုပ်တာလို့ Crispin က ပြောပါတယ်။

"ဒါဟာ နိုင်ငံခြားသတင်းမီဒီယာတွေကို ပြင်းထန်တဲ့ သတင်းစကားပါးလိုက်တာပါ။ မင်းတို့ကိုယ်စားလှယ်နိုင်ငံထဲမှာ ရှိရင် သူတို့လည်း ဒါမျိုးဆက်ဆံခံရမယ်လို့ ပြလိုက်တာပါ။"

သတင်းသမားတချို့ နဲ့ ဆန္ဒပြသူတချို့ကို ပြန်လွှတ်ပေးဖူးပါတယ်။ ဒါပေမဲ့လည်း အကျဉ်းထောင်ထဲ လူတွေ ကြပ်ညှပ်နေတာ၊ ညှင်းပန်းနှိပ်စက်မှုသတင်းတွေကြောင့်ဖမ်းဆီးခံနေရသူတွေရဲ့ အခြေအနေတွေ ဟာ ဆိုးရွားနေဆဲပါပဲ။ အမေရိကန် သတင်းမသား နေသန်မောင်ဆိုရင်လည်း နောက်ဆုံးတိုင်းပြည်က ပြည်နှင်ဒဏ်ပေးပြီး ပြန်မလွှတ်ခင်မှာ ရိုက်နှက်နှိပ်စက်တာခံခဲ့ရပါတယ်။ တချိန်တည်းမှာပဲ စင်ကာပူရောက်နေတဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဖမ်းဆီးထားတဲ့ သူတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံးဝလက်မခံနိုင်ဘူး လို့ ပြောသွားပါတယ်။ မြန်မာစစ်ကောင်စီက အခုလို ဖမ်းဆီးခံတွေ ကို ဆက်ဆံပုံ နဲ့ ပတ်သက်ပြီး ဗီအိုအေ ရဲ့ မေးမြန်းချက်ကို တိုက်ရိုက်မဖြေကြားပေမဲ့လည်း ဖမ်းဆီးခံတွေကို ဥပဒေစည်းကမ်း နဲ့ အညီ ဆက်ဆံတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ အနာဂတ် ဒီမိုကရေစီ အန္တရာယ်ရှိတယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။

"လူတွေ နေ့တိုင်း သေနေပါတယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တိုက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်တာက ဘက်လိုက်ပါ လို့။ လူသားချင်းစာနာမှုဘက်ကို လိုက်ပါ။ ကျနော်တို့က လူသားချင်းစာနာမှုအတွက် တိုက်နေတာပါ။"

မြန်မာစစ်အစိုးရ အနေနဲ့လည်း ဖမ်းဆီးထားတဲ့ သတင်းသမားတွေ အားလုံးကို လွှတ်ပေးပြီး မီဒီယာ ဆင်ဆာလုပ်တာ ရပ်တန့်ပြီး၊ မီဒီယာကို နှောက်ယှက်တာတွေ မလုပ်ဖို့ CPJ က ပြောပါတယ်။ နိုင်ငံတကာအသိုင်းဝိုင်းကိုလည်း ပိတ်ဆို့ဒဏ်ခတ်မှု ဆန်ရှင်တွေကို ပြန်သုံးသပ်ဖို့ နဲ့ ထွက်ပြေးလာတဲ့သူတွေကို ကူညီဖို့လည်း တောင်းဆိုထားပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG