သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကို ရင္ဆိုင္ဖို႔ ႏိုင္ငံေရးတည္ၿငိမ္ဖို႔လို (ကုလေျပာခြင့္ရ)


Myanmar: Expert calls for “COVID ceasefire”; urges new UN resolution

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ ႏုိင္ငံေရး တည္ၿငိမ္မႈရွိဖို႔ လိုအပ္ေၾကာင္း ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။ ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တိုးလာေနတဲ့ ျမန္မာႏိုင္ငံအတြက္ ကာကြယ္ေဆးရဖို႔ ႀကိဳးပမ္းေနေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

“ျမန္မာႏုိင္ငံအေရးကိစၥကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က အလြန္အေလးအနက္ထားပါတယ္။ ကာကြယ္ေဆးရဖို႔ ျမန္မာႏုိင္ငံထဲက ကကုလသမဂၢအဖြဲ႔က တဆင့္ လုပ္ကုိင္ေနပါတယ္။ ျမန္မာႏုိိင္ငံမွာ ပိုးကူးစက္မႈျမင့္တက္ေနတဲ့အတြက္လည္း သိပ္ကိုစိုးရိမ္ပါတယ္။ ၾသဂုတ္လ ၁ ရက္ေန႔ဆိုရင္စစ္တပ္ကအာဏာသိမ္္းထားတာ ၆ လျပည့္ပါၿပီ။

အာဏာမသိမ္းခင္ အေျခအေနမ်ိဳးျပန္ေရာက္ေအာင္လည္း ကုလသမဂၢကလုပ္ကုိင္ေနပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener လည္း ဒီကိစၥကိုတဖက္တလမ္း ကလုပ္ကုိင္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါကို ကုိင္တြယ္ဖို႔ဆိုရင္ ႏုိင္ငံေရးအရ တည္ၿငိမ္မႈရွိေနဖို႔လည္းလိုပါတယ္" လို႔ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ လက္ေထာက္ေျပာခြင့္ရ Farhan Haq က အဂၤါေန႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

အဂၤါေန႔မွာပဲ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း ျမန္မာႏုိင္ငံမွာ က်န္းမာေရးလုပ္သားေတြအေပၚ စစ္ေကာင္စီကတုိက္ခိုက္ေနတာေတြရပ္တန္႔သြားေအာင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီဖက္က တြန္းအားေပးဖို႔ လုံၿခဳံေရးေကာင္စီနဲ႔ ကုလအဖြဲ႔၀င္ႏုိင္ငံေတြကို ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရး တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္မွာပဲ ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖို့ နိုင်ငံရေးတည်ငြိမ်ဖို့လို (ကုလပြောခွင့်ရ)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အလွန်အလေးအနက်ထားပါတယ်။ ကာကွယ်ဆေးရဖို့ မြန်မာနိုင်ငံထဲက ကကုလသမဂ္ဂအဖွဲ့က တဆင့် လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုမြင့်တက်နေတဲ့အတွက်လည်း သိပ်ကိုစိုးရိမ်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့ဆိုရင်စစ်တပ်ကအာဏာသိမ်းထားတာ ၆ လပြည့်ပါပြီ။ အာဏာမသိမ်းခင် အခြေအနေမျိုးပြန်ရောက်အောင်လည်း ကုလသမဂ္ဂကလုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း ဒီကိစ္စကိုတဖက်တလမ်း ကလုပ်ကိုင်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖို့ဆိုရင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိနေဖို့လည်းလိုပါတယ်" လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ထောက်ပြောခွင့်ရ Farhan Haq က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အင်္ဂါနေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း မြန်မာနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေအပေါ် စစ်ကောင်စီကတိုက်ခိုက်နေတာတွေရပ်တန့်သွားအောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဖက်က တွန်းအားပေးဖို့ လုံခြုံရေးကောင်စီနဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG