သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုံၿခဳံမႈနဲ႔အကူအညီ လိုအပ္ေနဆဲ ရခိုင္ဒုကၡသည္မ်ား


Rakhine refugees

ရခိုင္ျပည္နယ္တြင္း ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာစစ္တပ္တို႔ၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ အခုခ်ိန္အထိ ဒုကၡသည္စခန္း ၁၀၀ ေက်ာ္မွာ ခိုလႈံေနထိုင္ၾကရတဲ့ ေနရပ္တိမ္းေရွာင္ေနၾကရဆဲ ရခိုင္ျပည္သူ ေလးေသာင္းႏွစ္ေထာင္ေက်ာ္အတြက္ စားနပ္ရိကၡာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ အေရးေပၚလိုအပ္ေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံးက ေျပာပါတယ္။ တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပု႑န္းကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ စစ္ေတြစတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသၿမိဳ႕ေတြကေန ေနရပ္စြန႔္ခြာတိမ္းေရွာင္ေျပးလာရတဲ့ ေသာင္းခ်ီတဲ့ ရခိုင္ျပည္သူေတြဟာ အခုအခ်ိန္ထိ ေနရပ္ရင္းကိုလည္း မျပန္ႏိုင္ၾကေသးသလို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လာေရာက္ခိုလႈံတဲ့ ဒုကၡသည္ေတြလည္း ပိုတိုးလာတယ္လို႔ ဆိုပါတယ္။ သူတို႔အတြက္ စိတ္ပိုင္း႐ုပ္ပိုင္းဆိုင္ရာ လုံၿခဳံမႈေတြနဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြ လိုအပ္ေနတဲ့အေျခအေနကို စစ္ေျပးဒုကၡသည္ ရခိုင္ျပည္သူေတြကို ကူညီေပးေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ဗြီအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မဆုမြန္ ။ ။ အခုဒီရခိုင္ျပည္နယ္ထဲမွာ ေတာက္ေလ်ာက္လည္း ကိုေဇာ္ေဇာ္ထြန္းတို႔က စစ္ေျပးဒုကၡသည္ေတြနဲ႔ စစ္ေရွာင္စခန္းေတြကိုသြားၿပီး ကူညီေပးေနတဲ့အဖြဲ႔အစည္းရဲ႕ တာဝန္ရွိသူတေယာက္အေနနဲ႔ ေလာေလာဆယ္ ရခိုင္ျပည္နယ္ထဲမွာ လက္ရွိစစ္ေရွာင္စခန္းေတြ ဘယ္ေလာက္က်န္ေသးလဲ။ ဒုကၡသည္ေတြရဲ႕ လတ္တေလာႀကဳံေနရတဲ့ အေျခအေနေလး ရွင္းျပေပးပါရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ အခုထိက ဒုကၡသည္စခန္းက (၁၀၀) ေက်ာ္ေလာက္ ရိွေနေသးတာေပါ့ေနာ္။ ဒုကၡသည္အေရအတြက္အားျဖင့္ဆိုရင္ (၄၂,၀၀၀) ေလးေသာင္းနဲ႔ ႏွစ္ေထာင္ေက်ာ္ေက်ာ္ရွိ ေနပါေသးတယ္။ စစ္ေဘးေရွာင္ေတြရဲ႕ လက္ရွိအေျခအေနကေတာ့ သူတို႔ကို ေထာက္ပံ့ကူညီေပးေနတာေတြက ေတာ္ေတာ့္ကို နည္းပါးသြားတဲ့ အေျခအေနမွာရွိတယ္။ က႑ေပါင္းစုံဘက္ကေန ေတာ္ေတာ့္ကို အားနည္းသြားတဲ့အေျခအေနမွာ ရွိပါတယ္။ စစ္အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္းက စၿပီးေတာ့လည္း တျဖည္းျဖည္းနည္းလာတဲ့ အေနအထားျဖစ္ၿပီးေတာ့မွ ဒီေန႔အခ်ိန္အခါမွာ လုံးလုံးကို ဆိုးဝါးသြားတဲ့အေျခအေနမ်ိဳးကို ေရာက္သြားတာေပါ့ေလ။ စစ္ေဘးေရွာင္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအေနအထားအားျဖင့္ကလည္း ေတာ္ေတာ့္ကို ဆိုးဆိုးဝါးဝါးအေျခအေနမွာ ျဖစ္လာခဲ့တယ္။ သူတို႔က ေနရပ္ကိုျပန္ခ်င္ၾကတယ္။ ဒါေပမဲ့ အခ်ိန္ကာလ ၾကာလာသည္ႏွင့္အမွ် အဲ့တာက မျဖစ္ႏိုင္တဲ့အေျခအေနမ်ိဳးကို သူတို႔ေတြ႔လာၾကတယ္။ သူတို႔ေနရပ္ျပန္ဖို႔အတြက္က သူတို႔မူလေနရပ္ေတြက သူတို႔အတြက္ လုံၿခဳံတဲ့အေျခအေန မရွိေနဘူးေပါ့ေနာ္။

ႏွစ္ဘက္လက္နက္ကိုင္တပ္ေတြရဲ႕ လႈပ္ရွားသြားလာမႈေတြက မ်ားလာေနတဲ့အခါမွာ ဒီတိုက္ပြဲေတြ ျပန္ျဖစ္လာမလားဆိုတဲ့ စိုးရိမ္မႈေတြကလည္း ေတာ္ေတာ္ႀကီးႀကီးမားမား ျဖစ္လာတယ္။ ေနာက္တခုက မိုင္းအႏၲရာယ္ေပါ့ေနာ္။ ဒီလပိုင္းမွာ မိုင္းေပါက္ကြဲမႈေတြ ထိခိုက္မႈေတြ ေတာ္ေတာ္ေလးကို မ်ားလာတယ္။ အဲ့တာက ဘယ္လိုအေျခအေနကို ျဖစ္လာေနသလဲဆိုေတာ့ ဒီစစ္ေဘးေရွာင္ေတြက ေထာက္ပံ့ကူညီမႈေတြ နည္းလာတဲ့အေျခအေနမွာ သူတို႔အတြက္ အစားအေသာက္ေတြ လိုက္ရွာေဖြရတာေတြ ရွိတယ္။ အဲ့ဒီ့အခါမွာ အႏၲရာယ္က်ေရာက္လာႏိုင္ေျခကို သိသိရက္နဲ႔ သြားေရာက္ၾကတာေတြ ရွိတယ္။ အဲ့ဒီ့မွာ ထိခိုက္မႈေတြ ပိုၿပီးေတာ့ မ်ားလာတယ္ေပါ့ေလ။ အဲ့ေတာ့ ဒီဟာေတြအကုန္လုံးကို ၿခဳံၿပီးၾကည့္လိုက္မယ္ဆိုရင္ စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ဖို႔ဆိုတဲ့ကိစၥက ေတာ့္ေတာ္ကို မျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနျဖစ္လာတဲ့အခါမွာ စစ္ေျပးေရွာင္ဒုကၡသည္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြက ေတာ့္ေတာ့္ကို ဆိုးဆိုးဝါးဝါး ျဖစ္လာတယ္။ ဒီႏိုင္ငံေရးအေျခအေန အေထြေထြအက်ပ္အတည္းေတြေၾကာင့္ ေထာက္ပံ့ေပးေနတဲ့ ပုဂၢလိက အကူအညီေတြကလည္း ဆက္ၿပီး ေထာက္ပံ့ေပးႏိုင္တဲ့ အေျခအေနမွာ မရွိေတာ့ဘူး။ အဲ့ဒီ့အခါမွာ စုၿပဳံၿပီးေတာ့မွ သူတို႔အတြက္ ေနေရးထိုင္ေရး စားေရးေသာက္ေရးနဲ႔ တျခားေသာလူမႈေရူးဆိုင္ရာကိစၥေတြ အကုန္လုံး ယိုယြင္းကုန္တာေတြ႕ရပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ ကိုေဇာ္ေဇာ္ထြန္း ေျပာျပခဲ့တဲ့အထဲမွာ ဒုကၡသည္စခန္းက (၁၀၀) ေက်ာ္ ရွိေနတယ္။ ေနာက္ၿပီးေတာ့ ဒုကၡသည္ဦးေရကလည္း (၄၀,၀၀၀) ေလးေသာင္းဝန္းက်င္ေလာက္ ရိွေနတယ္ဆိုေတာ့။ အဲ့ဒီ့ဒုကၡသည္ေတြက ရခိုင္ျပည္နယ္ထဲက ဘယ္ၿမိဳ႕နယ္ေတြမွာ အဓိကတည္ရွိေနၾကလဲ။ ေနာက္ၿပီးေတာ့ အဲ့ဒီ့ဒုကၡသည္ေတြက ဘယ္ႏွစ္ခုႏွစ္ေလာက္ကတည္းက တိမ္းေရွာင္ၿပီးေတာ့ ေနခဲ့ရတဲ့အေနအထားမွာ ရွိခဲ့ၾကလဲေပါ့ေနာ္။ အဲ့တာေလးလည္း နည္းနည္းရွင္းျပေပးပါဦးရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ ဟုတ္ကဲ့ခင္ဗ်။ ဒီစစ္ေျပးေရွာင္ေတြ စၿပီးတိမ္းေရွာင္ထြက္ေျပးခဲ့ၾကရတဲ့ အေျခအေနက ၂၀၁၈ ခုႏွစ္ေလာက္ကတည္းက စတာေပါ့ေလ။ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွာလည္း ပိုၿပီးေတာ့ တျဖည္းျဖည္းမ်ားလာတဲ့အေျခအေန ျဖစ္ပါတယ္။ စစ္ေျပးေရွာင္အေရအတြက္က ႏွစ္သိန္းနဲ႔သုံးေသာင္းေက်ာ္ေလာက္အထိကို ျမင့္တက္ခဲ့တဲ့အေျခအေန ျဖစ္ပါတယ္။ ေနာက္ပိုင္းတျဖည္းျဖည္းနဲ႔ ေနရပ္ျပန္ၾကတဲ့သူေတြ တျခားေ႐ႊ႕သြားတဲ့သူေတြလည္းရွိေတာ့ အခုဆို ေလးေသာင္းေက်ာ္ေလာက္ က်န္တာေပါ့။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာရွိတဲ့ ၿမိဳ႕နယ္ေတြေပါ့။ ဥပမာ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပု႑န္းကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ စစ္ေတြေပါ့ အဲ့ေနရာေတြကမ်ားပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ရွင့္။ ဒီဒုကၡသည္ေတြကို ဒုကၡသည္စခန္းေတြလို သီးျခားေနရာခ်ထားေပးတာလား။ ဒါမွမဟုတ္ ဘုန္းေတာ္ႀကီးေက်ာင္းေတြလို၊ စာသင္ေက်ာင္းေတြလိုမ်ိဳးေတြမွာ ေနရာခ်ထားေပးတာလားရွင့္။ ဒုကၡသည္စခန္း (၁၀၀) ေက်ာ္ က်န္တယ္ဆိုေတာ့ေလ အဲ့တာေလးလည္း ရွင္းျပေပးပါဦးရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ ဟုတ္ကဲ့ခင္ဗ်။ အဲ့ဒီ့ေနထိုင္ရတဲ့ပုံစံ၊ ေနရာခ်ထားေပးတဲ့ပုံစံကလည္း အမ်ိဳးမ်ိဳး ရွိပါတယ္ခင္ဗ်။ တခ်ိဳ႕ကလည္း ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနထိုင္ၾကရတာေတြရွိတယ္။ ေနာက္ၿပီးေတာ့ လက္ခံထားတဲ့ေက်း႐ြာေတြရဲ႕ ေျမယာေတြမွာလည္း ေနရာေျမရာဌားရမ္းၿပီးေတာ့မွ ေနၾကရတာလည္း ရွိတယ္။ အဲ့ေတာ့ ေနတဲ့ပုံစံက အမ်ိဳးမ်ိဳးရွိပါတယ္။ ေနာက္ၿပီးေတာ့ အစိုးရဘက္က ေနရာခ်ထားေပးတဲ့ကမ့္ေတြလည္း ရွိတယ္။ စစ္ေျပးေရွာင္လို႔ေျပာေနတဲ့ တခ်ိန္တည္းမွာပဲ ေ႐ႊ႕ေျပာင္းေနရတဲ့ပုံစံမ်ိဳးလည္း ျဖစ္ေနတာေတြရွိပါတယ္။ အဲ့ဒီ့အထဲကမွ စကစဘက္က ဒုကၡသည္စခန္းလို႔ မသတ္မွတ္တဲ့အတြက္ ဘာအေထာက္အပံ့မွ မသြားတဲ့ကမ့္ေတြလည္း ရွိပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့။ ခုနက ကိုေဇာ္ေဇာ္ထြန္း ရွင္းျပခဲ့သလိုမ်ိဳးေပါ့ေနာ္။ က်န္ခဲ့ရတဲ့ ေလးေသာင္းေက်ာ္ေသာ ဒုကၡသည္ေတြေပါ့ေနာ္။ ရခိုင္အဖြဲ႔ေတြ လူမႈကူညီေရးအဖြဲ႔ေတြဘက္က ကူညီေပးေနၾကေပမဲ့ သူတို႔အတြက္က စိတ္ပိုင္း႐ုပ္ပိုင္းဆိုင္ရာ အကူအညီအေထာက္အပံ့ေတြက အမ်ားႀကီး လိုအပ္ေနတယ္ေပါ့ေနာ္။ အဲ့ေတာ့ သူတို႔အတြက္ အေရးေပၚအကူအညီေတြ လိုအပ္မယ္ဆိုရင္ ဘာေတြက အေရးေပၚလိုအပ္ခ်က္ေတြ ျဖစ္မလဲရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ ေလာေလာဆယ္မွာလည္းပဲ က်ေနာ္တို႔ေဒသခံ အဖြဲ႕အစည္းေတြမွာလည္းပဲ ရန္ပုံေငြနဲ႔ပတ္သက္ၿပီးေတာ့ ေတာ့္ေတာ့္ကို ႐ုန္းကန္ေနရတဲ့အေနအထား ရွိပါတယ္။ အရင္တုန္းကလိုမ်ိဳး က်ေနာ္တို႔ဘက္က ေတာ္ေတာ္မ်ားမ်ားကို ကူညီေပးႏိုင္တာမ်ိဳး မရွိဘူး။ အခုေလာေလာဆယ္ အကူအညီေပးေနတာကေတာ့ အေရးေပၚလိုအပ္ခ်က္ေတြေပါ့ေလ။ ဥပမာ ကေလးေတြ ေက်ာင္းဖြင့္ခ်ိန္ျဖစ္လာၿပီး ေက်ာင္းမတက္ႏိုင္တဲ့ကေလးေတြ ရွိတယ္။ ဒါဆိုရင္ က်ေနာ္တို႔က ေက်ာင္းအသုံးအေဆာင္ပစၥည္းေတြကို တႏိုင္တပိုင္ ေထာက္ပံ့ေပးတာမ်ိဳးေပါ့။ က်န္းမာေရးနဲ႔ ပတ္သက္ရင္လည္းပဲ ဒီဒုကၡသည္စခန္းမွာ က်န္းမာေရး ေရာဂါေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေနတယ္။ အဲ့တာနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ပံ့ပိုးမႈ တခုခုလုပ္ေပးႏိုင္မလားေပါ့။ ေနာက္တခါ ကမ့္ေတြမွာ စာရင္းေကာက္ၾကည့္တယ္။ ေရွ႕တပတ္ေလာက္မွာကို စားစရာမရွိ ျဖစ္ေတာ့မယ္။ အဲ့လိုအေရးေပၚအေျခအေန ျဖစ္လာၿပီဆိုရင္ က်ေနာ္တို႔က ေျပးၿပီးသြားေထာက္ပံ့ေပးၾကတယ္ေပါ့။ ဒီလိုပုံစံမ်ိဳးေလးေတြနဲ႔ ရသေလာက္ေတာ့ ဝိုင္းေထာက္ပံ့ေပးေနၾကတယ္ခင္ဗ်။

မဆုမြန္ ။ ။ ဟုတ္ကဲ့ရွင့္။ ဒီ ၂၀၁၈ ခုႏွစ္ေလာက္ကတည္းက ရခိုင္ျပည္နယ္တြင္းမွာျဖစ္ခဲ့တဲ့ စစ္ေရးတင္းမာမႈေတြေၾကာင့္ စစ္ေရွာင္ခဲ့ၾကရတယ္။ အခု ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာလည္း တခ်ိဳ႕ထပ္ၿပီးေတာ့ ထပ္ေရာက္လာတဲ့အသစ္ေတြ ရွိလာတယ္။ ေလာေလာဆယ္မွာလည္းပဲ ေဒသတြင္းမွာ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ဆိုတာကလည္း စိတ္ခ်ရတဲ့အေနအထား မျဖစ္ေသးဘူးဆိုေတာ့ အခုက မိုးတြင္းကာလ ျဖစ္တယ္ ေဆာင္းတြင္းကလည္း လာေတာ့မယ္ဆိုေတာ့ သူတို႔ပုံမွန္စားေသာက္ေနထိုင္ေရးနဲ႔ ေဆးဝါးအကူအညီေတြ အလုံအေလာက္ရဖို႔အတြက္ကို သက္ဆိုင္တဲ့သူေတြဘက္က ဘာေတြမ်ား ကူညီေဆာင္႐ြက္ေပးမယ္ဆိုရင္ သူတို႔အတြက္ ဘာကအေထာက္အကူျဖစ္ႏိုင္မလဲ ကိုေဇာ္ေဇာ္ထြန္း ဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္လဲရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ ဟုတ္ကဲ့။ အဓိကကေတာ့ ကိုဗစ္ကာလတုန္းကေတာ့ IDP ကမ့္ေတြကို အဓိက ဦးစားေပးၿပီးေတာ့ ကိုဗစ္ 19 ကာကြယ္ေဆးထိုးႏိုင္ဖို႔ ေတာ္ေတာ္ေလးကို ႀကိဳးစားၿပီးေတာ့မွ လုပ္ေဆာင္ခဲ့ၾကတာေတြ႕ရပါတယ္ခင္ဗ်။ အဲ့ဒီ့ေတာ့ ကမ့္ေတြထဲမွာ က်ေနာ္တို႔ စိုးရိမ္ခဲ့ၾကသလိုမ်ိဳး Outbreak ပုံစံမ်ိဳးေတာ့ မျဖစ္လိုက္ဘူးေပါ့ေနာ္။ ဒီလိုပုံစံမ်ိဳးေတြကို က်ေနာ္တို႔က အေျခခံစဥ္းစားၿပီးေတာ့မွ အရမ္းကို ဆိုးဆိုးဝါးဝါး ပုံစံမ်ိဳးေတြ မျဖစ္လာခင္ ေတာ္ေတာ္ေလးကို အေျခအေနမဆိုးခင္ ထိုက္သင့္တဲ့ ေထာက္ပံ့မႈေတြ လုပ္ေစခ်င္တယ္။ ဥပမာဆိုရင္ဗ်ာ ကမ့္ေတြထဲမွာ သူတို႔အတြက္ ယာယီအေဆာက္အဦးေတြ ေဆာက္ေပးတဲ့အခါမ်ိဳးမွာ အရမ္းအေကာင္းႀကီး မဟုတ္ေတာင္မွ လုံၿခဳံေကာင္းမြန္တဲ့ အေျခအေနမ်ိဳးေလးေတြ ဖန္တီးေပးေစခ်င္ပါတယ္။ ေနာက္တခုက က်န္းမာေရးေစာင့္ေရွာက္မႈဆိုရင္လည္းပဲ အေျခခံက်န္းမာေရး ေစာင့္ေရွာက္မႈေတြကို အခမဲ့ လြယ္လင့္တကူ ရရွိတဲ့ပုံစံမ်ိဳးေလးေတြရရွိတဲ့ ပုံစံမ်ိဳးေလးေတြကို လုပ္ေပးေစခ်င္ပါတယ္။ ကေလးေတြဆိုရင္လည္း ကမ့္ထဲကေန တျခားနီးစပ္ရာမွာ သြားၿပီးေက်ာင္းသြားတက္လို႔မရတဲ့ အဆင္မေျပတဲ့အေျခအေနမွာရွိတယ္။ အေျခခံလိုအပ္ခ်က္ေတြကေတာ့ အရမ္းမ်ားတယ္ ဒါေပမဲ့ ခုနကေျပာတဲ့ အေျခခံ မလႊဲသာမေရွာင္သာ မျဖစ္မေန လုပ္ေပးရမယ့္အပိုင္းေတြကို အထိုက္အေလ်ာက္ေတာ့ လုပ္ေပးေစခ်င္တာရွိပါတယ္ခင္ဗ်။

မဆုမြန္ ။ ။ ေနာက္ဆုံးအေနနဲ႔ပါ။ ရခိုင္ျပည္သူေတြအတြက္ အဓိက အေရးအႀကီးဆုံးေပါ့ေနာ္ လတ္တေလာမွာ လုပ္ေပးသင့္တဲ့ လုပ္ေပးဖို႔ အေရးႀကီးဆုံး လိုအပ္ေနတဲ့အခ်က္ဆိုရင္ ဘာလို႔ေျပာလို႔ရမလဲ။ ကိုေဇာ္ေဇာ္ထြန္းတို႔ ဘာမ်ားေတာင္းဆိုခ်င္တာရွိပါလဲရွင့္။

ကိုေဇာ္ေဇာ္ထြန္း ။ ။ က်ေနာ္တို႔က (Humanitarian Aid) လူသားခ်င္းစာနာမႈ အကူအညီေတြကေန (Recovery Process) ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြဆီကို သြားဖို႔စဥ္းစားၿပီးေတာ့ လုပ္ခဲ့တာေတြ ရွိပါတယ္။ ဒါေပမဲ့လည္း စစ္ေရးဆိုင္ရာတင္းမာမႈေတြက ျမင့္တက္လာတဲ့အခ်ိန္မွာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိလာတယ္။ အဲ့ဒီ့ေတာ့ ဒီလိုအလုပ္ေတြကို လုပ္ကိုင္တဲ့အခါမွာ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို အေျခခံစဥ္းစားၿပီးေတာ့မွ ျပည္သူ႔ကို ကာကြယ္မယ္ဆိုတဲ့ အေျခခံမူနဲ႔ ဒီလုပ္ငန္းေတြကို အေႏွာင့္အယွက္မျဖစ္ဖို႔ ဒီအဖြဲ႕အစည္းအသီးသီးကို က်ေနာ္တို႔က ေတာင္းဆိုခ်င္တာ ရွိပါတယ္ခင္ဗ်။ က်ေနာ္တို႔ရဲ႕ စီမံကိန္း လုပ္ေဆာင္ခ်က္ေတြမွာ အခက္အခဲ အတားအဆီးမရွိဖို႔ သက္ဆိုင္သူ အကုန္လုံးနဲ႔ က်ေနာ္တို႔ ေဆြးေႏြးေနတာလည္း ရွိပါတယ္။ အဲ့တာေၾကာင့္ အဲ့ဒီ့အပိုင္းေတြမွာ ျပည္သူလူထုကို အေျခခံတဲ့လုပ္ေဆာင္ခ်က္ေတြကို နားလည္သေဘာေပါက္စြာနဲ႔ ေခ်ာေမြ႔ေအာင္ ကူညီလုပ္ေပးဖို႔ လိုအပ္ပါတယ္။ ေနာက္ ႏိုင္ငံတကာက ကူညီေပးေနတဲ့အဖြဲ႕ေတြဘက္ကလည္း က်ေနာ္တို႔ ျပည္တြင္းအဖြဲ႔ေတြနဲ႔ ေပါင္းစပ္ညႇိႏွိႈင္းၿပီးေတာ့မွ လုပ္ေပးၾကဖို႔ လိုပါတယ္ နားလည္ၾကဖို႔လည္း လိုပါတယ္ခင္ဗ်။ ဒါေတြကလည္း အေရးႀကီးပါတယ္ခင္ဗ်။

မဆုမြန္ ။ ။ ကိုေဇာ္ေဇာ္ထြန္းရွင့္ ေျဖေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံတြင္း ရခိုင္ျပည္၊ ရွမ္းျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြထဲမွာရွိတဲ့ ျပည္တြင္းဒုကၡသည္ IDP စခန္းေတြ ပိတ္သိမ္းေရးနဲ႔ ေနရပ္စြန႔္ခြာသူေတြ ျပန္လည္ေနရာခ်ထားေရးအတြက္ ေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီက သတင္း ထုတ္ျပန္ထားပါတယ္။ျပည္တြင္းဒုကၡသည္ IDP ေသာင္းခ်ီရွိေနဆဲ ရခိုင္ျပည္နယ္တြင္းက ယာယီစခန္းေတြမွာ ခိုလႈံေနရသူေတြ ေနရပ္ျပန္ႏိုင္ဖို႔ လက္ေတြ႕မွာ အခက္အခဲေတြရွိေနဆဲျဖစ္ၿပီး လုံၿခဳံေရးအရ ေနရပ္မျပန္ႏိုင္ေသးတဲ့ IDP ေတြအတြက္ ေနအိမ္ေတြစီစဥ္ေပးထားသလို ေနရပ္ျပန္ခ်ိန္ မိုင္းအႏၲရာယ္စိုးရိမ္မႈေတြမရွိေအာင္ မိုင္းရွင္းလင္းေရးေတြကိုလည္း စစ္တပ္ဘက္က ေဆာင္႐ြက္ေပးေနတယ္လို႔ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔ဝင္ ရခိုင္ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းကလည္း ဗြီအိုေအျမန္မာပိုင္းကို ေျပာထားပါတယ္။

=== Unicode ===

ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် အခုချိန်အထိ ဒုက္ခသည်စခန်း ၁၀၀ ကျော်မှာ ခိုလှုံနေထိုင်ကြရတဲ့ နေရပ်တိမ်းရှောင်နေကြရဆဲ ရခိုင်ပြည်သူ လေးသောင်းနှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍန်းကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စစ်တွေစတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမြို့တွေကနေ နေရပ်စွန့်ခွာတိမ်းရှောင်ပြေးလာရတဲ့ သောင်းချီတဲ့ ရခိုင်ပြည်သူတွေဟာ အခုအချိန်ထိ နေရပ်ရင်းကိုလည်း မပြန်နိုင်ကြသေးသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေလည်း ပိုတိုးလာတယ်လို့ ဆိုပါတယ်။ သူတို့အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့အခြေအနေကို စစ်ပြေးဒုက္ခသည် ရခိုင်ပြည်သူတွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန် ။ ။ အခုဒီရခိုင်ပြည်နယ်ထဲမှာ တောက်လျောက်လည်း ကိုဇော်ဇော်ထွန်းတို့က စစ်ပြေးဒုက္ခသည်တွေနဲ့ စစ်ရှောင်စခန်းတွေကိုသွားပြီး ကူညီပေးနေတဲ့အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတယောက်အနေနဲ့ လောလောဆယ် ရခိုင်ပြည်နယ်ထဲမှာ လက်ရှိစစ်ရှောင်စခန်းတွေ ဘယ်လောက်ကျန်သေးလဲ။ ဒုက္ခသည်တွေရဲ့ လတ်တလောကြုံနေရတဲ့ အခြေအနေလေး ရှင်းပြပေးပါရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ အခုထိက ဒုက္ခသည်စခန်းက (၁၀၀) ကျော်လောက် ရှိနေသေးတာပေါ့နော်။ ဒုက္ခသည်အရေအတွက်အားဖြင့်ဆိုရင် (၄၂,၀၀၀) လေးသောင်းနဲ့ နှစ်ထောင်ကျော်ကျော်ရှိ နေပါသေးတယ်။ စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေကတော့ သူတို့ကို ထောက်ပံ့ကူညီပေးနေတာတွေက တော်တော့်ကို နည်းပါးသွားတဲ့ အခြေအနေမှာရှိတယ်။ ကဏ္ဍပေါင်းစုံဘက်ကနေ တော်တော့်ကို အားနည်းသွားတဲ့အခြေအနေမှာ ရှိပါတယ်။ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းက စပြီးတော့လည်း တဖြည်းဖြည်းနည်းလာတဲ့ အနေအထားဖြစ်ပြီးတော့မှ ဒီနေ့အချိန်အခါမှာ လုံးလုံးကို ဆိုးဝါးသွားတဲ့အခြေအနေမျိုးကို ရောက်သွားတာပေါ့လေ။ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားအားဖြင့်ကလည်း တော်တော့်ကို ဆိုးဆိုးဝါးဝါးအခြေအနေမှာ ဖြစ်လာခဲ့တယ်။ သူတို့က နေရပ်ကိုပြန်ချင်ကြတယ်။ ဒါပေမဲ့ အချိန်ကာလ ကြာလာသည်နှင့်အမျှ အဲ့တာက မဖြစ်နိုင်တဲ့အခြေအနေမျိုးကို သူတို့တွေ့လာကြတယ်။ သူတို့နေရပ်ပြန်ဖို့အတွက်က သူတို့မူလနေရပ်တွေက သူတို့အတွက် လုံခြုံတဲ့အခြေအနေ မရှိနေဘူးပေါ့နော်။

နှစ်ဘက်လက်နက်ကိုင်တပ်တွေရဲ့ လှုပ်ရှားသွားလာမှုတွေက များလာနေတဲ့အခါမှာ ဒီတိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း တော်တော်ကြီးကြီးမားမား ဖြစ်လာတယ်။ နောက်တခုက မိုင်းအန္တရာယ်ပေါ့နော်။ ဒီလပိုင်းမှာ မိုင်းပေါက်ကွဲမှုတွေ ထိခိုက်မှုတွေ တော်တော်လေးကို များလာတယ်။ အဲ့တာက ဘယ်လိုအခြေအနေကို ဖြစ်လာနေသလဲဆိုတော့ ဒီစစ်ဘေးရှောင်တွေက ထောက်ပံ့ကူညီမှုတွေ နည်းလာတဲ့အခြေအနေမှာ သူတို့အတွက် အစားအသောက်တွေ လိုက်ရှာဖွေရတာတွေ ရှိတယ်။ အဲ့ဒီ့အခါမှာ အန္တရာယ်ကျရောက်လာနိုင်ခြေကို သိသိရက်နဲ့ သွားရောက်ကြတာတွေ ရှိတယ်။ အဲ့ဒီ့မှာ ထိခိုက်မှုတွေ ပိုပြီးတော့ များလာတယ်ပေါ့လေ။ အဲ့တော့ ဒီဟာတွေအကုန်လုံးကို ခြုံပြီးကြည့်လိုက်မယ်ဆိုရင် စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ဆိုတဲ့ကိစ္စက တော့်တော်ကို မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်လာတဲ့အခါမှာ စစ်ပြေးရှောင်ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက တော့်တော့်ကို ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ ဒီနိုင်ငံရေးအခြေအနေ အထွေထွေအကျပ်အတည်းတွေကြောင့် ထောက်ပံ့ပေးနေတဲ့ ပုဂ္ဂလိက အကူအညီတွေကလည်း ဆက်ပြီး ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး။ အဲ့ဒီ့အခါမှာ စုပြုံပြီးတော့မှ သူတို့အတွက် နေရေးထိုင်ရေး စားရေးသောက်ရေးနဲ့ တခြားသောလူမှုရေူးဆိုင်ရာကိစ္စတွေ အကုန်လုံး ယိုယွင်းကုန်တာတွေ့ရပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ ကိုဇော်ဇော်ထွန်း ပြောပြခဲ့တဲ့အထဲမှာ ဒုက္ခသည်စခန်းက (၁၀၀) ကျော် ရှိနေတယ်။ နောက်ပြီးတော့ ဒုက္ခသည်ဦးရေကလည်း (၄၀,၀၀၀) လေးသောင်းဝန်းကျင်လောက် ရှိနေတယ်ဆိုတော့။ အဲ့ဒီ့ဒုက္ခသည်တွေက ရခိုင်ပြည်နယ်ထဲက ဘယ်မြို့နယ်တွေမှာ အဓိကတည်ရှိနေကြလဲ။ နောက်ပြီးတော့ အဲ့ဒီ့ဒုက္ခသည်တွေက ဘယ်နှစ်ခုနှစ်လောက်ကတည်းက တိမ်းရှောင်ပြီးတော့ နေခဲ့ရတဲ့အနေအထားမှာ ရှိခဲ့ကြလဲပေါ့နော်။ အဲ့တာလေးလည်း နည်းနည်းရှင်းပြပေးပါဦးရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီစစ်ပြေးရှောင်တွေ စပြီးတိမ်းရှောင်ထွက်ပြေးခဲ့ကြရတဲ့ အခြေအနေက ၂၀၁၈ ခုနှစ်လောက်ကတည်းက စတာပေါ့လေ။ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာလည်း ပိုပြီးတော့ တဖြည်းဖြည်းများလာတဲ့အခြေအနေ ဖြစ်ပါတယ်။ စစ်ပြေးရှောင်အရေအတွက်က နှစ်သိန်းနဲ့သုံးသောင်းကျော်လောက်အထိကို မြင့်တက်ခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ နေရပ်ပြန်ကြတဲ့သူတွေ တခြားရွှေ့သွားတဲ့သူတွေလည်းရှိတော့ အခုဆို လေးသောင်းကျော်လောက် ကျန်တာပေါ့။ တော်တော်များများကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာရှိတဲ့ မြို့နယ်တွေပေါ့။ ဥပမာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍန်းကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စစ်တွေပေါ့ အဲ့နေရာတွေကများပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ရှင့်။ ဒီဒုက္ခသည်တွေကို ဒုက္ခသည်စခန်းတွေလို သီးခြားနေရာချထားပေးတာလား။ ဒါမှမဟုတ် ဘုန်းတော်ကြီးကျောင်းတွေလို၊ စာသင်ကျောင်းတွေလိုမျိုးတွေမှာ နေရာချထားပေးတာလားရှင့်။ ဒုက္ခသည်စခန်း (၁၀၀) ကျော် ကျန်တယ်ဆိုတော့လေ အဲ့တာလေးလည်း ရှင်းပြပေးပါဦးရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီ့နေထိုင်ရတဲ့ပုံစံ၊ နေရာချထားပေးတဲ့ပုံစံကလည်း အမျိုးမျိုး ရှိပါတယ်ခင်ဗျ။ တချို့ကလည်း ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်ကြရတာတွေရှိတယ်။ နောက်ပြီးတော့ လက်ခံထားတဲ့ကျေးရွာတွေရဲ့ မြေယာတွေမှာလည်း နေရာမြေရာဌားရမ်းပြီးတော့မှ နေကြရတာလည်း ရှိတယ်။ အဲ့တော့ နေတဲ့ပုံစံက အမျိုးမျိုးရှိပါတယ်။ နောက်ပြီးတော့ အစိုးရဘက်က နေရာချထားပေးတဲ့ကမ့်တွေလည်း ရှိတယ်။ စစ်ပြေးရှောင်လို့ပြောနေတဲ့ တချိန်တည်းမှာပဲ ရွှေ့ပြောင်းနေရတဲ့ပုံစံမျိုးလည်း ဖြစ်နေတာတွေရှိပါတယ်။ အဲ့ဒီ့အထဲကမှ စကစဘက်က ဒုက္ခသည်စခန်းလို့ မသတ်မှတ်တဲ့အတွက် ဘာအထောက်အပံ့မှ မသွားတဲ့ကမ့်တွေလည်း ရှိပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့။ ခုနက ကိုဇော်ဇော်ထွန်း ရှင်းပြခဲ့သလိုမျိုးပေါ့နော်။ ကျန်ခဲ့ရတဲ့ လေးသောင်းကျော်သော ဒုက္ခသည်တွေပေါ့နော်။ ရခိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေဘက်က ကူညီပေးနေကြပေမဲ့ သူတို့အတွက်က စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့တွေက အများကြီး လိုအပ်နေတယ်ပေါ့နော်။ အဲ့တော့ သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်မယ်ဆိုရင် ဘာတွေက အရေးပေါ်လိုအပ်ချက်တွေ ဖြစ်မလဲရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ လောလောဆယ်မှာလည်းပဲ ကျနော်တို့ဒေသခံ အဖွဲ့အစည်းတွေမှာလည်းပဲ ရန်ပုံငွေနဲ့ပတ်သက်ပြီးတော့ တော့်တော့်ကို ရုန်းကန်နေရတဲ့အနေအထား ရှိပါတယ်။ အရင်တုန်းကလိုမျိုး ကျနော်တို့ဘက်က တော်တော်များများကို ကူညီပေးနိုင်တာမျိုး မရှိဘူး။ အခုလောလောဆယ် အကူအညီပေးနေတာကတော့ အရေးပေါ်လိုအပ်ချက်တွေပေါ့လေ။ ဥပမာ ကလေးတွေ ကျောင်းဖွင့်ချိန်ဖြစ်လာပြီး ကျောင်းမတက်နိုင်တဲ့ကလေးတွေ ရှိတယ်။ ဒါဆိုရင် ကျနော်တို့က ကျောင်းအသုံးအဆောင်ပစ္စည်းတွေကို တနိုင်တပိုင် ထောက်ပံ့ပေးတာမျိုးပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်းပဲ ဒီဒုက္ခသည်စခန်းမှာ ကျန်းမာရေး ရောဂါတော်တော်များများမှာ ဖြစ်နေတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ပံ့ပိုးမှု တခုခုလုပ်ပေးနိုင်မလားပေါ့။ နောက်တခါ ကမ့်တွေမှာ စာရင်းကောက်ကြည့်တယ်။ ရှေ့တပတ်လောက်မှာကို စားစရာမရှိ ဖြစ်တော့မယ်။ အဲ့လိုအရေးပေါ်အခြေအနေ ဖြစ်လာပြီဆိုရင် ကျနော်တို့က ပြေးပြီးသွားထောက်ပံ့ပေးကြတယ်ပေါ့။ ဒီလိုပုံစံမျိုးလေးတွေနဲ့ ရသလောက်တော့ ဝိုင်းထောက်ပံ့ပေးနေကြတယ်ခင်ဗျ။

မဆုမွန် ။ ။ ဟုတ်ကဲ့ရှင့်။ ဒီ ၂၀၁၈ ခုနှစ်လောက်ကတည်းက ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်ခဲ့ကြရတယ်။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း တချို့ထပ်ပြီးတော့ ထပ်ရောက်လာတဲ့အသစ်တွေ ရှိလာတယ်။ လောလောဆယ်မှာလည်းပဲ ဒေသတွင်းမှာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဆိုတာကလည်း စိတ်ချရတဲ့အနေအထား မဖြစ်သေးဘူးဆိုတော့ အခုက မိုးတွင်းကာလ ဖြစ်တယ် ဆောင်းတွင်းကလည်း လာတော့မယ်ဆိုတော့ သူတို့ပုံမှန်စားသောက်နေထိုင်ရေးနဲ့ ဆေးဝါးအကူအညီတွေ အလုံအလောက်ရဖို့အတွက်ကို သက်ဆိုင်တဲ့သူတွေဘက်က ဘာတွေများ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် သူတို့အတွက် ဘာကအထောက်အကူဖြစ်နိုင်မလဲ ကိုဇော်ဇော်ထွန်း ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်လဲရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့။ အဓိကကတော့ ကိုဗစ်ကာလတုန်းကတော့ IDP ကမ့်တွေကို အဓိက ဦးစားပေးပြီးတော့ ကိုဗစ် 19 ကာကွယ်ဆေးထိုးနိုင်ဖို့ တော်တော်လေးကို ကြိုးစားပြီးတော့မှ လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်ခင်ဗျ။ အဲ့ဒီ့တော့ ကမ့်တွေထဲမှာ ကျနော်တို့ စိုးရိမ်ခဲ့ကြသလိုမျိုး Outbreak ပုံစံမျိုးတော့ မဖြစ်လိုက်ဘူးပေါ့နော်။ ဒီလိုပုံစံမျိုးတွေကို ကျနော်တို့က အခြေခံစဉ်းစားပြီးတော့မှ အရမ်းကို ဆိုးဆိုးဝါးဝါး ပုံစံမျိုးတွေ မဖြစ်လာခင် တော်တော်လေးကို အခြေအနေမဆိုးခင် ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေ လုပ်စေချင်တယ်။ ဥပမာဆိုရင်ဗျာ ကမ့်တွေထဲမှာ သူတို့အတွက် ယာယီအဆောက်အဦးတွေ ဆောက်ပေးတဲ့အခါမျိုးမှာ အရမ်းအကောင်းကြီး မဟုတ်တောင်မှ လုံခြုံကောင်းမွန်တဲ့ အခြေအနေမျိုးလေးတွေ ဖန်တီးပေးစေချင်ပါတယ်။ နောက်တခုက ကျန်းမာရေးစောင့်ရှောက်မှုဆိုရင်လည်းပဲ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို အခမဲ့ လွယ်လင့်တကူ ရရှိတဲ့ပုံစံမျိုးလေးတွေရရှိတဲ့ ပုံစံမျိုးလေးတွေကို လုပ်ပေးစေချင်ပါတယ်။ ကလေးတွေဆိုရင်လည်း ကမ့်ထဲကနေ တခြားနီးစပ်ရာမှာ သွားပြီးကျောင်းသွားတက်လို့မရတဲ့ အဆင်မပြေတဲ့အခြေအနေမှာရှိတယ်။ အခြေခံလိုအပ်ချက်တွေကတော့ အရမ်းများတယ် ဒါပေမဲ့ ခုနကပြောတဲ့ အခြေခံ မလွှဲသာမရှောင်သာ မဖြစ်မနေ လုပ်ပေးရမယ့်အပိုင်းတွေကို အထိုက်အလျောက်တော့ လုပ်ပေးစေချင်တာရှိပါတယ်ခင်ဗျ။

မဆုမွန် ။ ။ နောက်ဆုံးအနေနဲ့ပါ။ ရခိုင်ပြည်သူတွေအတွက် အဓိက အရေးအကြီးဆုံးပေါ့နော် လတ်တလောမှာ လုပ်ပေးသင့်တဲ့ လုပ်ပေးဖို့ အရေးကြီးဆုံး လိုအပ်နေတဲ့အချက်ဆိုရင် ဘာလို့ပြောလို့ရမလဲ။ ကိုဇော်ဇော်ထွန်းတို့ ဘာများတောင်းဆိုချင်တာရှိပါလဲရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ ကျနော်တို့က (Humanitarian Aid) လူသားချင်းစာနာမှု အကူအညီတွေကနေ (Recovery Process) ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆီကို သွားဖို့စဉ်းစားပြီးတော့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း စစ်ရေးဆိုင်ရာတင်းမာမှုတွေက မြင့်တက်လာတဲ့အချိန်မှာ စိန်ခေါ်မှုတွေ အများကြီးရှိလာတယ်။ အဲ့ဒီ့တော့ ဒီလိုအလုပ်တွေကို လုပ်ကိုင်တဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အခြေခံစဉ်းစားပြီးတော့မှ ပြည်သူ့ကို ကာကွယ်မယ်ဆိုတဲ့ အခြေခံမူနဲ့ ဒီလုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်ဖို့ ဒီအဖွဲ့အစည်းအသီးသီးကို ကျနော်တို့က တောင်းဆိုချင်တာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့ စီမံကိန်း လုပ်ဆောင်ချက်တွေမှာ အခက်အခဲ အတားအဆီးမရှိဖို့ သက်ဆိုင်သူ အကုန်လုံးနဲ့ ကျနော်တို့ ဆွေးနွေးနေတာလည်း ရှိပါတယ်။ အဲ့တာကြောင့် အဲ့ဒီ့အပိုင်းတွေမှာ ပြည်သူလူထုကို အခြေခံတဲ့လုပ်ဆောင်ချက်တွေကို နားလည်သဘောပေါက်စွာနဲ့ ချောမွေ့အောင် ကူညီလုပ်ပေးဖို့ လိုအပ်ပါတယ်။ နောက် နိုင်ငံတကာက ကူညီပေးနေတဲ့အဖွဲ့တွေဘက်ကလည်း ကျနော်တို့ ပြည်တွင်းအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှှိုင်းပြီးတော့မှ လုပ်ပေးကြဖို့ လိုပါတယ် နားလည်ကြဖို့လည်း လိုပါတယ်ခင်ဗျ။ ဒါတွေကလည်း အရေးကြီးပါတယ်ခင်ဗျ။

မဆုမွန် ။ ။ ကိုဇော်ဇော်ထွန်းရှင့် ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာရှိတဲ့ ပြည်တွင်းဒုက္ခသည် IDP စခန်းတွေ ပိတ်သိမ်းရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ပြည်တွင်းဒုက္ခသည် IDP သောင်းချီရှိနေဆဲ ရခိုင်ပြည်နယ်တွင်းက ယာယီစခန်းတွေမှာ ခိုလှုံနေရသူတွေ နေရပ်ပြန်နိုင်ဖို့ လက်တွေ့မှာ အခက်အခဲတွေရှိနေဆဲဖြစ်ပြီး လုံခြုံရေးအရ နေရပ်မပြန်နိုင်သေးတဲ့ IDP တွေအတွက် နေအိမ်တွေစီစဉ်ပေးထားသလို နေရပ်ပြန်ချိန် မိုင်းအန္တရာယ်စိုးရိမ်မှုတွေမရှိအောင် မိုင်းရှင်းလင်းရေးတွေကိုလည်း စစ်တပ်ဘက်က ဆောင်ရွက်ပေးနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဗွီအိုအေမြန်မာပိုင်းကို ပြောထားပါတယ်။

XS
SM
MD
LG