သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းသူ ၆၀ ခန့် အီတလီ ကမ်းလွန်မှာ လှေနစ်သေဆုံး


အီတလီကမ်းခြေမရောက်ခင်မှာ ရွှေ့ပြောင်းအခြေချသူတွေလိုက်ပါလာတဲ့ သစ်သားလှေပျက်စီးနစ်မြုပ်သွားတာကို ကယ်ဆယ်ရေးမြင်ကွင်း။ 
အီတလီကမ်းခြေမရောက်ခင်မှာ ရွှေ့ပြောင်းအခြေချသူတွေလိုက်ပါလာတဲ့ သစ်သားလှေပျက်စီးနစ်မြုပ်သွားတာကို ကယ်ဆယ်ရေးမြင်ကွင်း။ 

{{Zawgyi/Unicode}}

ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သစ်သားလှေတစင်းဟာ အီတလီဆိပ်ကမ်းမရောက်ခင် ပျက်စီးနစ်မြုပ်ရာက ကလေးငယ်တဦးအပါအဝင် သေဆုံးသူ ၅၈ ဦးထက်မနည်းရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လှေနစ်မြုပ်မှုကနေ အသက်မသေလွတ်မြောက်လာသူ ၈၀ လောက်ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အလောင်းတချို့ကတော့ ပင်လယ်ကမ်းခြေအပမ်းဖြေရာ Crotone ဒေသကကမ်းပေါ်ကို တနင်္ဂနွေနေ့က မျောပါလာခဲ့ကြတာပါ။ လှေပေါ်မှာလိုက်ပါလာသူ ခန့်မှန်းခြေ ၁၄၀ လောက် ရှိမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

Crotone မြို့တော်ဝန် Vincenzo Voce ကတော့ ကြေကွဲစရာဖြစ်ရပ်ကြီးတခုအဖြစ် ပြောခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီး Francis ကတော့ ပျောက်ဆုံးနေဆဲသူတွေနဲ့ အသက်မသေ တ်မြောက်လာသူတွေအတွက် ဆုတောင်းခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးသမားတွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ကြိုဆိုလက်ခံသူတွေအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းစကား မိန့်ကြားခဲ့တာပါ။

ရွှေ့ပြောင်းသူ ၆၀ ခန့် အီတလီ ကမ်းလွန်မှာ လှေနစ်သေဆုံး.mp3
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

===================

{{Unicode}}





XS
SM
MD
LG