သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည် ၃၆ နှစ်ပြည့် အောက်မေ့ဘွယ်နေ့ ဒေါ် အောင်ဆန်းစုကြည်သားငယ် ဂါရဝပြု


ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း  ၃၆ နှစ်တင်းတင်းပြည့်တဲ့နေ့ မြေးဖြစ်သူ -သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်
ကိုထိန်လင်း-Kim Aris က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရှိခိုးဂါရဝပြု- Credit to Kim Aris - Htein Lin.
ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း  ၃၆ နှစ်တင်းတင်းပြည့်တဲ့နေ့ မြေးဖြစ်သူ -သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကိုထိန်လင်း-Kim Aris က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရှိခိုးဂါရဝပြု- Credit to Kim Aris - Htein Lin.

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်တင်းတင်းပြည့်တဲ့နေ့ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်မှာ ဒေါ်ခင်ကြည်ရဲ့ မြေးဖြစ်သူ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ကိုထိန်လင်း-Kim Aris က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရှိခိုးဂါရဝပြုပါကြောင်း အမှတ်တရဖော်ပြခဲ့ပါတယ်။ ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၈၈၈ ၈လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားနေချိန် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ သားသမီး(၄)ဦး ရှိခဲ့ပြီး ကွယ်လွန်ချိန်မှာ သားအကြီးဦးအောင်ဆန်းဦးနဲ့ သမီးငယ်ဒေါ်အောင်ဆန်းစုကြည်ကျန်ရစ်ခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ဈာပနအခမ်းအနားကျင်းပမယ့်အချိန် လူစုလူဝေး မလုပ်ဖို့ တင်းကျပ်ထားတဲ့ စစ်အုပ်ချုပ်ရေးအောက် ပိတ်ပင်တားဆီးဖမ်းဆီးမှုတွေကြားကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဒေါ်ခင်ကြည်ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တဲ့ မြန်မာပြည်သူတွေအကြောင်းကိုလည်း ကိုထိန်လင်း-Kim Aris ကအမှတ်တရ ရေးသားမှတ်တမ်းဖော်ပြခဲ့ပါတယ်။

ကိုထိန်လင်း-Kim Aris ရဲ့ ငယ်ဘဝကနေ စပြီး အဖွားဖြစ်သူကွယ်လွန်ချိန်ကာလ−သူရေးသားဖော်ပြခဲ့တာကတော့−၁၀နှစ်သားကလေးအရွယ်- (၁၉၈၇)ခု ကျွန်တော် အသက် (၁၀)နှစ်မှာ ရန်ကုန်ပြန်ခဲ့တယ်။ ဖွားဖွားက ကြီးမှူးပြီး ဖေဖေ၊ မေမေတို့က ရှင်ပြုပေးခဲ့ပါတယ်။ ကိုရင် ဝတ်ရပါတယ်။ နောက် သိပ်မကြာတဲ့ ကာလ၊ (၁၉၈၈) မှာ ဖွားဖွား မကျန်းမာလို့ မေမေ ဖွားဖွားဆီကို ပြန်ရောက်သွားခဲ့တယ်။ ၈၈ အရေးအခင်းကြီး ဖြစ်တယ်။ (၂၇ ရက် ဒီဇင်ဘာ ၁၉၈၈) မှာ ဖွားဖွား ဆုံးပါတယ်။ လူစုလူဝေး မလုပ်ဖို့ တင်းကျပ်ထားတဲ့ စစ်အုပ်ချုပ်ရေး ဥပေဒကို အာခံပြီး ဖိုးဖိုး နဲ့ ဖွားဖွားကို ချစ်တဲ့ မြန်မာပြည်သူတွေအများကြီးဟာ ဖွားဖွားဈာပနကို လိုက်ပို့ကြပါတယ်။ ဖိုးဖိုး (ဗိုလ်ချုပ်အောင်ဆန်း) နဲ့ ဖွားဖွား(ဒေါ်ခင်ကြည်)လိုပဲ နိုင်ငံချစ်စိတ် အပြည့်ရှိတဲ့ မေမေ့ (ဒေါ်အောင်ဆန်းစုကြည်)ဟာလည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်။ ကျွန်တော်တို့ မိသားစုအတွက်လည်း ကံကြမ္မာ အပြောင်းအလဲ အကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်ရော၊ မေမေအတွက်ပါ စံပြုစရာဖြစ်ခဲ့တဲ့ ဖွားဖွားကို ဒီနေရာကနေ ရှိခိုးဂါရဝ ပြုလိုက်ရပါတယ်ခင်ဗျာ။ ဖွားဖွားနဲ့ ပတ်သက်တဲ့ အမှတ်ရစရာများ ဓာတ်ပုံများရှိရင် ဒီမှာလာပြီး မျှဝေပြောပြပေးပါခင်ဗျာလို့ မြေးဖြစ်သူ ကင်အဲရစ်က ဂါရဝပြု အမှတ်တရစကားပြောခဲ့တာပါ။

၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ချိန်ကတည်းကစပြီး နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲ မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း- စစ်ကောင်စီကိုလည်း မိခင်နဲ့တွေ့ဆုံခွင့်ပေးဖို့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ကိုထိန်လင်း-Kim Aris က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြတောင်းဆိုလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ကို သားဖြစ်သူနဲ့ ရှေ့နေတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ မိသားစုဝင်အပါအဝင် သူမရဲ့ရှေ့နေတွေနဲ့ပါတွေ့ဆုံခွင့် စစ်ကောင်စီဘက်က ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်ပါတယ်။

Forum

XS
SM
MD
LG