သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်မှာ  ဆိုင်ကလုန်း Remal ဝင်ရောက်တိုက်ခတ်ခဲ့အပြီး မြင်ကွင်း (မေ ၂၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်း Remal ဝင်ရောက်တိုက်ခတ်ခဲ့အပြီး မြင်ကွင်း (မေ ၂၇၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေနိမ့်ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ၁၀ ဦးအထိ မြင့်တက်လာပြီး၊ အိမ်ခြေ ၃ သောင်း ကျော် ပျက်စီးခဲ့ကာ သောင်းနဲ့ချီတဲ့ ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံအာဏာပိုင်တွေက ဒီနေ့ပဲ ပြောပါတယ်။

သေဆုံးသူအများစုဟာ အိမ်နံရံတွေ ပြိုကျခဲ့တဲ့အတွက် ပိမိပြီးသေဆုံးရတာဖြစ်တယ်လို့ လူပေါင်း ၇ ဦး သေဆုံးခဲ့တဲ့ Barisal ခရိုင်ရဲ့ အစိုးရအုပ်ချုပ်ရေးမှူး Showkat Ali က ပြောပါတယ်။ Barisal ခရိုင်ရဲ့ ပတ်ဝန်းကျင် ခရိုင်ဒေသတွေမှာတော့ ရေနစ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဆိုင်ကလုန်း Remal ဟာ တနင်္ဂနွေနေ့ညပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး ကြီးမားတဲ့လှိုင်းလုံးကြီးတွေက ကမ်းခြေကို ရိုက်ခတ်ခဲ့တာပါ။ တနင်္လာနေ့မွန်းလွဲပိုင်းကတော့ ဆိုင်ကလုန်း Remal ဟာ အားပျော့သွားခဲ့ပေမဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန် လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် အိမ်ပေါင်း ၁၂၃,၀၀၀ ကျော် ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ အိမ်ခြေ ၃၁,၀၀၀ လောက် လုံးဝပျက်စီးသွားတယ်လို့ Khulan ခရိုင် အစိုးရ အုပ်ချုပ်ရေးမှူး Helal Mahmud က ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူ ၄ သောင်း ကျော်ဟာ ဆိုင်ကလုန်း ကာကွယ်ရေးစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ကြောင်းနဲ့ စစ်တကောင်းခရိုင်မှာလည်း နောက်ထပ်လူတဦး သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး Tofael Islam ကပြောပါတယ်။ လူဦးရေ ၁၂.၅ သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ရတဲ့အတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်သွားမယ်လို့ အစိုးရပိုင် အကြီးဆုံး ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် Biswanath Sikder ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG