သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရားမဝင္ကုန္သြယ္မႈ တုိက္ဖ်က္ေရး


China-Myanmar Border Logging
တရားမဝင္ကုန္သြယ္မႈ တုိက္ဖ်က္ေရး
please wait

No media source currently available

0:00 0:05:29 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္သူေတြဟာ တရားမဝင္တဲ့ နယ္စပ္ကုန္သြယ္ေရးကို မီွခိုလာခဲ့တာ ဗိုလ္ေနဝင္းရဲ ႔ မဆလစစ္အစိုးရလက္ထက္ကတည္းက ျဖစ္ပါတယ္။ ဆိုရွယ္လစ္စနစ္ က်င့္သံုးတယ္ဆိုၿပီး ပုဂၢလိကလုပ္ငန္းကို ႏုိင္ငံပိုင္လုပ္လိုက္တဲ့ေနာက္ပိုင္း အစိုးရနဲ႔ မပတ္သက္တဲ့ ကုန္သြယ္မႈစနစ္ ရွင္သန္လာပါတယ္။ ဒါကို ေမွာင္ခိုစီးပြားေရးကို မဆလအစိုးရက အမည္ေပးပါတယ္။ ေနာက္ပိုင္းမွာ မႏိုင္မနင္းျဖစ္လာေတာ့ မဆလအစိုးရဌာနေတြကိုယ္တိုင္ လိုအပ္တဲ့ပစၥည္းကို ေမွာင္ခိုေစ်းမွာ ဝယ္ယူၾကရပါတယ္။ တရားမဝင္တဲ့ ကုန္သြယ္မႈကို မဆလအစိုးရကိုယ္တုိင္က အသိအမွတ္ျပဳလာတဲ့သေဘာ ျဖစ္ေနပါတယ္။

၁၉၈၈ ျပည္သူ႔အေရးေတာ္ပံုေၾကာင့္ မဆလအစိုးရ ဆင္းေပးလိုက္ရၿပီး စစ္တပ္က အာဏာသိမ္းတာကို အေနာက္တုိင္းက ဒဏ္ခတ္အေရးယူတဲ့အခါမွာ ေမွာင္ခုိစီးပြားေရးလုပ္ငန္းဟာ ပိုၿပီးအေရးပါလာပါတယ္။ စစ္အစိုးရာ ေငြရွင္ေၾကးရွင္ ေမွာင္ခိုလုပ္ငန္းရွင္ကို အားကိုးလာရပါတယ္။ မူးယစ္ေဆးအပစ္ရပ္အဖြဲ႔ေတြရဲ ႔ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း ႀကီးထြားလာပါတယ္။ သစ္လုပ္ငန္း၊ ေက်ာက္မ်က္လုပ္ငန္း၊ အတုအပလုပ္ငန္း၊ မူးယစ္ေဆးလုပ္ငန္းစတဲ့ ေမွာင္ခိုလုပ္ငန္းေတြ ႀကီးထြားလာပါတယ္။

တရားမဝင္ကုန္သြယ္မႈ တုိက္ဖ်က္ေရးအျပည္ျပည္ဆိုင္ရာအဖြဲ႔က တရားမဝင္ကုန္သြယ္မႈစစ္တမ္း ေကာက္ယူတဲ့အခါမွာ ျမန္မာႏုိင္ငံဟာ အဆိုးဝါးဆံုးႏုိင္ငံထဲမွာ ပါဝင္ေနတာ ေတြ႔ရပါတယ္။ ႏုိင္ငံေပါင္း (၈၄) ႏုိင္ငံရဲ ႔ အေျခအေနကို စစ္ေဆးတဲ့အခါမွာ ျမန္မာႏုိင္ငံက အဆင့္ (၈၂) မွာ ရိွေနပါတယ္။ ျမန္မာျပည္ထက္ဆိုးသူက ျပည္ပက ဝင္ေရာက္တိုက္ခိုက္လို႔ ပ်က္ဆီးသြားတဲ့ အီရတ္နဲ႔ လစ္ဗ်ားႏိုင္ငံတုိ႔ပဲ ျဖစ္ပါတယ္။ စစ္အစိုးရရဲ ႔ ခရိုနီအရင္းရွင္၊ ဘိန္းေမွာင္ခိုတျဖစ္လဲ စီးပြားေရးလုပ္ငန္းရွင္၊ အက်င့္ပ်က္ဗိုလ္ခ်ဳပ္လူတန္းစား၊ တိုင္းရင္းသားအပစ္ရပ္အရင္ရွင္း၊ တရုတ္အရင္းရွင္စတဲ့ လူတန္းစားေတြဟာ တရားဝင္တဲ့လုပ္ငန္း၊ တရားမဝင္တဲ့လုပ္ငန္းမ်ားကို လုပ္ကိုင္ေနပါတယ္။ ဒီလိုတရားမဝင္တဲ့ ဥပေဒမဲ့ ကုန္သြယ္ေရးရွင္သန္ေနတာဟာ အဆင္မျပတ္ ေရရွည္ဖြံ႔ၿဖိဳးတိုးတက္မႈကို အဟန္႔အတား ျဖစ္ေစပါတယ္။

တရားမဝင္ကုန္သြယ္ေရးနဲ႔ ဥပေဒမဲ့စီးပြားေရး ေရာေထြးယွက္တင္ျဖစ္ေနတာဟာ ျမန္မာျပည္မွာ မထူးဆန္းသလို ျဖစ္ေနပါတယ္။ ဒါေပမဲ့ တရားဥပေဒစိုးမိုးေရးေၾကြးေၾကာ္ၿပီး တရားမဝင္ကုန္သြယ္မႈကို လစ္လ်ဴရႈထားလို႔ မရဘူးလို႔ EuroCham (ေခၚ) ဥေရာပကုန္သည္ႀကီးမ်ားအသင္းက ယံုၾကည္တဲ့အတြက္ တရားမဝင္ကုန္သြယ္မႈတုိက္ဖ်က္ေရး ေဆြးေႏြးပြဲေတြ က်င္းပၾကပါတယ္။ လြန္ခဲ့တဲႏွစ္က တစ္ႀကိမ္၊ ဒီနွစ္ထဲမွာ တစ္ႀကိမ္ ေနျပည္ေတာ္မွာ ေဆြးေႏြးပြဲေတြ လုပ္ၾကပါတယ္။ ျမန္မာအစိုးရက စိတ္ဝင္စားလာလို႔ ဒုသမၼတဦးျမင့္ေဆြ ေခါင္းေဆာင္တဲ့ တရားမဝင္ကုန္သြယ္မႈ တုိက္ဖ်က္ေရး အၿမဲတမ္းေကာ္မတီတရပ္ကို လြန္ခဲ့တဲ့ စက္တင္ဘာလက ဖြဲ႔စည္းလိုက္ပါတယ္။ ပုဂၢလိကလုပ္ငန္းေတြနဲ႔ လက္တြဲၿပီး တရားမဝင္ကုန္သြယ္မႈကို တိုက္ဖ်က္ဖို႔ တိုက္တြန္းတဲ့ EuroCham ရဲ ႔ အႀကံေပးခ်က္ကို လက္ခံလာတဲ့သေဘာ ျဖစ္ပါတယ္။

တရားမဝင္ကုန္သြယ္မႈေၾကာင့္ ျမန္မာအစိုးရအခြန္အေကာက္ နစ္နာဆံုးရႈံးရပံုကို ဥေရာပကုန္သည္ႀကီးမ်ားအသင္းက လြန္ခဲ့တဲ့ စက္တင္ဘာလက (၄၄) မ်က္နွာ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ MMRD ျမန္မာ့ေစ်းကြက္သုေတသနအဖြဲ႔ ေကာက္ယူတဲ့အခ်က္အလက္ေတြကို အေျခခံေရးသားထားတဲ့ စာတမ္းျဖစ္ပါတယ္။ အေကာက္ခြန္ဌာန၊ ျပည္တြင္းအခြန္ဌာန၊ ကုန္သြယ္ေရးဌာန၊ ကုန္သြယ္ေရးအသင္းနဲ႔ ကုမၸဏီႀကီး (၇) ခုကို အဓိကထားၿပီး စစ္တမ္းေကာက္ယူပါတယ္။ ၂၀၁၈ မွာ ေဒၚလာသန္း (၂၅၀၀၀) ေက်ာ္ဖုိး ျမန္မာျပည္က တင္သြင္းတယ္လို႔ ႏိုင္ငံျခားစာရင္းမွာ ေဖာ္ျပေပမယ့္ ျမန္မာအစိုးရစာရင္းမွာေတာ့ ေဒၚလာသန္း (၁၈၀၀၀) ေက်ာ္ဖုိးသာ တင္သြင္းတယ္လို႔ ေဖာ္ျပထားတာမို႔ တရားမဝင္ကုန္သြယ္မႈပမာဏဟာ အနည္းဆံုးေဒၚလာသန္း (၆၀၀၀) ေက်ာ္ေလာက္ရိွမယ္လို႔ ခန္႔မွန္းႏုိင္ပါတယ္။

ဒါေပမဲ့ ေမွာင္ခိုလမ္းေၾကာင္းက ဝင္လာတဲ့ ကုန္ပစၥည္းေတြကလည္း အမ်ားႀကီးရိွႏို္င္ပါတယ္။ ျမန္မာျပည္မွာ တရားမဝင္နယ္စပ္ကုန္သြယ္ေရးစခန္း (၁၅) ခု ရိွပါတယ္။ တရုတ္နယ္စပ္မွာ (၄) ခု၊ ထိုင္းနယ္စပ္မွာ (၈) ခု၊ အိႏိၵယနယ္စပ္မွာ (၂) ခုနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္မွာ (၁) ခု ရိွပါတယ္။ တရားမဝင္တဲ့ နယ္စပ္ဂိတ္ေတြကေတာ့ တရုတ္နယ္စပ္မွာ (၈) ခုရိွၿပီး၊ ထိုင္းနယ္စပ္မွာ (၁၈) ခု ရိွပါတယ္။ ကုန္ပစၥည္းအမ်ားဆံုး (၃၃) ရာခိုင္ႏႈန္း တရုတ္ျပည္က တင္သြင္းၿပီး၊ စကၤာပူက ဒုတိယအမ်ားဆံုး (၁၆) ရာခိုင္ႏႈန္း၊ ထိုင္းက တတိယအမ်ားဆံုး (၁၂) ရာခိုင္ႏႈန္း တင္သြင္းပါတယ္။ တရုတ္က ေဒၚလာသန္း (၆၀၀၀) ေက်ာ္ဖိုး၊ စကၤာပူကသန္း (၃၀၀၀) ေက်ာ္ဖိုး၊ ထိုင္းက သန္း (၂၀၀၀) ေက်ာ္ဖိုးနဲ႔ အျခားႏုိင္ငံေတြက သန္း (၇၀၀၀) ေက်ာ္ဖိုး တင္သြင္းၾကပါတယ္။

နယ္စပ္စခန္းေတြထဲမွာ မူဆယ္က အမ်ားဆံုး ေဒၚလာသန္း (၁၇၀၀) ေက်ာ္ တင္သြင္းၿပီး၊ ျမဝတီက ေဒၚလာသန္း (၈၀၀) ေက်ာ္ဖိုး တင္သြင္းပါတယ္။ အိႏိၵယက ေဒၚလာ (၂၂) သန္းဖိုးနဲ႔ ဘဂၤလားေဒ့ရွ္က တစ္သန္းဖိုးသာ တင္သြင္းပါတယ္။ မၾကာမီက ျဖစ္ပြားခဲ့တဲ့ ျမန္မာ-တရုတ္ နယ္စပ္တိုက္ပြဲေတြေၾကာင့္ မူဆယ္ကုန္သြယ္ေရးမွာ ေန႔စဥ္ပ်မ္းမွ် ေဒၚလာသန္း (၆) သန္းေက်ာ္ ဆံုးရႈံးေၾကာင္း သိရပါတယ္။ လက္နက္ကိုင္ေတြ ရန္ပံုေငြရွာေနတဲ့ တရားမဝင္ ကုန္သြယ္မႈကြယ္ေပ်ာက္ဖို႔ကေတာ့ ေလာေလာဆယ္ ျဖစ္ႏုိင္ဖြယ္ မရိွေသးဘူးလို႔ ယူဆၾကပါတယ္။

==Unicode==

မြန်မာပြည်သူတွေဟာ တရားမဝင်တဲ့ နယ်စပ်ကုန်သွယ်ရေးကို မှီခိုလာခဲ့တာ ဗိုလ်နေဝင်းရဲ့ မဆလစစ်အစိုးရလက်ထက်ကတည်းက ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ် ကျင့်သုံးတယ်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းကို နိုင်ငံပိုင်လုပ်လိုက်တဲ့နောက်ပိုင်း အစိုးရနဲ့ မပတ်သက်တဲ့ ကုန်သွယ်မှုစနစ် ရှင်သန်လာပါတယ်။ ဒါကို မှောင်ခိုစီးပွားရေးကို မဆလအစိုးရက အမည်ပေးပါတယ်။ နောက်ပိုင်းမှာ မနိုင်မနင်းဖြစ်လာတော့ မဆလအစိုးရဌာနတွေကိုယ်တိုင် လိုအပ်တဲ့ပစ္စည်းကို မှောင်ခိုဈေးမှာ ဝယ်ယူကြရပါတယ်။ တရားမဝင်တဲ့ ကုန်သွယ်မှုကို မဆလအစိုးရကိုယ်တိုင်က အသိအမှတ်ပြုလာတဲ့သဘော ဖြစ်နေပါတယ်။

၁၉၈၈ ပြည်သူ့အရေးတော်ပုံကြောင့် မဆလအစိုးရ ဆင်းပေးလိုက်ရပြီး စစ်တပ်က အာဏာသိမ်းတာကို အနောက်တိုင်းက ဒဏ်ခတ်အရေးယူတဲ့အခါမှာ မှောင်ခိုစီးပွားရေးလုပ်ငန်းဟာ ပိုပြီးအရေးပါလာပါတယ်။ စစ်အစိုးရာ ငွေရှင်ကြေးရှင် မှောင်ခိုလုပ်ငန်းရှင်ကို အားကိုးလာရပါတယ်။ မူးယစ်ဆေးအပစ်ရပ်အဖွဲ့တွေရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ကြီးထွားလာပါတယ်။ သစ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ အတုအပလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်းစတဲ့ မှောင်ခိုလုပ်ငန်းတွေ ကြီးထွားလာပါတယ်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအပြည်ပြည်ဆိုင်ရာအဖွဲ့က တရားမဝင်ကုန်သွယ်မှုစစ်တမ်း ကောက်ယူတဲ့အခါမှာ မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါဝင်နေတာ တွေ့ရပါတယ်။ နိုင်ငံပေါင်း (၈၄) နိုင်ငံရဲ့ အခြေအနေကို စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံက အဆင့် (၈၂) မှာ ရှိနေပါတယ်။ မြန်မာပြည်ထက်ဆိုးသူက ပြည်ပက ဝင်ရောက်တိုက်ခိုက်လို့ ပျက်ဆီးသွားတဲ့ အီရတ်နဲ့ လစ်ဗျားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ခရိုနီအရင်းရှင်၊ ဘိန်းမှောင်ခိုတဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်၊ အကျင့်ပျက်ဗိုလ်ချုပ်လူတန်းစား၊ တိုင်းရင်းသားအပစ်ရပ်အရင်ရှင်း၊ တရုတ်အရင်းရှင်စတဲ့ လူတန်းစားတွေဟာ တရားဝင်တဲ့လုပ်ငန်း၊ တရားမဝင်တဲ့လုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။ ဒီလိုတရားမဝင်တဲ့ ဥပဒေမဲ့ ကုန်သွယ်ရေးရှင်သန်နေတာဟာ အဆင်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။

တရားမဝင်ကုန်သွယ်ရေးနဲ့ ဥပဒေမဲ့စီးပွားရေး ရောထွေးယှက်တင်ဖြစ်နေတာဟာ မြန်မာပြည်မှာ မထူးဆန်းသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးကြွေးကြော်ပြီး တရားမဝင်ကုန်သွယ်မှုကို လစ်လျူရှုထားလို့ မရဘူးလို့ EuroCham (ခေါ်) ဥရောပကုန်သည်ကြီးများအသင်းက ယုံကြည်တဲ့အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွေ ကျင်းပကြပါတယ်။ လွန်ခဲ့တဲနှစ်က တစ်ကြိမ်၊ ဒီနှစ်ထဲမှာ တစ်ကြိမ် နေပြည်တော်မှာ ဆွေးနွေးပွဲတွေ လုပ်ကြပါတယ်။ မြန်မာအစိုးရက စိတ်ဝင်စားလာလို့ ဒုသမ္မတဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အမြဲတမ်းကော်မတီတရပ်ကို လွန်ခဲ့တဲ့ စက်တင်ဘာလက ဖွဲ့စည်းလိုက်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ လက်တွဲပြီး တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ဖို့ တိုက်တွန်းတဲ့ EuroCham ရဲ့ အကြံပေးချက်ကို လက်ခံလာတဲ့သဘော ဖြစ်ပါတယ်။

တရားမဝင်ကုန်သွယ်မှုကြောင့် မြန်မာအစိုးရအခွန်အကောက် နစ်နာဆုံးရှုံးရပုံကို ဥရောပကုန်သည်ကြီးများအသင်းက လွန်ခဲ့တဲ့ စက်တင်ဘာလက (၄၄) မျက်နှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ MMRD မြန်မာ့ဈေးကွက်သုတေသနအဖွဲ့ ကောက်ယူတဲ့အချက်အလက်တွေကို အခြေခံရေးသားထားတဲ့ စာတမ်းဖြစ်ပါတယ်။ အကောက်ခွန်ဌာန၊ ပြည်တွင်းအခွန်ဌာန၊ ကုန်သွယ်ရေးဌာန၊ ကုန်သွယ်ရေးအသင်းနဲ့ ကုမ္ပဏီကြီး (၇) ခုကို အဓိကထားပြီး စစ်တမ်းကောက်ယူပါတယ်။ ၂၀၁၈ မှာ ဒေါ်လာသန်း (၂၅၀၀၀) ကျော်ဖိုး မြန်မာပြည်က တင်သွင်းတယ်လို့ နိုင်ငံခြားစာရင်းမှာ ဖော်ပြပေမယ့် မြန်မာအစိုးရစာရင်းမှာတော့ ဒေါ်လာသန်း (၁၈၀၀၀) ကျော်ဖိုးသာ တင်သွင်းတယ်လို့ ဖော်ပြထားတာမို့ တရားမဝင်ကုန်သွယ်မှုပမာဏဟာ အနည်းဆုံးဒေါ်လာသန်း (၆၀၀၀) ကျော်လောက်ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ဒါပေမဲ့ မှောင်ခိုလမ်းကြောင်းက ဝင်လာတဲ့ ကုန်ပစ္စည်းတွေကလည်း အများကြီးရှိနိုင်ပါတယ်။ မြန်မာပြည်မှာ တရားမဝင်နယ်စပ်ကုန်သွယ်ရေးစခန်း (၁၅) ခု ရှိပါတယ်။ တရုတ်နယ်စပ်မှာ (၄) ခု၊ ထိုင်းနယ်စပ်မှာ (၈) ခု၊ အိန္ဒိယနယ်စပ်မှာ (၂) ခုနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ (၁) ခု ရှိပါတယ်။ တရားမဝင်တဲ့ နယ်စပ်ဂိတ်တွေကတော့ တရုတ်နယ်စပ်မှာ (၈) ခုရှိပြီး၊ ထိုင်းနယ်စပ်မှာ (၁၈) ခု ရှိပါတယ်။ ကုန်ပစ္စည်းအများဆုံး (၃၃) ရာခိုင်နှုန်း တရုတ်ပြည်က တင်သွင်းပြီး၊ စင်္ကာပူက ဒုတိယအများဆုံး (၁၆) ရာခိုင်နှုန်း၊ ထိုင်းက တတိယအများဆုံး (၁၂) ရာခိုင်နှုန်း တင်သွင်းပါတယ်။ တရုတ်က ဒေါ်လာသန်း (၆၀၀၀) ကျော်ဖိုး၊ စင်္ကာပူကသန်း (၃၀၀၀) ကျော်ဖိုး၊ ထိုင်းက သန်း (၂၀၀၀) ကျော်ဖိုးနဲ့ အခြားနိုင်ငံတွေက သန်း (၇၀၀၀) ကျော်ဖိုး တင်သွင်းကြပါတယ်။

နယ်စပ်စခန်းတွေထဲမှာ မူဆယ်က အများဆုံး ဒေါ်လာသန်း (၁၇၀၀) ကျော် တင်သွင်းပြီး၊ မြဝတီက ဒေါ်လာသန်း (၈၀၀) ကျော်ဖိုး တင်သွင်းပါတယ်။ အိန္ဒိယက ဒေါ်လာ (၂၂) သန်းဖိုးနဲ့ ဘင်္ဂလားဒေ့ရှ်က တစ်သန်းဖိုးသာ တင်သွင်းပါတယ်။ မကြာမီက ဖြစ်ပွားခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ်တိုက်ပွဲတွေကြောင့် မူဆယ်ကုန်သွယ်ရေးမှာ နေ့စဉ်ပျမ်းမျှ ဒေါ်လာသန်း (၆) သန်းကျော် ဆုံးရှုံးကြောင်း သိရပါတယ်။ လက်နက်ကိုင်တွေ ရန်ပုံငွေရှာနေတဲ့ တရားမဝင် ကုန်သွယ်မှုကွယ်ပျောက်ဖို့ကတော့ လောလောဆယ် ဖြစ်နိုင်ဖွယ် မရှိသေးဘူးလို့ ယူဆကြပါတယ်။

XS
SM
MD
LG