သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆု ေဒါက္တာစင္သီယာေမာင္လက္ခံယူ


ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အာဏာရွင္ဆန႔္က်င္ေရး ေမ ၁၈ ေအာက္ေမ့ဘြယ္ေန႔အထိမ္းအမွတ္ ဂြမ္ဂ်ဴး လူ႔အခြင့္အေရးဆု ရဲ႕ ၂၀၂၂ ခုႏွစ္ဆုရွင္ ေဒါက္တာစင္သီယာေမာင္ (ဗဟို) (ဓာတ္ပံု-ရန္ႏုိင္ထြန္း)

[[Zawgyi/Unicode]]

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အာဏာရွင္ဆန႔္က်င္ေရး ေမ ၁၈ ေအာက္ေမ့ဘြယ္ေန႔မွာ ဂြမ္ဂ်ဴး လူ႔အခြင့္အေရးဆုကို ဂြမ္ဂ်ဴး ျပည္သူ႔ရင္ျပင္မွာ ဒီကေန႔ ေဒါက္တာစင္သီယာေမာင္ကို ခ်ီးျမႇင့္လိုက္ပါတယ္။ ဆုလက္ခံမိန႔္ခြန္းမွာ ေဒါက္တာစင္သီယာေမာင္က ခုလို နိဂုံးခ်ဳပ္ေျပာခဲ့ပါတယ္။

“လူ႔အခြင့္အေရး ဆုအတြက္ ေက်းဇူးစကား ထပ္မံဆိုပါရေစ။ လူသားအားလုံးအတြက္ လြတ္လပ္ခြင့္၊ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ က်မတို႔ ဆက္လက္ တိုက္ၾကရပါမယ္။ ေက်းဇူးတင္ပါတယ္။” လို႔ ေျပာသြားခဲ့တာပါ။

ေဒါက္တာ စင္သီယာေမာင္ဟာ ျမန္မာဒုကၡသည္ေတြကို ကယ္တင္ႏိုင္ခဲ့တဲ့အျပင္ ျမန္မာျပည္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္လည္း ျဖစ္ေၾကာင္းနဲ႔ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးနဲ႔ ၿငိမ္းခ်မ္းေရးတန္ဖိုးမ်ားအေပၚ ကူညီေထာက္ပံ့တာေတြအတြက္ ေက်းဇူးတင္ေၾကာင္း ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က ေမလ ၃ ရက္ေန႔ က သတင္းထုတ္ျပန္ရာမွာ ေျပာခဲ့ပါတယ္။

ဒီပြဲမွာ စစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈ ဓာတ္ပုံေတြကို ျပသထားထားပါတယ္။ အၾကမ္းဖက္ျခင္းရဲ႕ျပာပုံမွာ ေနေနရတဲ့ ျမန္မာႏိုင္ငံသားေတြကို ဂြမ္ဂ်ဴးက အမွတ္တရရွိၿပီး အတူတကြ ရွိေနမွာပါ ဆိုတဲ့ စာတမ္း ေရးထိုးထားတယ္လို႔ ကိုရီးယားႏိုင္ငံေရာက္ ကိုရန္ႏိုင္ထြန္းက သူ႔ရဲ႕လူမႈ စာမ်က္ႏွာမွာ ေျပာထားပါတယ္။ ဒီပြဲကို အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုယ္စားလွယ္႐ုံးက တာဝန္ရွိသူေတြအျပင္ ျမန္မာႏိုင္ငံက သံဃာေတာ္တခ်ိဳ႕၊ ABSDF ဥကၠ႒ဦးသံခဲနဲ႔ အျခား ဧည့္သည္ေတာ္ေတြလည္း တက္ေရာက္ခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

အတိုအားျဖင့္ ၅၁၈ လို႔လည္း သိၾကတဲ့ ၁၉၈၀ ခုႏွစ္၊ ေမလ ၁၈ ရက္ေန႔ မွာ ျဖစ္ပြါးခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံ စစ္အာဏာရွင္ဆန႔္က်င္ေရး၊ ဒီမိုကေရစီလႈပ္ရွားမႈကို အထိမ္းအမွတ္ျပဳေသာအားျဖင့္ ေအာက္ေမ့ဖြယ္ ေဖာင္ေဒးရွင္းကို ထူေထာင္ခဲ့တာျဖစ္ၿပီး ႏွစ္စဥ္ လူ႔အခြင့္အေရးဆုကို ၂၀၀၀ ခုႏွစ္ က စၿပီး ခ်ီးျမႇင့္ခဲ့တာပါ။

၂၀၀၀ ခုႏွစ္က စတင္ ခ်ီးျမႇင့္ခဲ့ရာမွာ ၂၀၀၄ ခုႏွစ္အတြက္ ေဒၚေအာင္ဆန္းစုၾကည္၊ ၂၀၀၉ ခုႏွစ္အတြက္ ဦး မင္းကိုႏိုင္တို႔ကို ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ မွာ ေဒါက္တာ စင္သီယာေမာင္ကို ခုလို ခ်ီးျမႇင့္လိုက္တာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ႐ိုဟင္ဂ်ာကိစၥနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ကို ခ်ီးျမႇင့္ခဲ့တဲ့ဆုကို ျပန္လည္ ႐ုပ္သိမ္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်လက်ခံယူ

တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်ရေး မေ ၁၈ အောက်မေ့ဘွယ်နေ့မှာ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ဂွမ်ဂျူး ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ ဒေါက်တာစင်သီယာမောင်ကို ချီးမြှင့်လိုက်ပါတယ်။ ဆုလက်ခံမိန့်ခွန်းမှာ ဒေါက်တာစင်သီယာမောင်က ခုလို နိဂုံးချုပ်ပြောခဲ့ပါတယ်။

“လူ့အခွင့်အရေး ဆုအတွက် ကျေးဇူးစကား ထပ်မံဆိုပါရစေ။ လူသားအားလုံးအတွက် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကျမတို့ ဆက်လက် တိုက်ကြရပါမယ်။ ကျေးဇူးတင်ပါတယ်။” လို့ ပြောသွားခဲ့တာပါ။

ဒေါက်တာ စင်သီယာမောင်ဟာ မြန်မာဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တဲ့အပြင် မြန်မာပြည် အနာဂတ်အတွက် မျှော်လင့်ချက်လည်း ဖြစ်ကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတန်ဖိုးများအပေါ် ကူညီထောက်ပံ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က မေလ ၃ ရက်နေ့ က သတင်းထုတ်ပြန်ရာမှာ ပြောခဲ့ပါတယ်။

ဒီပွဲမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု ဓာတ်ပုံတွေကို ပြသထားထားပါတယ်။ အကြမ်းဖက်ခြင်းရဲ့ပြာပုံမှာ နေနေရတဲ့ မြန်မာနိုင်ငံသားတွေကို ဂွမ်ဂျူးက အမှတ်တရရှိပြီး အတူတကွ ရှိနေမှာပါ ဆိုတဲ့ စာတမ်း ရေးထိုးထားတယ်လို့ ကိုရီးယားနိုင်ငံရောက် ကိုရန်နိုင်ထွန်းက သူ့ရဲ့လူမှု စာမျက်နှာမှာ ပြောထားပါတယ်။ ဒီပွဲကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံက သံဃာတော်တချို့၊ ABSDF ဥက္ကဋ္ဌဦးသံခဲနဲ့ အခြား ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အတိုအားဖြင့် ၅၁၈ လို့လည်း သိကြတဲ့ ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့ မှာ ဖြစ်ပွါးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှုကို အထိမ်းအမှတ်ပြုသောအားဖြင့် အောက်မေ့ဖွယ် ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး နှစ်စဉ် လူ့အခွင့်အရေးဆုကို ၂၀၀၀ ခုနှစ် က စပြီး ချီးမြှင့်ခဲ့တာပါ။

၂၀၀၀ ခုနှစ်က စတင် ချီးမြှင့်ခဲ့ရာမှာ ၂၀၀၄ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၀၉ ခုနှစ်အတွက် ဦး မင်းကိုနိုင်တို့ကို ချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် မှာ ဒေါက်တာ စင်သီယာမောင်ကို ခုလို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်ခဲ့တဲ့ဆုကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

================

XS
SM
MD
LG