သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကနိုင်ငံ အဆောက်အဦ မီးလောင်မှု ၇၀ ကျော်သေ


တောင်အာဖရိက အဆောက်အဦ မီးလောင်မှု ၇၀ ကျော်သေ (သြဂုတ် ၃၁၊ ၂၀၂၃)
တောင်အာဖရိက အဆောက်အဦ မီးလောင်မှု ၇၀ ကျော်သေ (သြဂုတ် ၃၁၊ ၂၀၂၃)

တောင်အာဖရိကနိုင်ငံ Johannesburg မြို့က ယိုယွင်းနေတဲ့ ၅ ထပ်တိုက်တခုမှာ ကြာသပတေးနေ့အစောပိုင်းက မီးလောင်ခဲ့လို့ ၇၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၅၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ မီးငြိမ်းသွားတဲ့ အဆောက်အဦီးထဲမှာ ကူညီကယ်ဆယ်ရေးတွေ ရှင်းလင်း ရှာဖွေနေကြတာနဲ့အတူ နောက်ထပ် သေဆုံးသူတွေ ရှိနိုင်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ မီးဘေးကနေ လွတ်မြောက်လာသူတယောက်က သူ့ရဲ့ အတွေ့အကြုံကို ခုလိုပြောြပပါတယ်။

မီးလောင်မှုအတွင်း သူ့ညီမကို ဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း အသက်လုပြီး ထွက်ပြေးလာရတဲ့အတွက် အားလုံး မီးထဲပါသွားတဲ့အကြောင်း မလာဝီနိုင်ငံကနေ အလုပ်လာလုပ်နေသူက ပြောပြနေတာဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ၊ အိမ်ခန်း မငှားနိုင်သူတွေ နေထိုင်ကြတဲ့ အဆောက်အဦးဟောင်းထဲက အရေးပေါ်လမ်းကြောင်း ထွက်ပေါက်တွေ ပိတ်နေတာကြောင့် အများအပြား ပြေးပေါက် ပိတ်ပြီး မီးခိုးငွေ့တွေ ရှုရှိုက်မိလို့ သေဆုံးခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အခုမီးလောင်ခဲ့တဲ့ အဆောက်အဦးအပါဝင် အဲဒီနားတဝိုက်က အဆောက်အဦးဟောင်းတွေကို စီးပွားရေးလောဘသားတွေက ထိန်းချုပ်ထားပြီး အိမ်ခန်းမငှားနိုင်သူမျိုးတွေကို ပေးနေကာ ငွေကောက်နေတာဖြစ်တယ်လို့ နေရာချထားရေးနဲ့ အခြေခံအဆောက်အအုံတိုးတက်ရေးကောင်စီ အကြီးအကဲက ပြောပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ အဆောက်အဦးမှာ လူ ၂၀၀ လောက်အထိ နေထိုင်နေတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ မီးဘာကြောင့် စတင်လောင်ကျွမ်းသလဲဆိုတာကိုတော့ အာဏာပိုင်တွေ စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG