သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ထိုင်ဝမ်နိုင်ငံကို ရောက်ရှိလာတဲ့ ချက်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Milos Vystrcil (လယ်) နဲ့အဖွဲ့ကို ကြိုဆိုနှုတ်ဆက်နေတဲ့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး Joseph Wu (ယာ)။ (သြဂုတ် ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)







တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)

ချက် အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို ရောက်

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အသိအမှတ်မပြုရေးကို ဆန့်ကျင်ပြီး ချက်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌအဖွဲ့ ထိုင်ဝမ်ကို ၆ ရက်တာခရီး မနေ့က စရောက်သွားပါတယ်။

ဒီ လွှတ်တော်ဥက္ကဋ္ဌ Milos Vystrcil က ဒီခရီးစဉ်က ချက်နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်ခဲ့တဲ့ ကွယ်လွန်သူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဗားကလပ်ဟာဗယ်လ်ရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုဖို့ပါလို့ ဆိုပါတယ်။

ဒီခရီးစဉ်က နှစ်ဖက်အကြား စီးပွားရေးနဲ့ ယဉ်ကျေးမှု ချိတ်ဆက်မှုတွေအကြောင်း အဆင့်မြင့်ဆုံး ဆွေးနွေးဖလှယ်ကြမယ့် ပထမဆုံးပွဲပါ။

လေ့လာသုံးသပ်သူတွေကတော့ တရုတ်နိုင်ငံရဲ့ သူ့တနိုင်ငံတည်း အသိအမှတ်ပြုရေး အတင်းဖိအားပေးလုပ်တဲ့ သံတမန်ရေး ချက်နိုင်ငံမှာ မအောင်မြင်တော့တာကို ဒီခရီးစဉ်က ပြလိုက်တာလို့ ဗွီအိုအေကို ရှင်းပြပါတယ်။

ဒါပေမယ့် ချက်နိုင်ငံ အဖွဲ့ဝင်ဖြစ်တဲ့ ဥရောပသမဂ္ဂ တခုလုံးက နောက်ကလိုက်လုပ်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ ဒီသုံးသပ်သူတွေက ဆိုပါတယ်။

ချက်နိုင်ငံအနေနဲ့ One China Policy လို့ခေါ်တဲ့ တရုတ်နိုင်ငံတခုပဲ အသိအမှတ်ပြုရေးကို တရားဝင် လက်ခံထားပေမယ့် ထိုင်ဝမ်နဲ့တော့ အလွတ်သဘော ဆက်ဆံရေး ထားရှိလာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG