[Zawgyi/Unicode]
ခ်က္သမၼတႏိုင္ငံ ပါလီမန္ဥကၠ႒ Milos Vystrcil ဟာ ထိုင္ဝမ္ကို သြားေရာက္လည္ပတ္တဲ့အေပၚမွာ တန္ဖိုးႀကီးႀကီး ျပန္လည္ ေပးဆပ္ရလိမ့္မယ္လို႔ တ႐ုတ္ႏိုင္ငံက ေျပာပါတယ္။ ခ်က္သမၼတႏိုင္ငံ ပါလီမန္ဥကၠ႒ Vystrcil က ထိုင္ဝမ္နဲ႔ စီးပြားေရး တိုးျမႇင့္ဖို႔ တနဂၤေႏြေန႔က ထိုင္ဝမ္ကို ေရာက္ရွိလာတာျဖစ္ပါတယ္။
တ႐ုတ္တို႔က ထိုင္ဝမ္ကို ခြဲထြက္ဖို႔ ႀကိဳးစားေနတဲ့ ျပည္နယ္အေနနဲ႔ တစ္ျခားႏိုင္ငံေတြနဲ႔ တရားဝင္ ဆက္ဆံေရး မလုပ္ရဘူးလို႔ သတ္မွတ္ ယူဆထားတာပါ။ ဒါေၾကာင့္ ဂ်ာမနီႏိုင္ငံမွာ ေရာက္ရွိေနတဲ့ တ႐ုတ္ ႏိုင္ငံေတာ္ ေကာင္စီဝင္ Wang Yi က ခ်က္ပါလီမန္ ဥကၠ႒ရဲ႕ အလည္အပတ္ခရီးအတြက္ တုံ႔ျပန္ လက္စားေခ်မယ္လို႔ ေျပာပါတယ္။ တ႐ုတ္အစိုးရနဲ႔ ျပည္သူေတြက ဒီကိစၥအေပၚ ဘာမွ မလုပ္ဘဲ ဒီ အတိုင္း ၿငိမ္ေနမွာ မဟုတ္သလို လႊတ္ထားမွာလည္း မဟုတ္ေၾကာင္း၊ အေမွ်ာ္အျမင္နည္းတဲ့ အျပဳအမူအတြက္ တန္ဖိုး ႀကီးႀကီး ျပန္လည္ ေပးဆပ္ရမွာ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ ေကာင္စီဝင္ Wang ကို ကိုးကားၿပီး တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဘယ္လို တုံ႔ျပန္မွာလည္း ဆိုတာကိုေတာ့ Wang က ေျပာၾကားတာ မရွိပါဘူး။
ခ်က္သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Tomas Petricek က ခ်က္အစိုးရအေနနဲ႔ ပါလီမန္ ဥကၠ႒ရဲ႕ ထိုင္ဝမ္ခရီးစဥ္ကို ေထာက္ခံျခင္း မရွိေပမဲ့ Wang ရဲ႕ ေျပာၾကားခ်က္က သိပ္ကို ျပင္းထန္လြန္းတာေၾကာင့္ တ႐ုတ္ဘက္က ရွင္းလင္းေပးဖို႔ လိုအပ္တဲ့အတြက္ တ႐ုတ္ သံအမတ္ကို ဆင့္ေခၚသြားမယ္လို႔ ေျပာပါတယ္။
ဒီ ခရီးက ႏွစ္ႏိုင္ငံ ဆက္ဆံေရးအေပၚ ထိခိုက္တာ မွန္ေပမဲ့ တ႐ုတ္တို႔ ေျပာတဲ့ စကားက စည္းေဘာင္ကို ေက်ာ္သြားခဲ့ေၾကာင္း၊ Wang ရဲ႕ ေဝဖန္ခ်က္ဟာ ခ်က္သမၼတႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္တာျဖစ္ေၾကာင္းနဲ႔ ခ်က္ႏိုင္ငံဟာ လြတ္လပ္မႈ ရွိတဲ့ တိုင္းျပည္ ျဖစ္ၿပီး ႏိုင္ငံအားလုံးနဲ႔ ဆက္ဆံေရး ေကာင္းမြန္ဖို႔ ႀကိဳးပမ္းတာ ျဖစ္သလို ႏိုင္ငံေရး အရ ဘယ္သူနဲ႔မွ ထိပ္တိုက္ ေတြ႕ဖို႔ ရည္႐ြယ္ခ်က္မရွိဘူးလို႔လည္း ခ်က္ႏိုင္ငံျခားေရး ဝန္ႀကီးက CTK သတင္းကို ေျပာပါတယ္။ ထိုင္ဝမ္ စီးပြားေရး ဝန္ႀကီး Wang Mei-hua ကေတာ့ တ႐ုတ္ႏိုင္ငံကို တိုက္႐ိုက္ ရည္ၫႊန္းေျပာဆိုတာမ်ိဳး မလုပ္ဘဲ ခ်က္နဲ႔ ထိုင္ဝမ္ ႏွစ္ႏိုင္ငံဟာ လြတ္လပ္ၿပီး ဒီမိုကေရစီစနစ္က်င့္သုံးသလို လူ႔အခြင့္အေရးကို ေလးစားတဲ့ ႏိုင္ငံေတြျဖစ္လို႔ ဘုံ တန္ဖိုးေတြ တူညီေၾကာင္း ေျပာပါတယ္။
[Unicode Version]
ချက် ပါလီမန်ဥက္ကဋ္ဌ ထိုင်ဝမ်ခရီးစဉ် တရုတ်ပြင်းပြင်းထန်ထန်တုံ့ပြန်
ချက်သမ္မတနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ Milos Vystrcil ဟာ ထိုင်ဝမ်ကို သွားရောက်လည်ပတ်တဲ့အပေါ်မှာ တန်ဖိုးကြီးကြီး ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ချက်သမ္မတနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ Vystrcil က ထိုင်ဝမ်နဲ့ စီးပွားရေး တိုးမြှင့်ဖို့ တနင်္ဂနွေနေ့က ထိုင်ဝမ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
တရုတ်တို့က ထိုင်ဝမ်ကို ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ပြည်နယ်အနေနဲ့ တစ်ခြားနိုင်ငံတွေနဲ့ တရားဝင် ဆက်ဆံရေး မလုပ်ရဘူးလို့ သတ်မှတ် ယူဆထားတာပါ။ ဒါကြောင့် ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် နိုင်ငံတော် ကောင်စီဝင် Wang Yi က ချက်ပါလီမန် ဥက္ကဋ္ဌရဲ့ အလည်အပတ်ခရီးအတွက် တုံ့ပြန် လက်စားချေမယ်လို့ ပြောပါတယ်။ တရုတ်အစိုးရနဲ့ ပြည်သူတွေက ဒီကိစ္စအပေါ် ဘာမှ မလုပ်ဘဲ ဒီ အတိုင်း ငြိမ်နေမှာ မဟုတ်သလို လွှတ်ထားမှာလည်း မဟုတ်ကြောင်း၊ အမျှော်အမြင်နည်းတဲ့ အပြုအမူအတွက် တန်ဖိုး ကြီးကြီး ပြန်လည် ပေးဆပ်ရမှာ ဖြစ်ကြောင်း နိုင်ငံတော် ကောင်စီဝင် Wang ကို ကိုးကားပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လို တုံ့ပြန်မှာလည်း ဆိုတာကိုတော့ Wang က ပြောကြားတာ မရှိပါဘူး။
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek က ချက်အစိုးရအနေနဲ့ ပါလီမန် ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ထောက်ခံခြင်း မရှိပေမဲ့ Wang ရဲ့ ပြောကြားချက်က သိပ်ကို ပြင်းထန်လွန်းတာကြောင့် တရုတ်ဘက်က ရှင်းလင်းပေးဖို့ လိုအပ်တဲ့အတွက် တရုတ် သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ပြောပါတယ်။
ဒီ ခရီးက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်တာ မှန်ပေမဲ့ တရုတ်တို့ ပြောတဲ့ စကားက စည်းဘောင်ကို ကျော်သွားခဲ့ကြောင်း၊ Wang ရဲ့ ဝေဖန်ချက်ဟာ ချက်သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာဖြစ်ကြောင်းနဲ့ ချက်နိုင်ငံဟာ လွတ်လပ်မှု ရှိတဲ့ တိုင်းပြည် ဖြစ်ပြီး နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးပမ်းတာ ဖြစ်သလို နိုင်ငံရေး အရ ဘယ်သူနဲ့မှ ထိပ်တိုက် တွေ့ဖို့ ရည်ရွယ်ချက်မရှိဘူးလို့လည်း ချက်နိုင်ငံခြားရေး ဝန်ကြီးက CTK သတင်းကို ပြောပါတယ်။ ထိုင်ဝမ် စီးပွားရေး ဝန်ကြီး Wang Mei-hua ကတော့ တရုတ်နိုင်ငံကို တိုက်ရိုက် ရည်ညွှန်းပြောဆိုတာမျိုး မလုပ်ဘဲ ချက်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံဟာ လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ကျင့်သုံးသလို လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေဖြစ်လို့ ဘုံ တန်ဖိုးတွေ တူညီကြောင်း ပြောပါတယ်။