သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာလို့ စစ်ကောင်စီပြော


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ သူသိထားသလောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး သူတို့အရင်စီစဉ်ထားရှိတဲ့ နေရာမှာပဲ ရှိနေပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ဇွန်လ ၂၀ ရက်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘယ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေသလဲဆိုတာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိကျကျ မပြောဘူးလို့ AFP သတင်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာ အပူလှိုင်းဒဏ် ခံခဲ့ရတဲ့ ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတချို့ကို အပူဒဏ်ခံနိုင်အောင် နေရာပြောင်းရွှေ့ထားတယ်လို့ စစ်ကောင်စီက ပြောခဲ့ပေမဲ့ ဘယ်ကိုပြောင်းရွှေ့ထားသလဲဆိုတာ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေကိုယ်တိုင် ခုချိန်ထိ မသိရှိကြရပါဘူး။

ဇွန်လ ၁၉ ရက်နေ့က အသက် ၇၉ နှစ်ပြည့်သွားတဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ သားဖြစ်သူ Kim Aris ကပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် နိုင်ငံခြားသံတမန်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ပြည်သူတွေအပါအဝင် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား၊ သဝဏ်လွှာပေးပို့ မွေး‌နေ့ အမှတ်တရပွဲတွေ ကျင်းပခဲ့ကြတဲ့အပေါ် ကျေးဇူးတင်ကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ NLD အပေါ် အသိအမှတ်ပြု အလေးထားဆက်ဆံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှု၊ ကောင်းမွန်စွာထားရှိဖို့နဲ့ တွေ့ဆုံခွင့်ရရှိအောင်တောက်လျှောက် ကြိုးစားအားထုတ်နေမှုအပေါ် ကျေးဇူးတင်တယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ အလေးထား ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG