သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့တရုတ်နိုင်ငံသားတွေပါတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်း ထိုင်းဖမ်းဆီး


ထိုင်းနိုင်ငံ ဆိုက်ဘာပြစ်မှုနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ တရုတ်နဲ့မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ ဆိုက်ဘာပြစ်မှုနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ တရုတ်နဲ့မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကက်မြို့နယ်ထဲက နေအိမ်ခြံ၀င်းတခုကို ဆိုက်ဘာရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ရာမှာ မြန်မာနဲ့တရုတ်နိုင်ငံသားတွေပါတဲ့အွန်လိုင်းလိမ်လည်ဂိုဏ်း၀င် ၁၃ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ချင်းမိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ထိုင်းအာဏာပိုင်တွေက အွန်လိုင်းလိမ်လည်ဂိုဏ်းကသုံးတဲ့ ကေဘယ်လိုင်းတွေကို ဖြတ်တောက် တာနဲ့၊ ဆက်သွယ်ရေးပစ္စည်းတွေကိုလည်း ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကက်မြို့နယ်ထဲက နေအိမ်ခြံဝင်းတခုကို ထိုင်းနိုင်ငံ ဆိုက်ဘာပြစ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ရာမှာ မြန်မာနဲ့တရုတ်နိုင်ငံသားတွေပါတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်း၀င် ၁၃ ဦးကို ကွန်ပြူတာ ၉ လုံး၊ တရုတ်ဖုန်းဆင်းကပ် ၉၀ နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အမှတ် ၅‌ ဒေသ ရဲမှူးကြီး ဘန်းချာက ထိုင်းဘာသာနဲ့အခုလို ပြောပါတယ်။

"ချင်းမိုင်ခရိုင်၊ ဒွိုင်စကက်မြို့နယ် ခြံ၀င်းတခုက လုံးချင်းအိမ်တလုံးမှာ ဖမ်းမိတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား ၁၃ ဦးဟာ တရုတ်နိုင်ငံသားတွေရဲ့ Call center ဂိုဏ်းဝင်တွေဖြစ်တယ်" လို့ ပြောသွားခဲ့တာပါ။ .

ဒိုင်စကက်မြို့နယ်အတွင်း ရေကူကန်ရပ်ကွက်ထဲကနေ စားပွဲတင်ကွန်ပြူတာတလုံး၊ လက်ပ်တော့ကွန်ပြူတာ ၈ လုံး၊ ဖုန်း ၉၄ လုံးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ဒါတွေကို သက်သေအထောက်အထားအဖြစ် ချင်းမိုင်ခရိုင်တရားရုံးမှာ အထောက်အထားတွေ စုဆောင်းပြီး တင်ပြသွားမှာဖြစ်ပါတယ်။ ။

Call Center ဂိုဏ်းကတော့ တရုတ်နိုင်ငံရှိ တရုတ်လူမျိုးတွေကို နှစ်ရှည်ငွေစုဖို့၊ရင်းနှီးမြုပ်နှံဖို့အတွက် လိမ်လည်လှည့်ဖျားနေတဲ့အဖွဲ့တခုဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အွန်လိုင်းလိမ်လည်ဂိုဏ်းမှာသုံးဖို့ ဆက်သွယ်ရေး စလောင်း ၃၈ ခုကိုလည်းချင်းမိုင်ကနေ မဲဆောက်ကိုပို့ဆောင်တဲ့လမ်းမှာ ဖမ်းမိခဲ့တယ်လို့ ရဲမှူးကြီး စမ်မလစ် အေကမွန်က ကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံအနေနဲ့ ခုလို တရားမ၀င် အင်တာနက်ဆက်သွယ်ပေးနေတာကို လုံး၀ ဖြတ်တောက်ထားပါတယ်။ ဒါကို လုံး၀ ခွင့်မပြုပါဘူး။ အခု ဇွန်လ ၂၈ ရက်နေ့မှာ ဖမ်းမိတဲ့ အင်တာနက်ထုတ်လွှင့်တဲ့စလောင်း ၃၈ ခုဟာ ချင်းမိုင်ကနေတဆင့် မဲဆောက်ကိုပို့လာတာကို မဲဆောက်ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။" လို့ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

မဲဆောက်ကနေ မြ၀တီအထိ ထိုင်းဘက်ခြမ်း မြေအောက်ကနေတဆင့် တရားမဝင် ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်ကြိုးလိုင်းတွေကိုလည်း ထိုင်းအာ ဏာပိုင်တွေကစစ်ဆေးပြီး ဖမ်းဆီးတာတွေကိုလည်း ဇွန်လ ၂၈ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။

အခုလို ထိုင်းဘက်ကနေ တရားမဝင် အင်တာနက်တွေကိုဆက်သွယ်ပေးတဲ့ သူတွေကိုလည်း ဆက်သွယ်ရေးဥပဒေချိုးဖေါက်မှုနဲ့ တရားစွဲဆိုသွားမယ့်အကြောင်း ပြောသွားခဲ့ပါတယ်။ ဒီဆယ်သွယ်ရေးကေဘယ်ကြိုးလိုင်းတွေဟာ ထိုင်းနိုင်ငံတာ့ခရိုင် မယ်လမ၊ ဖွတ်ဖရ စတဲ့မြို့နယ်တွေကတဆင့် မြေအောက်ကနေ ဆက်သွယ်ပေးထားပြီး မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်း ရွှေကိုက္ကိုနဲ့ဝမ်ဖာစတဲ့နေရာတွေထိ အင်တာနက်လိုင်းတွေရရှိဖို့လုပ်ခဲ့တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ရေးသားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG