အွန်လိုင်းကနေငွေကြေးလိမ်လည်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဓိကဂိုဏ်းကြီး ၃၆ ခု ရှိပြီး လူတသိန်း ကျော်ကို အလုပ်ခိုင်းစေနေကြောင်း ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi (လျို ကျုံရီ) က ပြောပါတယ်။ထိုင်းရဲတပ်ဖွဲ့ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေးဗျူရိုကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး Trairong Phiwpan (ထရီရွန် ဖီဝပန်) နဲ့ မနေ့က တွေ့ဆုံပြီး သတင်းအချက်အလက်ဖလှယ်ခဲ့တာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံ Tak ခရိုင်နဲ့ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ မြဝတီနယ်ထဲက တရုတ်ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ နှိမ်နှင်းရေး ထိုင်းနိုင်ငံနဲ့ဆွေးနွေးဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို လက်ထောက်ဝန်ကြီး Liu Zhongyi (လျို ကျုံရီ) က ဦးဆောင်ပြီး ရောက်လာတာပါ။
တရုတ်နိုင်ငံသားအများအပြား အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ဖျားယောင်း ခိုင်းစေခံနေရပြီး တချို့ ရိုက်နှက်နှိပ်စက်ခံရတာ၊ သေဆုံးခဲ့တာတွေတောင် ရှိတယ်လို့လည်း တရုတ်လက်ထောက်ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံနယ်ဘက်မှာဖမ်းဆီးပြီး အဓမ္မအခိုင်းခံနေရတဲ့သူတွေကို ဖေါ်ထုတ်ပြီး လွတ်မြောက်ရေးအတွက် ဖိအားပေးလုပ်ဆောင်ဖို့၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းလည်ပတ်လို့ မရအောင် ပိတ်ပင်ဖို့လည်း တရုတ် တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက် ဝန်ကြီးက ထိုင်းနိုင်ငံကို တိုက်တွန်းသွားပါတယ်။
Forum