သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ကပ္ေဘးကာလ သတင္းလြတ္လပ္ခြင္႔ ပိုအေရးႀကီး (ကုလေျပာခြင္႔ရ Farhan Haq)


{{Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းမီဒီယာ လြတ္လပ္ခြင့္နဲ႔ သတင္းသမားေတြအေပၚ ဖိႏွိပ္မႈေတြအတြက္ ကုလသမဂၢက သတိေပးလိုက္ပါတယ္။

“လြန္ခဲ့တဲ့ ၆ လအတြင္း သတင္းသမား ၁၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး၊ ၄၆ ေယာက္ဟာလည္း ဆက္လက္ ထိန္းသိမ္းထားဆဲ ျဖစ္ေၾကာင္း သတင္းေတြ ရရွိထားပါတယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းလြတ္လပ္ခြင့္ေတြကို ေလးစားဖို႔နဲ႔ သတင္းသမားေတြ အေရးယူခံရမွာ စိုးရိမ္စရာ မလိုဘဲ သတင္းတင္ျပခြင့္ျပဳဖို႔လည္း ကုလသမဂၢ ဌာေန႐ုံးက ေတာင္းဆိုထားပါတယ္။ ဒီလို အေျခခံအခြင့္အေရးေတြဟာ COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့ အခ်ိန္မ်ဳိးမွာ ပိုၿပီးေတာ့ေတာင္ အေရးႀကီးပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရ Farhan Haq က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ သတင္းသမားေတြထဲမွာ ေထာင္ဒဏ္အျပစ္ေပး ခံခဲ့ရသူတခ်ဳိ႕ ရွိသလို၊ ျပန္လႊတ္ေပးခဲ့သူေတြလည္း ရွိပါတယ္။ ဖမ္းဆီးခံသူေတြထဲက ျမန္မာသတင္းသမား တခ်ဳိ႕ကို ျပန္လႊတ္ေပးခဲ့သလို၊ ကမာရြတ္မီဒီယာက အေမရိကန္ ႏိုင္ငံသား ကိုေနသန္ေမာင္၊ ဂ်ပန္သတင္းေထာက္ Yuki Kitazumi တို႔ကိုလည္း ျပန္လႊတ္ေပးခဲ့တာပါ။

ဒါေပမဲ့လည္း Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ အသက္ ၃၇ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား Danny Fenster အပါအ၀င္ သတင္းသမား အမ်ားအျပားကို ဆက္လက္ ဖမ္းဆီးခံထားတဲ့အတြက္ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး အဖဲြ႕ေတြက ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေအတွက် ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
“လွန်ခဲ့တဲ့ ၆ လအတွင်း သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၄၆ ယောက်ဟာလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းတွေ ရရှိထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို လေးစားဖို့နဲ့ သတင်းသမားတွေ အရေးယူခံရမှာ စိုးရိမ်စရာ မလိုဘဲ သတင်းတင်ပြခွင့်ပြုဖို့လည်း ကုလသမဂ္ဂ ဌာနေရုံးက တောင်းဆိုထားပါတယ်။ ဒီလို အခြေခံအခွင့်အရေးတွေဟာ COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ပိုပြီးတော့တောင် အရေးကြီးပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံသူတွေထဲက မြန်မာသတင်းသမား တချို့ကို ပြန်လွှတ်ပေးခဲ့သလို၊ ကမာရွတ်မီဒီယာက အမေရိကန် နိုင်ငံသား ကိုနေသန်မောင်၊ ဂျပန်သတင်းထောက် Yuki Kitazumi တို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ။

ဒါပေမဲ့လည်း Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးခံထားတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG