သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားထောက်လှမ်းရေး အကြီးအကဲ Dan Coats နုတ်ထွက်တော့မည်


Dan Coats
Dan Coats

အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ မူဝါဒပိုင်းဆိုင်ရာ မကြာခဏ အချေအတင်ဖြစ်ခဲ့သူ အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ Dan Coats ဟာ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးက နုတ်ထွက်တော့မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာခဲ့ပါတယ်။

မစ္စတာ Coats က သြဂုတ်လ ၁၅ ရက်နေ့မှာ ရာထူးက နုတ်ထွက်မယ်လို့ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံ အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့မှု အတွက် ကျေးဇူးတင်ကြောင်းလည်း သမ္မတ Trump က ရေးသားပါတယ်။

အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ နေရာကိုတော့ သမ္မတ Trump ကို ထောက်ခံသူ တက္ကဆက် ပြည်နယ် ကိုယ်စားပြု ရီပတ်ပလီကန် လွှတ်တော် အမတ် John Ratcliffe ကို အမည်စာရင်းတင်သွင်းမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

မစ္စတာ Ratcliffe ဟာ အထူးလေးစားဖွယ် အမေရိကန် အစိုးရ ရှေ့နေဟောင်းတဦး ဖြစ်ပြီး သူချစ်တဲ့ နိုင်ငံအတွက် ခေါင်းဆောင်သွားမှာ ဖြစ်တယ်လို့လည်း သမ္မတ Trump က ဖော်ညွန်းပါတယ်။ Ratcliffe ကတော့ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက အောက်လွှတ်တော် တရားရေး ကော်မတီရှေ့မှောက်မှာ အထူးစုံစမ်းရေးမှူး Robert Mueller ကြားနာ စစ်ဆေးမှုကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG